သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Voice နေ့စဉ် အယ်ဒီတာချုပ်အပေါ် စွဲချက် ပလပ်ပေးဖို့ RSF တောင်းဆို


ဖမ်းဆီးခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ။
ဖမ်းဆီးခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ။

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူခံထားရတဲ့ The Voice နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ပြန်လွှတ်ပေးဖို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ရဲ့တိုင်ကြားမှုကို ပလပ်ပေးဖို့နဲ့ဦးကျော်မင်းဆွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့RSF အဖွဲ့ရဲ့ကြေညာချက်ထဲမှာ အခုလို ဖော်ပြထားတာပါ။

အာဏာပိုင်တွေကို ဝေဖန်တဲ့ ရေးသားတင်ဆက်မှုတွေကို ထိမ်းချုပ်ဖို့ ဖန်တီးထားတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ကိုလည်း RSF အဖွဲ့က ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။ The Voice နေ့စဉ် သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့အာမခံရဖို့ ဒုတိယ အကြိမ် လျှောက်ထားချက်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကပဲ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တရားရုံးက ထပ်ပြီး ပယ်ချခဲ့ပါတယ်။

ကျည်ထောင်စု သစ္စာဆိုတဲ့ သရော်စာကို The Voice သတင်းစာမှာ ဖေါ်ပြခဲ့လို့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ အတူ ဦးကျော်စွာနိုင်ခေါ် စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်တို့ ပုဒ်မ ၆၆ (ဃ) နဲ့ ဇွန်လ၂ ရက်နေ့က တရားစွဲဆို အဖမ်းဆီး ခံခဲ့ရတာဖြစ်ပြီး ဗြိတိသျှ ကိုကိုမောင် ကတော့ စွဲဆိုထားတဲ့ ပုဒ်မနဲ့ မဆိုင်ဘူးဆိုပြီး တရားသူကြီးက အမှုကနေ ပလပ်လိုက်လို့သူဟာ ဇွန်လ ၁၆ ရက်နေ့မှာ ပြန်လွတ်လာပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားအစွဲခံထားရတဲ့ အမှုပေါင်း မြန်မာပြည်မှာလောလောဆယ် ၆၀ ကျော်ရှိပါတယ်။ အဲဒီ ပုဒ်မ ၆၆ (ဃ) ဟာ သမ္မတ ဦးသိန်းစိန် အစိုးရကာလ ၂၀၁၃ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဆက်သွယ်ရေး ပုဒ်မလည်း ဖြစ်ပါတယ်။

The Voice နေ့စဉ် အယ်ဒီတာချုပ်အပေါ် စွဲချက် ပလပ်ပေးဖို့ RSF တောင်းဆို
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG