သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကို တရားစွဲရေးအဆို တောင်ကိုရီးယားအာဏာရပါတီ ထောက်ခံမည်မဟုတ်


စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ Yoon Suk Yeol နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြသူများ (ဒီဇင်ဘာ ၅၊ ၂၀၂၄)
စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ Yoon Suk Yeol နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြသူများ (ဒီဇင်ဘာ ၅၊ ၂၀၂၄)

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တဲ့ သမ္မတ Yoon Suk Yeol ကို တရားစွဲသင့် မသင့် လွှတ်တော်မှာအတိုက်အခံပါတီတင်သွင်းတဲ့အဆိုကို ထောက်ခံမှာမဟုတ်ဘူးလို့ အာဏာရပါတီ ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သမ္မတ Yoon ရဲ့ လုပ်ရပ်အပေါ် သူအံ့ဩတုန်လှုပ်ခဲ့ရကြောင်းနဲ့ သမ္မတကို ပါတီကနုတ်ထွက်ဖို့ သူပြောခဲ့တယ်လို့အာဏာရ People Power ပါတီခေါင်းဆောင် Han Dong-hun က သတင်းထောက်တွေကို ဒီနေ့ ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ အတိုက်အခံ Democratic ပါတီဘက်က သမ္မကိုတရားစွဲရေး ဆုံးဖြတ်ချက်မူကြမ်းကိုတော့ PPP ပါတီဝင်လွှတ်တော်အမတ် ၁၀၈ ယောက် လုံးက ထောက်ခံမဲထည့်မှာမဟုတ်ဘူးလို့ ပါတီခေါင်းဆောင် Han Dong-hun ရော၊လွှတ်တော်တွင်း ပါတီခေါင်းဆောင် Choo Kyung-ho ကပါ ပြောကြားခဲ့ကြပါတယ်။

သမ္မတအပေါ် တရားစွဲသင့် မသင့် အဆိုပြုချက်ကို စနေနေ့မှာ မဲခွဲဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။ လွှတ်တော်အမတ်နေရာ ၃၀၀ ရှိတဲ့ တောင်ကိုရီးယားလွှတ်တော်မှာ အတိုက်အခံ Democratic ပါတီက လူများစုဖြစ်ပြီး အဆိုပြုချက်အတည်ဖြစ်ဖို့ အာဏာရ PPP ပါတီက ထောက်ခံမဲ အနည်းငယ်သာ လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ သမ္မတYoon Suk Yeol စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် လွှတ်တော်ကို တပ်တွေစေလွှတ်ဖို့ အရင်ကာကွယ်ရေးဝန်ကြီး Kim Yong Hyun က အမိန့်ပေးခဲ့တယ်လို့ ကာကွယ်ရေး ဒုဝန်ကြီး Kim Seon Ho က ဒီနေ့ လွှတ်တော်ကြားနာပွဲမှာ ပြောကြားပါတယ်။

စစ်အုပ်ရေး ဦးဆောင်အကောင်အထည်ဖော်ရမယ့် တပ်မှူးကြီးအဖြစ် သမ္မတ Yoon က တာဝန်ပေးခဲ့တဲ့ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Park An-su ကလည်း လွှတ်တော်ကို တပ်တွေစေလွှတ်တာ သူမသိဘူးလို့ လွှတ်တော်အမတ်တွေရဲ့အမေးကို ဖြေကြားခဲ့ပါတယ်။ ကွယ်ရေးဝန်ကြီး Kim Yong Hyun ကတော့ မနေ့ ဗုဒ္ဓဟူးနေ့က ရာထူးကနေ နုတ်ထွက်သွားပါတယ်။

ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ဗိုလ်ချုပ်ကြီး Choi Byung Hyuk ကိုခန့်အပ်တယ်လို့ သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG