သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားကို ပစ္မွတ္ထားၿပီး ေျမာက္ကိုရီးယား မစ္ဇိုင္းဒုံးစမ္းသပ္ေလ့က်င့္ 


NORTHKOREA-MISSILES/

ေျမာက္ကိုရီးယားက မစ္ဇိုင္းဒုံးေတြ အဆက္မျပတ္ စမ္းသပ္ပစ္ခတ္ခဲ့တာဟာ ေတာင္ကိုရီးယားရဲ႔ မဟာဗ်ဴဟာက်တဲ့ ပစ္မွတ္ေတြကိုတိုက္ခိုက္တဲ့ သ႐ုပ္ေဖၚစစ္ေရးေလ့က်င့္မႈရဲ႔ တစိပ္တပိုင္းျဖစ္တယ္လို႔ တနလၤာေန႔မွာ ေျမာက္ကိုရီးယား အစိုးရသတင္းဌာနကေျပာဆိုလိုက္ပါတယ္။ 

ေတာင္ကိုရီးယားကို ပစ္မွတ္ထားၿပီး ေျမာက္ကိုရီးယား မစ္ဇိုင္းဒုံးစမ္းသပ္ေလ့က်င့္

{{Zawgyi/Unicode}}
ဂ်ပန္ႏိုင္ငံေပၚကေန ျဖတ္ေက်ာ္ပစ္ခတ္ခဲ့တဲ့ ပဲ့ထိန္းတပ္ ေျမျပင္ကေျမျပင္ တာလတ္ပစ္ မစ္ဇိုင္းဒုံး အပါအ၀င္ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္း ေျမာက္ကိုရီးယားက မစ္ဇိုင္းဒုံးေတြ အဆက္မျပတ္ စမ္းသပ္ပစ္ခတ္ခဲ့တာဟာ ေတာင္ကိုရီးယားရဲ႔ မဟာဗ်ဴဟာက်တဲ့ ပစ္မွတ္ေတြကိုတိုက္ခိုက္တဲ့ သ႐ုပ္ေဖၚစစ္ေရးေလ့က်င့္မႈရဲ႔ တစိပ္တပိုင္းျဖစ္တယ္လို႔ တနလၤာေန႔မွာ ေျမာက္ကိုရီးယား အစိုးရသတင္းဌာနကေျပာဆိုလိုက္ပါတယ္။

ဒီစစ္ေရးေလ့က်င့္မႈကို လူျမင္ကြင္းကေန တလေလာက္ေပ်ာက္ကြယ္ေနတဲ့ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအြန္း ကၫႊန္ၾကားခဲ့တာလို႔ ေျမာက္ကိုရီးယား အစိုးရပိုင္ KCNA သတင္းဌာနက တနလၤာေန႔က ေၾကညာခဲ့ပါတယ္။

စက္တင္ဘာ ၂၅ ရက္ကေန ေအာက္တိုဘာ ၉ ရက္အတြင္း ပဲ့ထိန္းဒုံးက်ည္ ၇ ႀကိမ္စမ္းသပ္ပစ္ခတ္ခဲ့တာဟာ တနည္းအားျဖင့္ ညဴကလီယား လက္နက္ပစ္ခတ္မႈအတြက္ စမ္းသပ္ေလ့က်င့္တာျဖစ္တယ္လို႔ ေျမာက္ကိုရီးယား သတင္းဌာနက ေၾကညာခဲ့ပါတယ္။ ဒါဟာ ေျမာက္ကိုရီးယားရဲ႔ ညဴကလီးယားနဲ႔ ျပန္လည္တိုက္ခိ္ုက္ႏိုင္တဲ့ စြမ္းရည္ကိုေဖၚျပတာျဖစ္ၿပီး၊ ေျမာက္ကိုရီးယားရဲ႔ ရန္သူေတြကို အေလးအနက္ သတိေပးလိုက္တာ ျဖစ္တယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

အေမရိကန္နဲ႔ ေတာင္ကိုရီးယား စစ္ဘက္ဆိုင္ရာ တာ၀န္ရွိသူေတြက KN 25 အျဖစ္ သိရွိထားၾကတဲ့ ဧရာမ မစ္ဇိုင္းဒုံးပစ္စင္ကို သုံးၿပီး၊ တာတိုပစ္ မစ္ဇိုင္းဒုံးေတြကို ေ၀ဟင္နဲ႔ ေျမျပင္ပစ္မွတ္ေတြကို ပစ္ခတ္ခဲ့ေၾကာင္းလည္း ဓာတ္ပုံ အေထာက္အထားေတြမွာ ေတြ႕ရပါတယ္။

ဒါဟာ ေျမာက္ကိုရီးယားရဲ႔ ညဴကလီးယား လက္နက္ ပစ္ခတ္ႏိုင္စြမ္းနဲ႔ အသင္ျဖစ္မႈ အေနအထားကို ေဖၚျပထားျဖစ္တယ္လို႔ ေျမာက္ကိုရီးယားရဲ႔ ညဴကလီးယားတပ္ဖဲြ႔ကလည္း ေျပာဆိုေၾကာင္း ေျမာက္ကိုရီးယားအစိုးရ သတင္းဌာန KCNA ကေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................................................

တောင်ကိုရီးယားကို ပစ်မှတ်ထားပြီး မြောက်ကိုရီးယား မစ်ဇိုင်းဒုံးစမ်းသပ်လေ့ကျင့်

{{Zawgyi/Unicode}}
ဂျပန်နိုင်ငံပေါ်ကနေ ဖြတ်ကျော်ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းတပ် မြေပြင်ကမြေပြင် တာလတ်ပစ် မစ်ဇိုင်းဒုံး အပါအဝင် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးတွေ အဆက်မပြတ် စမ်းသပ်ပစ်ခတ်ခဲ့တာဟာ တောင်ကိုရီးယားရဲ့ မဟာဗျူဟာကျတဲ့ ပစ်မှတ်တွေကိုတိုက်ခိုက်တဲ့ သရုပ်ဖေါ်စစ်ရေးလေ့ကျင့်မှုရဲ့ တစိပ်တပိုင်းဖြစ်တယ်လို့ တနင်္လာနေ့မှာ မြောက်ကိုရီးယား အစိုးရသတင်းဌာနကပြောဆိုလိုက်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို လူမြင်ကွင်းကနေ တလလောက်ပျောက်ကွယ်နေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ကညွှန်ကြားခဲ့တာလို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၉ ရက်အတွင်း ပဲ့ထိန်းဒုံးကျည် ၇ ကြိမ်စမ်းသပ်ပစ်ခတ်ခဲ့တာဟာ တနည်းအားဖြင့် ညူကလီယား လက်နက်ပစ်ခတ်မှုအတွက် စမ်းသပ်လေ့ကျင့်တာဖြစ်တယ်လို့ မြောက်ကိုရီးယား သတင်းဌာနက ကြေညာခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားရဲ့ ညူကလီးယားနဲ့ ပြန်လည်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကိုဖေါ်ပြတာဖြစ်ပြီး၊ မြောက်ကိုရီးယားရဲ့ ရန်သူတွေကို အလေးအနက် သတိပေးလိုက်တာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက KN 25 အဖြစ် သိရှိထားကြတဲ့ ဧရာမ မစ်ဇိုင်းဒုံးပစ်စင်ကို သုံးပြီး၊ တာတိုပစ် မစ်ဇိုင်းဒုံးတွေကို ဝေဟင်နဲ့ မြေပြင်ပစ်မှတ်တွေကို ပစ်ခတ်ခဲ့ကြောင်းလည်း ဓာတ်ပုံ အထောက်အထားတွေမှာ တွေ့ရပါတယ်။

ဒါဟာ မြောက်ကိုရီးယားရဲ့ ညူကလီးယား လက်နက် ပစ်ခတ်နိုင်စွမ်းနဲ့ အသင်ဖြစ်မှု အနေအထားကို ဖေါ်ပြထားဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ ညူကလီးယားတပ်ဖွဲ့ကလည်း ပြောဆိုကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG