သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာလိုး၀င္းပဲြမွာ လူ ၁၅၀ ေက်ာ္ေသဆုံးတဲ့ အေၾကာင္းရင္း ေတာင္ကိုရီးယား အာဏာပိုင္ေတြစုံစမ္း


(Zawgyi / Unicode)

ေတာင္ကိုရီးယား ႏိုင္ငံ ဆိုလ္းၿမိဳ႕ေတာ္က Halloween ပြဲေတာ္ေတြ အတြင္း လူအုပ္ပိတာေၾကာင့္ လူေပါင္း ၁၅၀ ေက်ာ္ ေသဆံုးခဲ႔ရမႈကို ႏိုင္ငံတ၀န္း ၀မ္းနည္း ေၾကကြဲေနၾကသလို ျဖစ္ခဲ႔ရတဲ႔ အေၾကာင္းရင္းကိုလည္း ရွာေဖြေနၾကပါတယ္။ ဆိုလ္းၿမိဳ႕ေတာ္ Itaewon မွာ စေနေန႔ညက ျဖစ္ခဲ႔တဲ႔ မေတာ္တဆမႈ အတြင္း ဒဏ္ရာရသူ ၈၂ ဦး ရွိခဲ႔ေၾကာင္းလည္း အာဏာပိုင္တို႔က ေျပာပါတယ္။

ဆိုလ္းၿမိဳ႕ေတာ္မွာ ျဖစ္ခဲ႔တဲ႔ မေတာ္တဆမႈ အတြင္း ေသဆံုးခဲ႔ရသူေတြ အတြက္ ကက္သလစ္ သာသနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis က တနဂၤေႏြေန႔မွာ ၀တ္ျပဳ ဆုေတာင္းေပးခဲ႔တာပါ။

စေနေန႔ညက လူအုပ္ပိမႈဟာဆိုရင္ ေတာင္ကိုရီးယား သမိုင္းမွာ အေသအေပ်ာက္ အမ်ားဆံုး လူအုပ္ပိမႈ ျဖစ္ပါတယ္။ ေသဆံုဒသူ အမ်ားစုကေတာ့ ဆယ္ေက်ာ္သက္နဲ႔ အသက္ ၂၀ ေက်ာ္ အရြယ္ လူငယ္ေတြ အမ်ားဆံုး ျဖစ္တယ္လို႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ ကလပ္ေ်တြ အမ်ားအျပား ရွိတဲ႔ လမ္းၾကားေလး တခုက လူအုပ္ၾကား စၿပီး ျဖစ္ခဲ႔တဲ႔ လူအုပ္ပိမႈ ျဖစ္ခဲ႔ရတဲ႔ အေၾကာင္းရင္းကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

အခင္းျဖစ္တဲ႔ Itaewon အရပ္နဲ႔ မလွမ္းမကမ္းမွာ ရံုးထိုင္တဲ့ ေတာင္ကိုရီးယား သမၼတ Yoon Suk Yeol ကေတာ့ တႏိုင္ငံလံုး ၀မ္းနည္း ေၾကကြဲဖြယ္ ကာလ အျဖစ္ ေၾကညာထားပါတယ္။ ေနာက္ပိုင္းမွာ အလားတူ ျဖစ္ရပ္မ်ိဳးေတြကို ေရွာင္ရွားႏိုင္ေရး အတြက္ လူအုပ္ပိရတဲ႔ အေၾကာင္းရင္းကို ရွာေဖြေဖာ္ထုတ္ေရး ဦးစားေပး ေဆာင္ရြက္မယ့္ အေၾကာင္းလည္း သမၼတက ေျပာဆိုထားပါတယ္။

ဆိုလ္းၿမိဳ႕ေတာ္ အလယ္မွာ ရွိတဲ႔ Itaewon အရပ္ဟာဆိုရင္ ႏိုက္ကလပ္ေတြ၊ အေဖ်ာ္ယမကာဆိုင္ေတြနဲ႔ လူစည္ကားရာ ေဒသ ျဖစ္ပါတယ္။ Covid-19 ကာလ တားျမစ္ကန္႔သတ္ခ်က္ေတြ ေျဖေလွ်ာ့ၿပီးေနာက္ပိုင္း ပထမဆံုး က်င္းပတဲ႔ ဒီႏွစ္ Halloween ပြဲေတာမွာ လူ ေတြပိုၿပီး မ်ားခဲ႔ၿပီး ေဒသခံ သတင္းေတြကေတာ့ လူ ၁၀၀,၀၀၀ ေလာက္ ရွိခဲ႔မယ္လို႔ ခန္႔မွန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဟောလိုးဝင်းပွဲမှာ လူ ၁၅၀ ကျော်သေဆုံးတဲ့ အကြောင်းရင်း တောင်ကိုရီးယား အာဏာပိုင်တွေစုံစမ်း

တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်က Halloween ပွဲတော်တွေ အတွင်း လူအုပ်ပိတာကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရမှုကို နိုင်ငံတဝန်း ဝမ်းနည်း ကြေကွဲနေကြသလို ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကိုလည်း ရှာဖွေနေကြပါတယ်။ ဆိုလ်းမြို့တော် Itaewon မှာ စနေနေ့ညက ဖြစ်ခဲ့တဲ့ မတော်တဆမှု အတွင်း ဒဏ်ရာရသူ ၈၂ ဦး ရှိခဲ့ကြောင်းလည်း အာဏာပိုင်တို့က ပြောပါတယ်။

ဆိုလ်းမြို့တော်မှာ ဖြစ်ခဲ့တဲ့ မတော်တဆမှု အတွင်း သေဆုံးခဲ့ရသူတွေ အတွက် ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေနေ့မှာ ဝတ်ပြု ဆုတောင်းပေးခဲ့တာပါ။

စနေနေ့ညက လူအုပ်ပိမှုဟာဆိုရင် တောင်ကိုရီးယား သမိုင်းမှာ အသေအပျောက် အများဆုံး လူအုပ်ပိမှု ဖြစ်ပါတယ်။ သေဆုံဒသူ အများစုကတော့ ဆယ်ကျော်သက်နဲ့ အသက် ၂၀ ကျော် အရွယ် လူငယ်တွေ အများဆုံး ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကလပ်ေျတွ အများအပြား ရှိတဲ့ လမ်းကြားလေး တခုက လူအုပ်ကြား စပြီး ဖြစ်ခဲ့တဲ့ လူအုပ်ပိမှု ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခင်းဖြစ်တဲ့ Itaewon အရပ်နဲ့ မလှမ်းမကမ်းမှာ ရုံးထိုင်တဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကတော့ တနိုင်ငံလုံး ဝမ်းနည်း ကြေကွဲဖွယ် ကာလ အဖြစ် ကြေညာထားပါတယ်။

နောက်ပိုင်းမှာ အလားတူ ဖြစ်ရပ်မျိုးတွေကို ရှောင်ရှားနိုင်ရေး အတွက် လူအုပ်ပိရတဲ့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရေး ဦးစားပေး ဆောင်ရွက်မယ့် အကြောင်းလည်း သမ္မတက ပြောဆိုထားပါတယ်။ ဆိုလ်းမြို့တော် အလယ်မှာ ရှိတဲ့ Itaewon အရပ်ဟာဆိုရင် နိုက်ကလပ်တွေ၊ အဖျော်ယမကာဆိုင်တွေနဲ့ လူစည်ကားရာ ဒေသ ဖြစ်ပါတယ်။ Covid-19 ကာလ တားမြစ်ကန့်သတ်ချက်တွေ ဖြေလျှော့ပြီးနောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ ဒီနှစ် Halloween ပွဲတောမှာ လူ တွေပိုပြီး များခဲ့ပြီး ဒေသခံ သတင်းတွေကတော့ လူ ၁၀၀,၀၀၀ လောက် ရှိခဲ့မယ်လို့ ခန့်မှန်းကြပါတယ်။

XS
SM
MD
LG