သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီယားသမ္မတကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်


မိန့်ခွန်းပြောပြီးတွေ့ရတဲ့ သမ္မတ Yoon Suk Yeol (ဒီဇင်ဘာ ၇၊ ၂၀၂၄)
မိန့်ခွန်းပြောပြီးတွေ့ရတဲ့ သမ္မတ Yoon Suk Yeol (ဒီဇင်ဘာ ၇၊ ၂၀၂၄)

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို နိုင်ငံခြား ခရီးသွားလာခွင့် ပိတ်လိုက်ကြောင်း တရားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက တနင်္လာနေ့က ပြောပါတယ်။ တရားရေး ဌာန အရာရှိ Bae Sang-up က လွှတ်တော်ကော်မတီ ကို အခုလိုပြောလိုက်တာပါ။

တနင်္လာနေ့မှာပဲ သောင်းချီတဲ့ ဆန္ဒပြသူတွေက Yoon Suk Yeol ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်‌တော်ကို ထပ်မံ တောင်းဆိုလိုက်ကြပါတယ်။ စနေနေ့တုန်းက သမ္မတကို လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အာဏာရပါတီက စွပ်စွဲ ပြစ်တင်တာကို မထောက်ခံခဲ့ပေမဲ့ သမ္မတ အာဏာတွေကို ဝန်ကြီးချုပ်ကို လွှဲပြောင်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းကို ကြုံနေရပါတယ်။

Yoon Suk Yeol က အနားမယူဘဲ၊ သူ့ ကံကြမ္မာကို ပါတီကို အပ်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဒီကြေညာချက်ကို ပြည်သူထဲမှာ မကျေမနပ်ဖြစ်ကြပြီး၊ အလုပ်သမား သမဂ္ဂများ ကွန်ဖက်ဒရေးရှင်း (KCTU) က ပါလီမန်အနားမှာ တနင်္လာနေ့က ဆန္ဒပြခဲ့ကြတာပါ။ လူ ၃ သောင်း ဆန္ဒပြခဲ့ကြတယ်လို့ KCTU က ဆိုပါတယ်။ သမ္မတဟာ ရာဇဝတ်မှုကြောင်းအရလည်း စုံစမ်းစစ်ဆေးတာကို ခံနေရပါတယ်။ ရဲ နဲ့ အဆင့်မြင့်အရာရှိကြီးများ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး ရုံးကလည်း သမ္မတ ယွန်းနဲ့ အခြား အရာရှိကြီးတွေကို စုံစမ်းစစ်ဆေးနေတာပါ။

တောင်ကိုရီယားသမ္မတကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG