သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ရုရှား စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်လာ


ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ အတူတွေ့ရတဲ့ စစ်ကောင်စီခေါင်းဆောင် (ဇွန် ၂၂၊ ၂၀၂၁)
ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ အတူတွေ့ရတဲ့ စစ်ကောင်စီခေါင်းဆောင် (ဇွန် ၂၂၊ ၂၀၂၁)

မြန်မာစစ်တပ် နဲ့ ရုရှားတပ်တွေကြားမှာ အခု ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု ၅၀ ကျော် လုပ်ဖို့ စီစဉ်ထားတယ်လို့ ရုရှားစစ်တပ်ကို ကိုးကားပြီး ရုရှားအစိုးရပိုင် RIA Novosti သတင်းက ဖော်ပြလိုက်ပါတယ်။ အဲဒီလို စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေထဲမှာ ၂ ဘက်တပ်တွေအတွက် စစ်ဘက်ရေးရာလုပ်ငန်းတွေ နဲ့ စစ်ရေးလေ့ကျင့်မှုစီမံကိန်းတွေ ပါဝင်မှာဖြစ်တယ်လို့ RIA သတင်းက ဖော်ပြပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ၊ အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ ဝေဖန် ဖိအားတွေနဲ့ ရင်ဆိုင်နေရဲ့ မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံ နဲ့ အရင်ထက် ပိုပြီးတော့ နီးနီးကပ်ကပ်ရှိလာခဲ့ပြီး၊ ရုရှားကနေ လက်နက်ဝယ်ယူတာတွေ နဲ့ ၂ ဘက်စစ်တပ်ကြား အပြန်အလှန် ဆက်ဆံမှုတွေ ပိုပြီးတော့ လုပ်လာခဲ့ပါတယ်။

ရုရှားနိုင်ငံကထုတ်တဲ့ Su-30 တိုက်လေယာဉ်အမျိုးအစား ၆ စင်းကို ဝယ်ယူဖို့ ရုရှားနဲ့ မြန်မာစစ်ကောင်စီကြား ၂၀၂၂ စက်တင်ဘာလက သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ RIA သတင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကတော့ မြန်မာစစ်ကောင်စီဟာ ရုရှားနိုင်ငံကနေ ပထမအသုတ် အနေနဲ့ Su-30 အမျိုးအစား တိုက်လေယာဉ် ၂ စင်းကို လက်ခံရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ရုရှားဘက်က အာဏာသိမ်းစစ်ကောင်စီကို ကျောထောက်နောက်ခံပေးနေတာဟာ လက်ခံနိုင်စရာမရှိဘဲ၊ မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်နေတာဖြစ်ပြီး၊ အခုလို လက်နက်တွေ ပံ့ပိုးပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ပိုဆိုးရွားစေမှာဖြစ်တယ်လို့ အမေရိကန်က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG