သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Itaewon လူအုပ္ပိေသဆုံးမႈ စုံစမ္းေရးအစီရင္ခံစာထုတ္ျပန္ 


ဆိုးလ္ၿမိဳ႕ေတာ္Yongsan အရပ္ Halloween ပြဲေတာ္ လူအုပ္ပိလို႔ ေသဆုံးသူ ၁၆၀ နီးပါး ရွိခဲ့

ေတာင္ကိုရီးယား ႏိုင္ငံမွာ ၿပီးခဲ့တဲ့ေအာက္တိုဘာလက လူအုပ္ပိၿပီး လူ ၁၆၀ နီးပါး ေသဆုံးခဲ့ရတဲ့ ျဖစ္ရပ္အေပၚ စုံစမ္းမႈ အစီရင္ခံစာ ထုတ္ျပန္ခဲ့တာမွာ တာဝန္ရွိသူေတြဘက္က ေဘးကင္းလုံၿခဳံမႈဆိုင္ရာ ေဆာင္႐ြက္သင့္တာေတြ ေဆာင္႐ြက္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ေပါ့ဆမႈနဲ႔ လူေသေစမႈ စြဲခ်က္ေတြနဲ႔ ရဲအရာရွိ တခ်ိဳ႕ အပါအဝင္ လူ ၂၃ ဦးကို ေတာင္ကိုရီးယား ရဲတပ္ဖြဲ႕က တရားစြဲဖို႔ ျပင္ဆင္ေနပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ၇၄ ရက္ၾကာ စုံစမ္းစစ္ေဆးမႈေတြ လုပ္ခဲ့ၿပီးတဲ့ေနာက္ ဒီအမႈကိစၥကို အစိုးရေရွ႕ေနေတြဆက္လက္ကိုင္တြယ္ဖို႔ ေပးအပ္မယ္လို႔ ႏိုင္ငံေတာ္ရဲတပ္ဖြဲ႕ရဲ႕ အထူးစုံစမ္း စစ္ေဆးေရးအဖြဲ႕ကို ဦးေဆာင္သူ Son Je-han က ဒီကေန႔ ေျပာပါတယ္။ အေရးယူဖို႔ အႀကံျပဳထားတဲ့အထဲမွာ အခင္းျဖစ္ပြားခဲ့တဲ့ ဆိုးလ္ၿမိဳ႕ေတာ္ Yongsan ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး Park Hee-young နဲ႔ ရဲတပ္ဖြဲ႕ အႀကီးအကဲ Lee Im-jae အပါအဝင္ ဖမ္းဆီးထားတဲ့ ၆ ဦး ပါဝင္တဲ့အေၾကာင္းလည္း ေျပာပါတယ္။

“ဒီလူေတြ အေနနဲ႔ အျဖစ္အပ်က္ကို မွန္မွန္ကန္ကန္ မသုံးသပ္တာ၊ သတင္းပို႔ဖို႔ ေႏွးေကြးတာ၊ သက္ဆိုင္ရာ ဌာနေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ အားနည္းတာနဲ႔ ကူညီ ကယ္ဆယ္ေရး ေႏွာင့္ေႏွး ၾကန႔္ၾကာခဲ့တာေတြက လူေတြ အမ်ားအျပား ေသဆုံးတဲ့အထိ ျဖစ္ေစခဲ့တဲ့ ဆင့္ကဲ ပ်က္ကြက္မႈေတြ ျဖစ္ပါတယ္။” - လို႔ ဒီျဖစ္ရပ္ စုံစမ္းစစ္‌ေဆးမႈအဖြဲ႕ကို ဦးေဆာင္သူ Son Je-han ေျပာသြားတာပါ။

အစိုးရထိပ္တန္းတာဝန္ရွိသူေတြကို အေရးယူသင့္တယ္လို႔ အစီရင္ခံစာမွာ အႀကံျပဳခ်က္မပါတဲ့အတြက္ ေဝဖန္ေထာက္ျပမႈေတြလည္း ထြက္ေပၚေနပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၈ ရက္ေန႔က ဆိုးလ္ၿမိဳ႕ေတာ္မွာ Halloween ပြဲေတာ္ ဆင္ႏႊဲၾကတဲ့ လူ သိန္းေက်ာ္ Yongsan အရပ္မွာ စုေဝးခဲ့ၾကတဲ့အခ်ိန္ လူအုပ္ပိလို႔ ေသဆုံးသူ ၁၆၀ နီးပါး ရွိခဲ့တာပါ။ ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ ရဲတပ္ဖြဲ႕ရဲ႕ လက္ရွိ စုံစမ္းစစ္ေဆးမႈေတြက အမ်ားျပည္သူ မေက်နပ္မႈေတြနဲ႔ အစိုးရက တာဝန္ရွိသူေတြကို အေရးယူေပးဖို႔ ေတာင္းဆိုခ်က္ေတြ ေလ်ာ့ပါးေအာင္ လုပ္ေဆာင္ေပးႏိုင္မလား ဆိုတာေတာ့ ေသခ်ာမသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

{Unicode}

Itaewon လူအုပ်ပိသေဆုံးမှု စုံစမ်းရေးအစီရင်ခံစာထုတ်ပြန်

တောင်ကိုရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့အောက်တိုဘာလက လူအုပ်ပိပြီး လူ ၁၆၀ နီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းမှု အစီရင်ခံစာ ထုတ်ပြန်ခဲ့တာမှာ တာဝန်ရှိသူတွေဘက်က ဘေးကင်းလုံခြုံမှုဆိုင်ရာ ဆောင်ရွက်သင့်တာတွေ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပေါ့ဆမှုနဲ့ လူသေစေမှု စွဲချက်တွေနဲ့ ရဲအရာရှိ တချို့ အပါအဝင် လူ ၂၃ ဦးကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ၇၄ ရက်ကြာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ဒီအမှုကိစ္စကို အစိုးရရှေ့နေတွေဆက်လက်ကိုင်တွယ်ဖို့ ပေးအပ်မယ်လို့ နိုင်ငံတော်ရဲတပ်ဖွဲ့ရဲ့ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဦးဆောင်သူ Son Je-han က ဒီကနေ့ ပြောပါတယ်။ အရေးယူဖို့ အကြံပြုထားတဲ့အထဲမှာ အခင်းဖြစ်ပွားခဲ့တဲ့ ဆိုးလ်မြို့တော် Yongsan ရပ်ကွက် အုပ်ချုပ်ရေးမှူး Park Hee-young နဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ Lee Im-jae အပါအဝင် ဖမ်းဆီးထားတဲ့ ၆ ဦး ပါဝင်တဲ့အကြောင်းလည်း ပြောပါတယ်။

“ဒီလူတွေ အနေနဲ့ အဖြစ်အပျက်ကို မှန်မှန်ကန်ကန် မသုံးသပ်တာ၊ သတင်းပို့ဖို့ နှေးကွေးတာ၊ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းတာနဲ့ ကူညီ ကယ်ဆယ်ရေး နှောင့်နှေး ကြန့်ကြာခဲ့တာတွေက လူတွေ အများအပြား သေဆုံးတဲ့အထိ ဖြစ်စေခဲ့တဲ့ ဆင့်ကဲ ပျက်ကွက်မှုတွေ ဖြစ်ပါတယ်။” - လို့ ဒီဖြစ်ရပ် စုံစမ်းစစ်‌ဆေးမှုအဖွဲ့ကို ဦးဆောင်သူ Son Je-han ပြောသွားတာပါ။

အစိုးရထိပ်တန်းတာဝန်ရှိသူတွေကို အရေးယူသင့်တယ်လို့ အစီရင်ခံစာမှာ အကြံပြုချက်မပါတဲ့အတွက် ဝေဖန်ထောက်ပြမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ဆိုးလ်မြို့တော်မှာ Halloween ပွဲတော် ဆင်နွှဲကြတဲ့ လူ သိန်းကျော် Yongsan အရပ်မှာ စုဝေးခဲ့ကြတဲ့အချိန် လူအုပ်ပိလို့ သေဆုံးသူ ၁၆၀ နီးပါး ရှိခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေက အများပြည်သူ မကျေနပ်မှုတွေနဲ့ အစိုးရက တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုချက်တွေ လျော့ပါးအောင် လုပ်ဆောင်ပေးနိုင်မလား ဆိုတာတော့ သေချာမသိရသေးပါဘူး။

XS
SM
MD
LG