သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားက်ဴးေက်ာ္စစ္ ယူကရိန္း ခုခံကာကြယ္မႈ အေရးပါတဲ့ အလွည့္အေျပာင္းေရာက္ေန - ယူကရိန္းသမၼတ 


UKRAINE-CRISIS/KYIV-DEFENCE

[[Zawgyi/Unicode]]


႐ုရွားက ထိုးစစ္ဆင္တိုက္ခိုက္လာတဲ့အေပၚ ယူကရိန္းရဲ႕ခုခံကာကြယ္မႈဟာ အေရးပါတဲ့ အလွည့္အေျပာင္းတခုကို ေရာက္ေနၿပီလို႔ ယူကရိန္းသမၼတက ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ ယူကရိန္းက စစ္ဆင္ေရးတခ်ိဳ႕ကို ေလွ်ာ့ခ်မယ္လို႔ ႐ုရွားဘက္က ေျပာဆိုၿပီး နာရီပိုင္းအၾကာမွာ သူတို႔ကို အကူအညီေတြထပ္ေပးဖို႔ အေမရိကန္ကို ေတာင္းဆိုလိုက္ပါတယ္။

႐ုရွားက Kyiv ၿမိဳ႕ကို ဗုံးႀကဲတိုက္ခိုက္မႈေတြ တိုးျမႇင့္လုပ္ေဆာင္ၿပီး ယူကရိန္းေျမာက္ပိုင္း Chernihiv ၿမိဳ႕အပါအဝင္ တျခား ေဒသေတြမွာ ထိုးစစ္ဆင္တိုက္ခိုက္မႈေတြ တိုးျမႇင့္လုပ္ေဆာင္လာေနတာေၾကာင့္ ဒီပဋိပကၡေျပလည္ေရးအတြက္ ေမွ်ာ္လင့္ခ်က္ေတြလည္း ေမွးမိွန္လာေနပါတယ္။ စစ္ပြဲေတြေၾကာင့္ ပိတ္မိေနၾကတဲ့ အရပ္သားေတြဟာ ဒီပဋိပကၡမွာ အဆိုးရြားဆုံး ေဘးဒဏ္ခံၾကရသူေတြျဖစ္ပါတယ္။

ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Mariupol မွာ ပိတ္မိေနတဲ့ ျပည္သူေတြကို ထြက္ခြာခြင့္ျပဳမယ္လို႔ ႏွစ္ဘက္စလုံးက ဒီကေန႔ေျပာပါတယ္။ ဒီပဋိပကၡ အဆုံးသတ္ေရး ေဆြးေႏြးေနၾကတဲ့ ယူကရိန္းအဖြဲ႔ေခါင္းေဆာင္ကေတာ့ ေဆြးေႏြးမႈေတြကို ေသာၾကာေန႔မွာ ဗြီဒီယိုကတဆင့္ ျပန္လည္ျပဳလုပ္သြားမယ္လို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေရာက္ေနတဲ့ ယူကရိန္းလႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႔ကေတာ့ အေမရိကန္အေနနဲ႔ ႐ုရွားအေပၚ ျပင္းထန္တဲ့ ဒဏ္ခတ္အေရးယူမႈေတြ ထပ္မံခ်မွတ္တာအျပင္ ယူကရိန္းအတြက္ စစ္လက္နက္ပစၥည္းနဲ႔ ေငြေၾကးအရ ထပ္မံကူညီေပးဖို႔ မေန႔ ဗုဒၶဟူးေန႔က ေတာင္းဆိုခဲ့ၾကပါတယ္။

#RussiaInvasion #Ukraine #voaburmese #ယူကရိန္း #႐ုရွားက်ဴးေက်ာ္စစ္ #ဗီြအုိေအျမန္မာပိုင္း

=============

[[Unicode]]

ရုရှားကျူးကျော်စစ် ယူကရိန်း ခုခံကာကွယ်မှု အရေးပါတဲ့ အလှည့်အပြောင်းရောက်နေ - ယူကရိန်းသမ္မတ


ရုရှားက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အပေါ် ယူကရိန်းရဲ့ခုခံကာကွယ်မှုဟာ အရေးပါတဲ့ အလှည့်အပြောင်းတခုကို ရောက်နေပြီလို့ ယူကရိန်းသမ္မတက ပြောပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းက စစ်ဆင်ရေးတချို့ကို လျှော့ချမယ်လို့ ရုရှားဘက်က ပြောဆိုပြီး နာရီပိုင်းအကြာမှာ သူတို့ကို အကူအညီတွေထပ်ပေးဖို့ အမေရိကန်ကို တောင်းဆိုလိုက်ပါတယ်။

ရုရှားက Kyiv မြို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ပြီး ယူကရိန်းမြောက်ပိုင်း Chernihiv မြို့အပါအဝင် တခြား ဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတာကြောင့် ဒီပဋိပက္ခပြေလည်ရေးအတွက် မျှော်လင့်ချက်တွေလည်း မှေးမှိန်လာနေပါတယ်။ စစ်ပွဲတွေကြောင့် ပိတ်မိနေကြတဲ့ အရပ်သားတွေဟာ ဒီပဋိပက္ခမှာ အဆိုးရွားဆုံး ဘေးဒဏ်ခံကြရသူတွေဖြစ်ပါတယ်။

ဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ထွက်ခွာခွင့်ပြုမယ်လို့ နှစ်ဘက်စလုံးက ဒီကနေ့ပြောပါတယ်။ ဒီပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးနေကြတဲ့ ယူကရိန်းအဖွဲ့ခေါင်းဆောင်ကတော့ ဆွေးနွေးမှုတွေကို သောကြာနေ့မှာ ဗွီဒီယိုကတဆင့် ပြန်လည်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ယူကရိန်းလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကတော့ အမေရိကန်အနေနဲ့ ရုရှားအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံချမှတ်တာအပြင် ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းနဲ့ ငွေကြေးအရ ထပ်မံကူညီပေးဖို့ မနေ့ ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့ကြပါတယ်။

#RussiaInvasion #Ukraine #voaburmese #ယူကရိန်း #ရုရှားကျူးကျော်စစ် #ဗွီအိုအေမြန်မာပိုင်း

=============

XS
SM
MD
LG