သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဖျက်သိမ်းတဲ့သတင်း မမှန်လို့ စစ်ကောင်စီပြော


၁၀၀ တန် ငွေစက္ကူ
၁၀၀ တန် ငွေစက္ကူ

မြန်မာနိုင်ငံမှာ ၅၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန် ငွေစက္ကူတွေကို ဗဟိုဘဏ်ကို လာအပ်ကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်တယ်လို့ဆိုပြီး လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတာတွေဟာ စီးပွားရေး၊ နိုင်ငံရေးအရ ထိုးနှက်ချက်တွေဖြစ်တယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။ အွန်လိုင်းမှာ ပျံ့နေတဲ့ စာတွေဟာ အတုတွေဖြစ်ပြီး ငွေကြေးဖျက်သိမ်းတယ်ဆိုတဲ့သတင်းတွေကလည်း ကောလဟာလတွေဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ပုဒ်မ ၃၆ (င) မှာ တရားဝင်ထုတ်တွေထားတဲ့ ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုလို့ အတိအလင်းပြဌာန်းထားတယ်။ (ဃ) မှာလည်း စီးပွားရေးဆိုင်ရာလုပ်ငန်းတွေကို နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်းမပြုလို့ အတိအလင်းပြဌန်းထားပြီး ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေအတိုင်း ကျွန်တော်တို့က လိုက်နာသွားမှာဖြစ်တယ်။ ကျွန်တော်တို့သည် အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်ကို ရယူထားတာဖြစ်တယ်။ အခြေခံဥပဒေကို အမြဲလိုက်နာသွားမှာဖြစ်တယ်ဆိုတာ ပထမဆုံး အသိပေးလိုပါတယ်။

နောက်တချက်က ဘာကြောင့် ဒီလိုကောလဟာလတွေဖြစ်လဲ။ ဒါကတော့ ရှင်းရှင်းလေးပါ။ မြန်မာနိုင်ငံရဲ့ စီးပွာရေးနဲ့ပတ်သက်ပြီး စီးပွားရေးအရ ထိုးနှက်ချက်တွေရှိတယ်။ ဒေါ်လာဈေး။ ရွှေဈေးတွေကို ဖြစ်သင့်တဲ့ ဈေးထက် မြင့်နေအောင်လုပ်နေတာရှိတယ်။ ဒါနဲ့ပါတ်သက်ပြီး အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေရှိတယ်။”

စစ်ကောင်စီက အရေးယူဆောင်ရွက်မှုတွေလုပ်ခဲ့ပြီးနောက်မှာ ဒေါ်လာငွေနဲ့ လဲလှယ်တဲ့ ကျပ်ငွေဈေး၊ ရွှေဈေးနဲ့ အခြေခံစားကုန်တွေ ဈေးကျလာခဲ့တယ်လို့လည်း စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။ အဲဒါကြောင့် စီးပွားရေး၊ နိုင်ငံရေးအရ အချိန်ကိုက် ကောလဟာလတွေ ဖြန့်ပြီး စီးပွားရေး၊ နိုင်ငံရေးအရ ထိုးနှက်နေတာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေက ပြင်ပမှောင်ခိုဈေးကွက်မှာ မြန်မာငွေနဲ့ ဒေါ်လာငွေ လဲဈေးဟာ ဗဟိုဘဏ်က တရားဝင်သတ်မှတ်ပေးထားတဲ့ ဈေးထက် ၁ ဒေါ်လာကို ကျပ်ငွေ ၁ ထောင်ကျော်ဝန်းကျင် ပိုများပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

အဲဒီလိုဖြစ်ခဲ့ပြီးနောက် ပုဂ္ဂလိကဘဏ်တာဝန်ရှိသူတွေကို စစ်ကောင်စီက ခေါ်ယူ စစ်ဆေး မေးမြန်းတာတွေ လုပ်ခဲ့သလို၊ တရားဝင်နိုင်ငံခြားငွေလဲလုပ်ငန်း လိုင်စင်ထုတ်ပေးထားတဲ့ Money Exchange ၁၂၃ ခုရဲ့ လိုင်စင်တွေကိုလည်း စက်တင်ဘာ ၁၉ ရက်နေ့ကပဲ စစ်ကောင်စီက ရုတ်သိမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG