သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ စွက်ဖက်မှု ရုရှားအစိုးရ ငြင်းဆို


ရုရှားအစိုးရပြောခွင့်ရသူ Dmitry Peskov
ရုရှားအစိုးရပြောခွင့်ရသူ Dmitry Peskov

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားအစိုးရက ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတာမဟုတ်ဘူးလို့ ရုရှားအစိုးရက တနင်္လာနေ့မှာ ငြင်းဆန်လိုက်ပါတယ်။

စွပ်စွဲပြောဆိုမှုတွေဟာ အခြေအမြစ်မရှိဘူးလို့ အစိုးရပြောခွင့်ရသူ Dmitry Peskov သတင်းထောက်တွေကို ပြောကြားပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်စွက်ဖက်ခဲ့သလားဆိုတာ စုံစမ်းနေတဲ့ အမေရိကန်အထူးစုံစမ်းရေးမှူး Robert Mueller က ရုရှားလူမျိုး ၁၃ ယောက်နဲ့ ရုရှား ပိုင်ဆိုင်မှု ၃ ခုကို ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေအောင်နဲ့ Donald Trump အကျိုးဖြစ်အောင် တရားမဝင်သတင်းအချက်အလက်တွေ ဖြန့်ဝေမှုနဲ့ တရားစွဲခဲ့ပြီးရက်ပိုင်းအကြာမှ ခုလိုရုရှားအစိုးရဖက်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

စာမျက်နှာ ၃၇ မျက်နှာပါတဲ့ စွပ်စွဲချက်တွေထဲမှာ ရုရှားပူးပေါင်းကြံစည်သူတွေဟာ Trump မဲဆွယ်စည်းရုံးရေးအဖွဲ့ထဲမှာ ပါဝင်နေသူတွေနဲ့ ပူးပေါင်းဖို့အားထုတ်ခဲ့တယ်လို့ စွပ်စွဲထားပေမဲ့ Trump စည်းရုံးရေးအဖွဲ့ဝင် တဦးတယောက်ကိုမှ ရုရှားနဲ့ပူးပေါင်းကြံစည်မှုနဲ့ စွပ်စွဲထားတာ မပါဝင်ပါဘူး။ ရွေးကောက်ပွဲမှာ Trump အနိုင်ရအောင် ရုရှားတို့က ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းရော၊ အထူစုံစမ်းရေးမှူး Mueller ကပါ ကောက်ချက်ချခဲ့ပေမယ့် သမ္မတ Trump ကတော့ သူအနိုင်ရအောင် ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ အရင်ထဲက အလေးအနက်ပြောကြားနေတာပါ။

၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုနဲ့ ရုရှားလူမျိုးတွေနဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ပထမဆုံးအကြိမ် အထူးစုံစမ်းရေးမှူးရုံးက စွဲချက်တင်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG