သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြတ္လပ္တဲ့သတင္းမီဒီယာကို ျမန္မာစစ္ေကာင္စီ အျမစ္ျဖတ္ေနတယ္လို႔ RSF ေ၀ဖန္


RSF

{{Zawgyi/Unicode}}

RSF လို႔အတိုေခါက္ေခၚတဲ့ နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႔က၊ ျမန္မာစစ္ေကာင္စီအေနနဲ႔ လြတ္လပ္တဲ့ သတင္းမီဒီယာကို အျမစ္ျဖတ္ထုတ္ပစ္ေနတယ္လို႔၊ ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ပါတယ္။

ဒီ RSF ႏိုင္ငံတကာသတင္းေထာက္မ်ားအဖြဲ႔ႀကီးက၊ ျမန္မာႏိုင္ငံမွာ လြတ္လပ္အမီအခိုကင္းတဲ့ သတင္းမီဒီယာ အခု မရွိေတာ့ပါဘူးလို႔ ဒီေန႔ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။

မတ္လ ၁၇ ရက္ေနာက္ပိုင္းကစၿပီး၊ လက္ရွိထုတ္ေဝေနတဲ့ တစ္ေစာင္တည္းေသာ သတင္းစာကလည္း၊ စစ္အုပ္စုထိန္းခ်ဳပ္ထားတဲ့ သတင္းစာသာျဖစ္တယ္လို႔၊ ဒီ RSF ေၾကညာခ်က္ထဲမွာေဖာ္ျပထားပါတယ္။

ဒီမတ္လ ၁၇ ရက္မွာပဲ ေနာက္ဆံုးဆက္ထုတ္ေနခဲ့တဲ့ လြတ္လပ္တဲ့ စံေတာ္ခ်ိန္သတင္းစာဟာ၊ စစ္အာဏာသိမ္းအၿပီး အရင္ရပ္ခဲ့ရတဲ့ အျခား သတင္းစာႀကီး ၄ ခုလိုပဲ၊ ျဖန္႔ျဖဴးေရးအခက္အခဲေၾကာင့္၊ ဆက္ရပ္နားဖို႔ ဆံုးျဖတ္လိုက္ရတာပါလို႔၊ ဒီေၾကညာခ်က္ထဲမွာ ဆက္ေျပာထားပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီအေနနဲ႔ သတင္းမီဒီယာ မ်ိဳးစံုက်ယ္က်ယ္ျပန္႔ျပန္႔ ျပန္တည္ရွိႏိုင္မူနဲ႔ အင္တာနက္ထိန္းခ်ဳပ္ထားမူကင္းလြတ္ေရးေတြကို ျပန္လည္ေဖာ္ေဆာင္ေပးဖို႔ကိုလည္း၊ ဒီ RSF အဖြဲ႔က အေလးအနက္ေတာင္းဆိုခဲ့ပါတယ္ / ခင္ဗ်ာ။

ဒီအရင္လည္း၊ အဂၤလိပ္၊ ျမန္မာ ႏွစ္ဘာသာနဲ႔ ထုတ္ေဝတဲ့ အဓိကသတင္းစာတစ္ေစာင္ျဖစ္တဲ့ ျမန္မာတိုင္းမ္စ္သတင္းစာဟာလည္း၊ စစ္ေကာင္စီ ျပန္ၾကားေရးဝန္ႀကီးဌာနဘက္ကေန၊ စစ္အုပ္စု၊ စစ္အာဏာသိမ္းဆိုတဲ့ အသံုးအႏႈန္းေတြ သံုးတာရပ္တန္႔ဖို႔ေျပာၾကားအၿပီး၊ ၁၀ ရက္အၾကာ၊ ေဖေဖာ္ဝါရီ ၂၁ ရက္ကစ ရပ္နားခဲ့ရပါတယ္ ခင္ဗ်ာ။

.........................................

RSF
please wait
Embed

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

RSF လို့အတိုခေါက်ခေါ်တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က၊ မြန်မာစစ်ကောင်စီအနေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာကို အမြစ်ဖြတ်ထုတ်ပစ်နေတယ်လို့၊ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

ဒီ RSF နိုင်ငံတကာသတင်းထောက်များအဖွဲ့ကြီးက၊ မြန်မာနိုင်ငံမှာ လွတ်လပ်အမီအခိုကင်းတဲ့ သတင်းမီဒီယာ အခု မရှိတော့ပါဘူးလို့ ဒီနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၁၇ ရက်နောက်ပိုင်းကစပြီး၊ လက်ရှိထုတ်ဝေနေတဲ့ တစ်စောင်တည်းသော သတင်းစာကလည်း၊ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သတင်းစာသာဖြစ်တယ်လို့၊ ဒီ RSF ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

ဒီမတ်လ ၁၇ ရက်မှာပဲ နောက်ဆုံးဆက်ထုတ်နေခဲ့တဲ့ လွတ်လပ်တဲ့ စံတော်ချိန်သတင်းစာဟာ၊ စစ်အာဏာသိမ်းအပြီး အရင်ရပ်ခဲ့ရတဲ့ အခြား သတင်းစာကြီး ၄ ခုလိုပဲ၊ ဖြန့်ဖြူးရေးအခက်အခဲကြောင့်၊ ဆက်ရပ်နားဖို့ ဆုံးဖြတ်လိုက်ရတာပါလို့၊ ဒီကြေညာချက်ထဲမှာ ဆက်ပြောထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာ မျိုးစုံကျယ်ကျယ်ပြန့်ပြန့် ပြန်တည်ရှိနိုင်မူနဲ့ အင်တာနက်ထိန်းချုပ်ထားမူကင်းလွတ်ရေးတွေကို ပြန်လည်ဖော်ဆောင်ပေးဖို့ကိုလည်း၊ ဒီ RSF အဖွဲ့က အလေးအနက်တောင်းဆိုခဲ့ပါတယ် / ခင်ဗျာ။

ဒီအရင်လည်း၊ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ အဓိကသတင်းစာတစ်စောင်ဖြစ်တဲ့ မြန်မာတိုင်းမ်စ်သတင်းစာဟာလည်း၊ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနဘက်ကနေ၊ စစ်အုပ်စု၊ စစ်အာဏာသိမ်းဆိုတဲ့ အသုံးအနှုန်းတွေ သုံးတာရပ်တန့်ဖို့ပြောကြားအပြီး၊ ၁၀ ရက်အကြာ၊ ဖေဖော်ဝါရီ ၂၁ ရက်ကစ ရပ်နားခဲ့ရပါတယ် ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG