သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကို ရုရှားက ဆိုင်ဘာနည်းနဲ့ နှောင့်ယှက်လို့ ကန်စွပ်စွဲ


လာမယ့် အမေရိကန်ရွေးကောက်ပွဲတွေ ကသိကအောက် ဖြစ်အောင် ရည်ရွယ် ပြီး ရုရှားက cyber နည်းပညာသုံးပြီး တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက လူသိရှင်ကြား စွပ်စွဲလိုက်ပါတယ်။ ဒါပေမယ် အင်တာနက် ဆိုင်ဘာစစ်ပွဲနဲ့ ထိုးထွင်းတိုက်ခိုက်နေတယ်လို့တော့ အမေရိကန် အကြီးတန်း အစိုးရအရာရှိတွေက ပြောဆိုခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ဂျူလိုင်လထဲလုပ်တဲ့ ဒီမိုကရက်ပါတီညီလာခံ မတိုင်ခင် ထောင်နဲ့ချီတဲ့ အီးမေးလ်တွေ ပေါက်ကြားခဲ့လို့ ပါတီအရှက်ရစေခဲ့တဲ့ ကွန်ပျူတာအချက်လက် ခိုးယူမှုကို ရုရှားက ညွှန်ကြားခဲ့တယ်ဆိုပြီး အမေရိကန် အစိုးရအရာရှိတွေက ယုံကြည်မှုအပြည့်နဲ့ပြော နေတာပါ။

သီတင်းပတ်ပေါင်းအတော်ကြာ ဆိုင်ဘာတိုက်ခိုက်မှုတွေကို ရုရှားကကြိုးကိုင်ခဲ့ တာလို့ ထောက်လှမ်းရေးအရာရှိတွေက သံသယဖြစ်ခဲ့ကြပြီး၊ ခိုင်မာတဲ့ သတင်း အချက်အလက်တွေကို နောက်ဆုံးဖေါ်ထုတ်ခဲ့ပြီးနောက် လူသိထင်ရှားထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါတယ်။

ဒါတွေဟာ မဟုတ်တမ်းတရား အခြေအမြစ်မရှိ အဓိပ္ပါယ်မဲ့ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ရုရှားအစိုးရက နိုင်ငံပိုင်သတင်းဌာနကနေ တဆင့် ငြင်းဆို တုန့်ပြန် လိုက်ပါတယ်။

ဒီမိုကရက်ပါတီညီလာခံကို တိုက်ခိုက်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်အတွက် ဘာ သက်သေ အထောက် အထားမှမရှိပဲ ရုရှားဆန့်ကျင်ရေးအတွက် အမေရိကန်က ဂယောင်ခြောက်ခြား ပြောနေခြင်းသာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG