႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးေလယာဥ္ ဆာဗီးယားကို သြားရခက္
{{Zawgyi/Unicode}}
ရုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov ရဲ႕ Serbia ႏိုင္ငံကို သြားေရာက္မယ့္ ခရီးစဥ္ ဖ်က္သိမ္းလိုက္ေၾကာင္း ရုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက အဆင့္ျမင္ အရာရွိတဦးက Interfax သတင္းဌာနကို တနဂၤေႏြေန႔က ေျပာပါတယ္။ ရုရွားႏိုင္ငံျခားေရးဝန္ႀကီး ရဲ႕ ေလယာဥ္ဟာ Serbia ႏိုင္ငံ တဝိွက္က အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ ေလေၾကာင္းပိုင္နက္ နဲ႔ နီးနီးကပ္ကပ္ ပ်ံသန္းရမွာျဖစ္တဲ့အတြက္ေၾကာင့္ ခရီးစဥ္ကို ဖ်က္သိမ္းလိုက္တာလို႔ ေျပာပါတယ္။
Bulgaria, ေျမာက္ပိုင္း Macedonia နဲ႔ Montenegro ႏိုင္ငံေတြက သူတို႔ရဲ႕ ေလေၾကာင္းပိုင္နက္အေပၚကေန ရုရွားႏိုင္ငံျခားေရးဝန္ႀကီး ရဲ႕ Serbian ႏိုင္ငံ ၿမိဳ႕ေတာ္ Belgrade ၿမိဳ႕ေတာ္ဆီကို ဒီကေန႔ သြားေရာက္မယ့္ ေလယာဥ္ကို ပ်ံသန္းခြင့္ ပိတ္ပင္ထားေၾကာင္း ဆာဗီယား မီဒီယာေတြကို အတည္ျပဳပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ေတာ့ ရုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခ်က္ခ်င္းမွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။
ယဥ္ေက်းမႈ အစဥ္အလာအရ ရုရွားႏိုင္ငံနဲ႔ ခိုင္မာနီးကပ္တဲ့ ဆက္ဆံေရးထားရွိတဲ့ Serbia ႏိုင္ငံဟာ ရုရွားအေပၚကို အေနာက္ႏိုင္ငံေတြက ပိတ္ဆုိ႔အေရးယူမႈမွာ ပူးေပါင္း ပါဝင္ျခင္းမရွိပါဘူး။
ရုရွားႏိုင္ငံအေနနဲ႔ တျခားႏိုင္ငံေတြကို ဓါတ္ေငြ႔ေတြ ပို႔ေပးတာ ျဖတ္ေတာက္ခဲ့ေပမယ့္ Serbian ႏိုင္ငံကိုေတာ့ ဆက္လက္ေပးပို႔မွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့လက ရုရွား သမၼတ Putin က Servian သမၼတ Aleksandar Vucic ကို ကတိေပးခဲ့ပါတယ္။
.....................................................................
ရုရှားနိုင်ငံခြားရေးဝန်ကြီးလေယာဉ် ဆာဗီးယားကို သွားရခက်
{{Zawgyi/Unicode}}
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ရဲ့ Serbia နိုင်ငံကို သွားရောက်မယ့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင် အရာရှိတဦးက Interfax သတင်းဌာနကို တနင်္ဂနွေနေ့က ပြောပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ရဲ့ လေယာဉ်ဟာ Serbia နိုင်ငံ တဝှိက်က အိမ်နီးချင်းနိုင်ငံတွေရဲ့ လေကြောင်းပိုင်နက် နဲ့ နီးနီးကပ်ကပ် ပျံသန်းရမှာဖြစ်တဲ့အတွက်ကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာလို့ ပြောပါတယ်။
Bulgaria, မြောက်ပိုင်း Macedonia နဲ့ Montenegro နိုင်ငံတွေက သူတို့ရဲ့ လေကြောင်းပိုင်နက်အပေါ်ကနေ ရုရှားနိုင်ငံခြားရေးဝန်ကြီး ရဲ့ Serbian နိုင်ငံ မြို့တော် Belgrade မြို့တော်ဆီကို ဒီကနေ့ သွားရောက်မယ့် လေယာဉ်ကို ပျံသန်းခွင့် ပိတ်ပင်ထားကြောင်း ဆာဗီယား မီဒီယာတွေကို အတည်ပြုပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းမှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
ယဉ်ကျေးမှု အစဉ်အလာအရ ရုရှားနိုင်ငံနဲ့ ခိုင်မာနီးကပ်တဲ့ ဆက်ဆံရေးထားရှိတဲ့ Serbia နိုင်ငံဟာ ရုရှားအပေါ်ကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုမှာ ပူးပေါင်း ပါဝင်ခြင်းမရှိပါဘူး။
ရုရှားနိုင်ငံအနေနဲ့ တခြားနိုင်ငံတွေကို ဓါတ်ငွေ့တွေ ပို့ပေးတာ ဖြတ်တောက်ခဲ့ပေမယ့် Serbian နိုင်ငံကိုတော့ ဆက်လက်ပေးပို့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့လက ရုရှား သမ္မတ Putin က Servian သမ္မတ Aleksandar Vucic ကို ကတိပေးခဲ့ပါတယ်။