သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနှောင့်ယှက်မှု အောင်မြင်တယ်လို့ သမ္မတ Trump ယူဆ


သမ္မတTrump
သမ္မတTrump

အမေရိကန်ရဲ့ ၂၀၁၆ သမ္မတရွေးကောက်ပွဲကို ရုရှားက ကြားဝင်နှောင့်ယှက်တာနဲ့ ပတ်သက်ပြီး လအတော်ကြာ အချိန်ယူပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရှုပ်နေတာမို့ အမေရိကန်နိုင်ငံရေးလောကကို ရုရှားရဲ့ အနှောက်အယှက်ပေးမှုဟာ ကျယ်ကျယ်ပြန့်ပြန့်ပဲ အောင်မြင်ခဲ့တယ်လို့ သူယုံကြည်ကြောင်း သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာပဲ ပြောကြားလိုက်ပါတယ်။

တကယ်လို့ ရုရှားက အမေရိကန်နိုင်ငံတွင်း ပဋိပက္ခတွေ၊ အငြင်းပွားမှုတွေနဲ့ ပရမ်းပတာဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုရင် အခု အမေရိကန်ပြည်ထောင်စုထဲမှာ ကော်မတီကြားနာမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေ ရီပတ်ဘလီကင်ပါတီ အမုန်းတရားတွေဖြစ်လာပြီး သူတို့အောင်မြင်မှု ရခဲ့တဲ့အပြင် ထင်တာထက်တောင် ပိုအောင်မြင်နေတာမို့ ရုရှားက ဟားတိုက်နေလိမ့်မယ်လို့ ပြောကြားရင်း ဉာဏ်သုံးကြအုံး အမေရိကန်လို့ သူ့ Twitter မှာ ရေးခဲ့တာပါ။

သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့ နဲ့ ရုရှားတို့ကြား ဆက်သွယ်မှုတွေကို စုံစမ်းစစ်ဆေးတာနဲ့ ပတ်သက်ပြီး သမ္မတ Trump က နာရီအတော်ကြာ Twitter မှာ ရေးသားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားက ကြားဝင်နှောင့်ယှက်မှု မရှိဘူးလို့ မပြောခဲ့ကြောင်းနဲ့ ရုရှားဖြစ်နိုင်သလို တရုတ် ဒါမှမဟုတ် တခြားနိုင်ငံ ဒါမှမဟုတ် တခြားအဖွဲ့စည်း တခုခု ဒါမှမဟုတ် ကွန်ပြူတာနဲ့ လက်ဆော့နေသူ တဦးဦးက လုပ်တာ ဖြစ်နိုင်ကြောင်းလည်း Trump က Twitter မှာ ရေးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG