သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလိုးဝင်းပွဲ လူပိသေဆုံးမှု ရဲတပ်ဖွဲ့အားနည်းချက်အဖြစ် တောင်ကိုရီးယားရဲချုပ်ဝန်ခံ 


South Korea Halloween Crowd Surge
South Korea Halloween Crowd Surge

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူ အသေအပျောက်များခဲ့တဲ့ Halloween ပွဲတော်လာ လူအုပ်ကို ကိုင်တွယ် ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့ကြောင်း တောင်ကိုရီးယား ရဲချုပ်က ဝန်ခံ ပြောဆိုလိုက်ပါတယ်။

ဟောလိုးဝင်းပွဲ လူပိသေဆုံးမှု ရဲတပ်ဖွဲ့အားနည်းချက်အဖြစ် တောင်ကိုရီးယားရဲချုပ်ဝန်ခံ

{{Zawgyi/Unicode}}
တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူ အသေအပျောက်များခဲ့တဲ့ Halloween ပွဲတော်လာ လူအုပ်ကို ကိုင်တွယ် ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့ကြောင်း တောင်ကိုရီးယား ရဲချုပ်က ဝန်ခံ ပြောဆိုလိုက်ပါတယ်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ကာလ အတွင်း အသေအပျောက် အများဆုံး မတော်တဆမှုကို မကျေမနပ် ဖြစ်နေကြတဲ့ လူထုကို ထိန်းနိုင်ဖို့ အာဏာပိုင်တို့ ကြိုးစားနေကြရတာလည်း ဖြစ်ပါတယ်။

စနေနေ့နှောင်းပိုင်း အခင်းမဖြစ်ခင်မှာ စိုးရိမ်ကြောက်ရွံ့ နေကြတဲ့ ပွဲလာ ပရိတ်သတ်တွေက အရေးပေါ် ဖုန်းခေါ်ဆိုမှု အတော်များများကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုတွေမှာ တွေ့ရှိထားကြောင်း ကိုရီးယား ရဲတပ်ဖွဲ့ အကြီးအကဲ Yoon Hee-keun က ပြောပါတယ်။ အစောဆုံး တယ်လီဖုန်း ခေါ်ဆိုမှုကို ညနေ ၆ နာရီ ၃၄ မိနစ်မှာ လက်ခံရရှိခဲ့ပြီး အဲဒီနောက် ၃ နာရီခွဲ အတွင်း နောက်ထပ် ဖုန်းခေါ်ဆိုမှု ၁၀ ခု ရှိခဲ့ကြောင်း ရဲက ပြောပါတယ်။

အဆိုးဆုံး လူစုလူဝေး ဖြစ်မှုက ည ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စတင်ခဲ့တာလို့လည်း ပြောဆိုထားပါတယ်။ လူတွေ များလာတာကြောင့် အန္တရာယ်ရှိတဲ့ အကြောင်း ဖုန်းဆက် သတိပေးတာ ဖြစ်ပြီး ရဲဌာနရဲ့ တုံ့ပြန်မှုက မလုံလောက်ခဲ့ဘူးလို့ ယူဆကြောင်း ရဲချုပ် Yoon က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လူအုပ်ပိမှုကြောင့် သေဆုံးရသူ အရေအတွက် အင်္ဂါနေ့ အစောပိုင်းမှာ ၁၅၆ ဦးထိ ရှိလာကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ စိုးရိမ်စရာ အခြေအနေမှာ ရှိသူက ၂၉ ဦး ရှိနေပါတယ်။

Halloween ပွဲတော် ဆင်နွှဲဖို့ ခန့်မှန်းခြေ လူ ၁၀၀,၀၀၀ လောက် ရှိနေတဲ့ Itaewon ရပ်ကွက်မှာ လူစုလူဝေး အန္တရာယ် မဖြစ်စေရေး အတွက် ရဲဘက်က ကိုင်တွယ်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရတဲ့ အကြောင်းရင်းကို တောင်ကိုရီးယား လူထုက အကြီးအကျယ် မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.....................................


{{Zawgyi/Unicode}}





XS
SM
MD
LG