သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန်အမတ် Mike Johnson ကို အောက်လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်


 အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ ရီပတ်ဘလီကင်အောက်လွှတ်တော်အမတ် Mike Johnson
အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ ရီပတ်ဘလီကင်အောက်လွှတ်တော်အမတ် Mike Johnson

ရီပတ်ဘလီကန်အောက်လွှတ်တော်အမတ် Mike Johnson ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ကြပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ထိပ်ဆုံးခေါင်းဆောင်မှုထဲမှာပါဝင်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်နေတာ ၂၂ ရက်ကြာပြီးတဲ့နောက် အခုလို ရွေးချယ်နိုင်ခဲ့တာပါ။

အသက် ၅၁ နှစ်အရွယ် အောက်လွှတ်တော်အမတ် Johnson ဟာ အောက်လွှတ်တော်သက်တမ်း သုံးကြိမ်တာဝန်ယူနေပြီး ရီပတ်ပလင်ကန်ပါတီတွင်း အဆင့်နိမ့်တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ သူ့ကို အောက်လွှတ်တော်ကနေ ထောက်ခံမဲ ၂၂၀၊ ကန့်ကွက်မဲ ၂၀၉ မဲနဲ့ ရွေးချယ်နိုင်ခဲ့တာပါ။ ဒီမိုကရက်ပါတီက အောက်လွှတ်တော်အမတ် ၂၀၉ ဦးစလုံးကတော့ အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် Hakeem Jeffries ကို မဲပေးခဲ့ကြပါတယ်။

အောက်လွှတ်တော်အမတ် Johnson ဟာ တောင်ပိုင်း Louisiana ပြည်နယ်ကိုယ်စားပြု အမတ်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပြီး သမ္မတဟောင်း Donal Trump ကို ဝိုင်းရံခဲ့တဲ့ ရီပတ်ဘလီကန်အမတ်တွေထဲက တဦးဖြစ်ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် နောက်ဆုံးအခေါက် လျာထားခံခဲ့ရသူ အောက်လွှတ််တော်အမတ် Tom Emmer က ပြီးခဲ့တဲ့အင်္ဂါနေ့ နေလည်ပိုင်းမှာ သူ ဝင်ရောက်ယှဉ်ပြိုင်မှုကနေ နုတ်ထွက်ခဲ့ပါတယ်။

အဲဒီနောက်မှာပဲ ရီပတ်ဘလီကန်တွေဘက်က Mike Johnson ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံဖို့ လျာထားလိုက်ကြတာပါ။ ရီပတ်ဘလီကန်အမတ် ၈ ဦးနဲ့ ဒီမိုကရက်အမတ် ၂၁၂ ဦးတို့က ယခင်အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy ကို တာဝန်က ဖယ်ထုတ်လိုက်ပြီးနောက် အောက်တိုဘာလ ၃ ရက်နေ့ကတည်းက အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်နေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG