သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကြာသပတေးနေ့ ထိပ်သီးညီလာခံ ကျင်းပမည်


ရုရှား သမ္မတ Vladimir Putin နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un
ရုရှား သမ္မတ Vladimir Putin နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un

ရုရှား သမ္မတ Vladimir Putin နဲ့ ထိပ်သီးဆွေးနွေးပွဲ အတွက် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ဒီသတင်းပတ် အတွင်းမှာဘဲ ရုရှား အရှေ့ပိုင်းက Vladivostok မြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။

ခေါင်းဆောင် နှစ်ဦးတို့ ကြာသပတေးနေ့မှာ တွေ့ဆုံမယ်လို့ ရုရှား အစိုးရက အင်္ဂါနေ့မှာ အတည်ပြုထားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ နျူကလီးယား အရေး ဆွေးနွေးမှုတွေ ရပ်တန့်နေချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင် Kim အနေနဲ့ ဒဏ်ခတ်မှု ဖြေလျှော့ပေးဖို့ ရုရှား သမ္မတ Putin ကို တိုက်တွန်းလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့ နှစ် အတွင်းမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က အမေရိကန် သမ္မတ Donald Trumpနဲ့ ထိပ်သီး ဆွေးနွေးခဲ့သလို ဗီယက်နမ်၊ တရုတ်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ ဒီလိုတွေ့ဆုံမှုတွေကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် Kim အတွက် နိုင်ငံတကာ အသိအမှတ်ပြုမှု တချို့ ရရှိသွားစေပြီး အခုဆိုရင် သူနဲ့ လူတိုင်းက တွေ့ဆုံလိုနေကြတယ်လို့ Pacific Forum က Ralph Cossa က ဗွီအိုအေကို Skype တဆင့် ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim က အမေရိကန် နဲ့ နျူကလီးယား ဆွေးနွေးပွဲ ပျက်ခဲ့ပြီးနောက်မှာတော့ ဆက်ပြီး ရှိနေသေးတဲ့ ကုလသမဂ္ဂရဲ့ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကနေ သက်သာရာရလိုနေတာ ဖြစ်ပါတယ်။ ရုရှား ခေါင်းဆောင် Putin အနေနဲ့တော့ အကူအညီတွေ အများကြီး ပေးချင်မှ ပေးနိုင်မှာပါ။ ရုရှားရဲ့ စီးပွားရေးကလည်း အထိနာနေချိန်မှာ မြောက်ကိုရီးယားကို ထိပ်တန်း ဦးစားပေး အနေနဲ့ ရှုမြင်မှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ရုရှား ခေါင်းဆောင်နဲ့ ထိပ်သီးဆွေးနွေးပွဲကြောင့် မြောက်ကိုရီးယားရဲ့ အကြီးဆုံး ကုန်သွယ်ဘက် တရုတ်အပေါ် အားထားမှုကိုတော့လျာ့ကျစေဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။

မြောက်ကိုရီးယားဒုံးလက်နက် စမ်းသပ်ပစ်လွှတ်တဲ့နေရာတွေနဲ့ ကီလိုမီတာ ရာပေါင်းအနည်းငယ်အကွာမှာရှိနေတဲ့ Vladivostok ဆိပ်ကမ်းမြို့ခံတွေက အိမ်ရှင်အဖြစ်ထိပ်သီးညီလာခံကျင်းပတာကို စိတ်လှုပ်ရှားနေကြပါတယ်။

XS
SM
MD
LG