သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ ကာဇက္ သမၼတ ၂ ဦး ကာဇက္စတန္ အေျခအေန ေဆြးေႏြး


႐ုရွားသမၼတ Vladimir Putin. (ဒီဇင္ဘာ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

ကာဇက္စတန္ႏုိင္ငံ အေျခအေနနဲ႔ ပတ္သက္ၿပီး ႐ုရွားသမၼတ Vladimir Putin နဲ႔ ကာဇက္သမၼတ Kassym-Jomart Tokayev တို႔ ဒီကေန႔ တယ္လီဖုန္းဆက္ၿပီး အခ်ိန္အေတာ္ၾကာ ေဆြးေႏြးခဲ့ၾကတယ္လုိ႔ ႐ုရွားအစိုးရက ဒီကေန႔ ေျပာပါတယ္။ ကာဇက္စတန္ႏုိင္ငံမွာ မႀကံဳစဘူး မတည္မၿငိမ္ အေျခအေနေတြ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ အခုလို ေဆြးေႏြးၾကတာပါ။

သမၼတ Tokayev က သူ႔ႏုိင္ငံအေျခအေနနဲ႔ ပတ္သက္ၿပီး သမၼတ Putin ကုိ အေသးစိတ္ ေျပာျပခဲ့ၿပီးေတာ့ တည္ၿငိမ္မႈျပန္ရမယ့္ အေျခအေနဆီ ဦးတည္ေနၿပီလို႔ ေျပာခဲ့တဲ့အေၾကာင္း ႐ုရွားအစိုးရ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီသီတင္းပတ္ အေစာပိုင္းက ျဖစ္ခဲ့တဲ့ ဆႏၵျပပြဲေတြကို ႏွိ္မ္နင္းတာမွာ အကူအညီ ေပးခဲ့တဲ့အတြက္ စုေပါင္းလံုၿခံဳေရးဆိုင္ရာစာခ်ဳပ္ (CSTO) စစ္ေရးညြန္႔ေပါင္းအဖြဲ႔၊ အထူးသျဖင့္ ႐ုရွားႏုိင္ငံကို သမၼတ Tokayev က ေက်းဇူးတင္စကား ဆိုခဲ့ပါတယ္။

“ကာဇက္စတန္မွာ ၿငိမ္ဝပ္ပိျပားမႈ ျပန္တည္ေဆာက္ေရး လုပ္ေဆာင္ခ်က္ေတြအေပၚ သမၼတေတြၾကား အျမင္ဖလွယ္ခဲ့ၾကတယ္” လို႔ ႐ုရွားအစိုးရ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

ေခါင္းေဆာင္ႏွစ္ဦးၾကား အဆက္အသြယ္မျပတ္ ဆက္လုပ္သြားဖို႔နဲ႔ လာမယ့္ရက္ေတြအတြင္း CSTO အဖြဲ႔ အစည္းအေဝးကို ဗီြဒီယိုဆက္သြယ္ေရးကတဆင့္ က်င္းပဖို႔ သေဘာတူခဲ့ၾကတယ္လို႔လည္း ႐ုရွားအစိုးရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရုရှားနဲ့ ကာဇက် သမ္မတ ၂ ဦး ကာဇက်စတန် အခြေအနေ ဆွေးနွေး

ကာဇက်စတန်နိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Vladimir Putin နဲ့ ကာဇက်သမ္မတ Kassym-Jomart Tokayev တို့ ဒီကနေ့ တယ်လီဖုန်းဆက်ပြီး အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားအစိုးရက ဒီကနေ့ ပြောပါတယ်။ ကာဇက်စတန်နိုင်ငံမှာ မကြုံစဘူး မတည်မငြိမ် အခြေအနေတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို ဆွေးနွေးကြတာပါ။

သမ္မတ Tokayev က သူ့နိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး သမ္မတ Putin ကို အသေးစိတ် ပြောပြခဲ့ပြီးတော့ တည်ငြိမ်မှုပြန်ရမယ့် အခြေအနေဆီ ဦးတည်နေပြီလို့ ပြောခဲ့တဲ့အကြောင်း ရုရှားအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသီတင်းပတ် အစောပိုင်းက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းတာမှာ အကူအညီ ပေးခဲ့တဲ့အတွက် စုပေါင်းလုံခြုံရေးဆိုင်ရာစာချုပ် (CSTO) စစ်ရေးညွန့်ပေါင်းအဖွဲ့၊ အထူးသဖြင့် ရုရှားနိုင်ငံကို သမ္မတ Tokayev က ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“ကာဇက်စတန်မှာ ငြိမ်ဝပ်ပိပြားမှု ပြန်တည်ဆောက်ရေး လုပ်ဆောင်ချက်တွေအပေါ် သမ္မတတွေကြား အမြင်ဖလှယ်ခဲ့ကြတယ်” လို့ ရုရှားအစိုးရ ထုတ်ပြန်ချက်က ဆိုပါတယ်။

ခေါင်းဆောင်နှစ်ဦးကြား အဆက်အသွယ်မပြတ် ဆက်လုပ်သွားဖို့နဲ့ လာမယ့်ရက်တွေအတွင်း CSTO အဖွဲ့ အစည်းအဝေးကို ဗွီဒီယိုဆက်သွယ်ရေးကတဆင့် ကျင်းပဖို့ သဘောတူခဲ့ကြတယ်လို့လည်း ရုရှားအစိုးရက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG