Zawgyi
တောင်ကိုရီးယား Halloween လူအုပ်ပိလို့ ၁၅၀ ခန့် သေဆုံး
တောင်ကိုရီးယားနိုင်ငံမှာ စနေနေ့ညက Halloween သရဲပွဲတော်ကျင်းပရာမှာ လူတွေရုတ်တရက်လန့်ပြီးတိုးကြိတ်ခဲ့ တဲ့အတွက်ဖိမိ၊ နင်းမိတာကြောင့် အနည်းဆုံး ၁၄၆ ဦးသေဆုံးပြီး လူ ၁၅၀ လောက်ဒါဏ်ရကြောင်း တောင်ကိုရီးယား အရေးပေါ်ကူညီကယ်ဆယ်ရေးတာဝန်ရှိသူတွေကပြောဆိုပါတယ်။
ဆိုးလ်မြို့တော်က ညကပွဲရုံတွေ၊ စားသောက်ဆိုင်တွေရှိတဲ့ Itawen အရပ်မှာ စနေနေ့ညက Halloween သရဲပွဲတော် ကျင်းပဖို့ လူ ၁ သိန်းလောက်လာရောက်ခဲ့တယ်လို့သတင်းဌာနတွေကခန့်မှန်းပြောဆိုပါတယ်။
Hamiltoon Hotel အနောက်ဘက်စားသောက်ဆိုင်တွေရှိတဲ့ လမ်းကျဉ်းတဲ့နေရာကနေ စတင်ပြီးအထိတ်တလန့် တိုးကြိတ်ခဲ့တာဖြစ်ပြီး၊ ဘာကြောင့်အခုလိုဖြစ်ခဲ့ကြတာလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သေခြာမသိရသေးပါဘူး။
တနင်္ဂနွေနေ့ မနက် ၃ နာရီလောက်အထိလူတွေအစုလိုက်အပြုံလိုက်ဆက်ရှိနေသေးပြီး၊ သေဆုံးသူအလောင်းတွေကို လူနာတင်ယဉ်တွေနဲ့သယ်ဆောင်သွားခဲ့ကြတယ်လို့ VOA သတင်းထောက်ကပြောပါတယ်။ ပထမ စတင်ရုန်းရင်းဆန် ခတ်ဖြစ်တဲ့အချိန်မှာ လူတချို့လမ်းပေါ်မှာလဲကျနေတာကို အရက်မူးပြီးလဲနေတယ်ထင်ခဲ့မိပေမယ့် သူတို့ဟာ ဒါဏ်ရာရ ထားတာ၊ ဒါမှမဟုတ် သေဆုံးနေတာလို့ မျက်မြင်သက်သေအမျိုးသမီးတဦးက VOA ကိုပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားသမတ Yoon Suk Yeol နေနဲ့ အဲဒိညကအဖြစ်အပျက်အပေါ်အစိုးရရဲ့တုန့်ပြန်ဆောင်ရွက်မှုတွေကိုလုပ် ဆောင်ခဲ့တယ်လို့ သမတရုံးတာဝန်ရှိသူတွေကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။ ဥရောပ တိုက်ကိုခရီး ထွက် နေတဲ့ဆိုးလ်မြို့တော်ဝန် Oh Sehoon လည်းကိုရီးယားကိုလှည့်ပြန်လာခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြပါတယ်။
##
Unicode