သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူလျှို ကန်ထောင်ကလွတ်ပြီး နိုင်ငံပြန်


အမေရိကန် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရုရှားသူလျှို Maria Butina. (အောက်တိုဘာ ၂၆၊ ၂၀၁၉)
အမေရိကန် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရုရှားသူလျှို Maria Butina. (အောက်တိုဘာ ၂၆၊ ၂၀၁၉)

(Zawgyi / Unicode)

ပြစ်မှုတခုနဲ့ အမေရိကန်ပြည်ထောင်စုမှာ ထောင်ဒဏ်ကျခံနေရတဲ့ ရုရှားနိုင်ငံသူ အမျိုးသမီးတဦးဟာ ခုတော့ ရုရှားနိုင်ငံက သူ့နေအိမ်ကို ပြန်ရောက်သွားပါပြီ။

အမေရိကန်အာဏာပိုင်တွေကို အသိမပေးဘဲ ရုရှားအစိုးရ အရာရှိဟောင်းတဦးရဲ့ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားခဲ့တဲ့ Maria Butina ကို ၂၀၁၈ ဇူလိုင်လမှာ ဖမ်းဆီးပြီး ပြစ်မှုထင်ရှားတဲ့အတွက် ဒီဇင်ဘာလမှာ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Maria Butina ဟာ သူ့ရဲ့ သေနတ်ပိုင်ဆိုင်ခွင့် ထောက်ခံရေး လှုပ်ရှားမှုကို အသုံးချပြီး အမေရိကန်နိုင်ငံရေး အသိုင်းအဝိုင်းမှာ ထိုးဖောက်ဝင်ရောက်ဖို့နဲ့ ၂၀၁၆ ခုနှစ်က Donald Trump နဲ့ Hillary Clinton တို့ ယှဉ်ပြိုင်ကြတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလအတွင်း အမေရိကန်နဲ့ ရုရှားအကြား တရားမဝင် ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ပေးဖို့ ရုရှားအစိုးရ အရာရှိဟောင်း Alexander Torshin က တိုက်ရိုက်ညွှန်ကြားမှုနဲ့ လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ရှေ့နေချုပ်ကို အသိမပေးဘဲ နိုင်ငံခြား အရာရှိတဦးရဲ့ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားတာဟာ အမေရိကန်ဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်။ Butina ကို ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့တာဖြစ်ပြီး အမှုကြားနာနေတဲ့ ကာလအတွင်း သူအကျဉ်းကျခဲ့ရတဲ့ ကာလအတွက် လျှော့ရက်နဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

Butina ကတော့ သူ့လှုပ်ရှားမှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ကိုင်ခဲ့တာဖြစ်တဲ့အတွက် သူလျှိုလုပ်ခဲ့တာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် Tallahassee မြို့က လုံခြုံရေး သိပ်မတင်းကျပ်တဲ့ ထောင်ကနေ လွတ်လာတဲ့နေ့မှာပဲ ရုရှားနိုင်ငံကို လေယာဉ်နဲ့ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

-------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG