သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုုင္း စစ္ေရး အေျခအေန


စစ္ကုိင္းတိုင္း ပုလဲၿမဳိ႕နယ္ ေမြ႔တုံရြာ။ (ယခင္မွတ္တမ္းဓါတ္ပုံ)

စစ္ကိုင္းတိုင္း စစ္ေရး အေျခအေန

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း ၊ ကေလးၿမိဳ႕ေတာင္ပိုင္းကို အခု ၾသဂုတ္လ အေစာပိုင္းကတည္းက ျမန္မာစစ္တပ္ဘက္က နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးေတြ ဆက္တိုက္လုပ္ေနၿပီး ေဒသခံကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ အၿမဲလိုလို တိုက္ပြဲေတြျဖစ္ပြားေနသလို ကန႔္ဘလူၿမိဳ႕နယ္အတြင္းက ေက်း႐ြာ သုံး႐ြာေလာက္ မီးရႈိ႕ခံခဲ့ရပါတယ္။ ျမန္မာစစ္တပ္ဘက္ကေတာ့ အရပ္သား ေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးတာ မရွိဘူးလို႔ ျငင္းဆိုေနခ်ိန္မွာပဲ ရာနဲ႔ခ်ီတဲ့ေနအိမ္ေတြ မီးေလာင္ပ်က္စီးၿပီး PDF တပ္ေတြနဲ႔ စစ္တပ္အၾကား အျပန္အလွန္စြပ္စြဲေနသလို ေဒသခံေတြကလည္း စစ္တပ္ဘက္က မီးရႈိ႕ဖ်က္ဆီးတာလို႔ ေျပာေနပါတယ္။ ရန္ကုန္က လာတဲ့ သတင္းအျပည့္အစုံကို မေအးသႏၱာေက်ာ္ က ေျပာျပပါ့မယ္။

ကန႔္ဘလူၿမိဳ႕နယ္ ေညာင္ကုန္း႐ြာက ၾသဂုတ္ ၂၂ ရက္က ထြက္လာတဲ့ စစ္ေကာင္စီတပ္ အင္အား ၆၀ ေက်ာ္ေလာက္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ဒီကေန႔ မနက္ပိုင္း ၈ နာရီေက်ာ္ဝန္းက်င္ေလာက္ကစၿပီး တိုက္ပြဲ ျဖစ္ပြားေနပါတယ္။ စစ္ေကာင္စီဖက္က ထိခိုက္က်ဆုံးမွႈေတြ ရွိတယ္လို႔ ကန႔္ဘလူေတာင္ျခမ္း သုံးညီေနာင္ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ ျပန္ၾကားေရးတာဝန္ခံ က VOA ကို ေျပာပါတယ္။

“အခု စစ္ေၾကာင္းက လက္ခုပ္ပင္နဲ႔ ေအာင္ခ်မ္းသာ႐ြာ ၾကားမွာရွိတာပါ။ အခုလက္ရွိ တိုက္ပြဲျဖစ္ေနပါတယ္။ မနက္ ၈ နာရီ ၂၀ ကစျဖစ္တာ။ ရဟတ္ယာဥ္တို႔ Jet Fighter တို႔နဲ႔ ပစ္တာက ၁ နာရီဝန္းက်င္ေလာက္ကေပါ့။ ရဟတ္ယာဥ္နဲ႔ ဝဲပစ္တာရွိတယ္။ Fighter နဲ႔ ပစ္တာရွိတယ္။ ေနာက္ စစ္သားေတြကို အခု ထပ္တိုးၿပီး ခ်ေနပါတယ္ဗ်။ ေအာင္ခ်မ္းသာာနားမွာ။ လက္နက္ေတြ သိမ္းဆည္းရမိတာ ရွိပါတယ္။

ႏွစ္ဖက္ ထိခိုက္က်ဆုံးမႈေတြနဲ႔ ပတ္သက္လို႔ သီးျခား အတည္ျပဳခ်က္ မရေသးပါဘူး။ ၾသဂုတ္လ ၂၂ ရက္ေန႔လည္း စစ္ေကာင္စီတပ္ေတြဟာ ကန႔္ဘလူၿမိဳ႕နယ္ထဲက ေညာက္ကုန္း႐ြာကို မီးရႈိ႕ခဲ့တာေၾကာင့္ ေနအိမ္ ၃၀ ေလာက္ မီးေလာင္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ အရပ္သားေနအိမ္ေတြ မီးရႈိ႕တာ သူတို႔ မဟုတ္ဘူးဆိုၿပီး ျငင္းဆိုထားပါတယ္။

“ေညာင္ကုန္းမွာေတာ့ တိုက္ပြဲျဖစ္တဲ့ အေျခအေနေတြ ဘာမွ မရွိဘူးဗ်။ သူတို႔ရည္႐ြယ္ခ်က္ တစ္ခုခုေၾကာင့္ ရွႈိ႕တာလို႔ေတာ့ ကြၽန္ေတာ္တို႔က ထင္တယ္။ ဘာေၾကာင့္ ရွႈိ႕တာလဲေတာ့ ကြၽန္ေတာ္လဲမေျပာတတ္ဘူး။

ေဒသခံတဦးေျပာျပသြားတာပါ။ အိမ္ေျခ ၃၀၀ ဝန္းက်င္ရွိတဲ့ အင္ငုတ္တို႐ြာမွာ ေနအိမ္ ၁၂၃ လုံး မီးေလာင္ခဲ့ပါတယ္။ ခုတခါ စစ္ေကာင္စီတပ္ေတြဟာ အင္ငုတ္တို႔႐ြာကို ၁၆ ရက္ေန႔ မနက္ပိုင္းက လက္နက္ႀကီးေတြ၊ စက္ေသနတ္ေတြနဲ႔ ဆက္တိုက္ပစ္ခတ္ဝင္ေရာက္လာၿပီးေတာ့ ဒုတိယအႀကိမ္ထပ္ၿပီး မီးရွႈိ႕ခဲ့တာျဖစ္တယ္လို႔ အင္ငုတ္တို႔႐ြာ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ဒုတိယအႀကိမ္ေပါ့၊ ၁၆ ရက္ေန႔က ရွုိ႔တာ၊ အဲ့ဒီေန႔က အင္အား ၇၀ ေလာက္နဲ႔ အရင္ဝင္တယ္။ ဝင္ၿပီးေတာ့ မီးရိႈ႕တယ္၊ အဲ့မွာ ခ်က္ႀကီး႐ြာမွာရွိတဲ့ သူတို႔ရဲ႕ ပ်ဴေစာထီးေတြက လာေပါင္းၿပီးေတာ့ ကြၽန္ေတာ္တို႔႐ြာကို မီးရွုိ႕သြားတာေပါ့။ ေနအိမ္အလုံး ၃၃လုံး မီးရႈိ႕သြားတယ္။ ပစ္တာခတ္တာကေတာ့ ရွိပါတယ္ဗ်။ ကြၽန္ေေတာ္တို႔ ႐ြာနဲ႔ တမိုင္ ေက်ာ္ေက်ာ္ေလာက္ကတည္းက သူတို႔ေတြ လက္နက္ႀကီးေတြ၊ စက္ေသနတ္ေတြနဲ႔ ရမ္းသမ္းပစ္တယ္၊ ေနာက္တစ္ခုက ၆၀ မမ လက္နက္ႀကီးေတြနဲ႔ေရာ ပစ္တယ္။ အဲ့ကေနမွ တအိမ္ခ်င္း ခြဲဝင္တယ္ဗ် ။႐ြာထဲကို အကုန္လုံးတခါတည္း ဝင္တာ မဟုတ္ဘူးဗ်။ ပင့္သာကိုေတာ့ မနက္ ၈ နာရီေလာက္က ဝင္တာ။ မီးရႈိ႕တာကေတာ့ ညေန ၄ နာရီေလာက္ကမွ ရွုိ႕တယ္။ ၿပီးေတာ့ ၃၂ အိမ္ မီးေလာင္သြားတယ္။”

စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး လုပ္ငန္းေတြေၾကာင့္ ကန႔္ဘလူၿမိဳ႕နယ္အတြင္းက ေက်း႐ြာေပါင္း ၃၀ ေက်ာ္ေလာက္ မီးရွုိ႕ခံရၿပီး စစ္ေဘးေရွာင္ေတြအတြက္ ေနထိုင္ေရးနဲ႔ စားေသာက္ေရးေတြ ခက္ခဲေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က မ်ားေသာအားျဖင့္ ေရွာင္လိုက္ေျပးလိုက္ ဆိုေတာ့ ေဆးဝါးက လြယ္လြယ္ကူကူ ဝယ္လို႔မရေတာ့ဘူး။ အဲ့ေတာ့ ေဆးဝါးလိုတယ္။ ေနာက္တစ္ခုက အစားအေသာက္ေပါ့၊ အစားအေသာက္က ျဖစ္သလို စားေနရတယ္။ ေနာက္တခုက ေနဖို႔ထိုင္ဖို႔ကလဲ ေနစရာမရွိၾကေတာ့ အဲ့ဒါေတြလည္း အခက္အခဲျဖစ္ၾကပါတယ္။

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ေတာင္ပိုင္း သံဖို႐ြာမွာ ၾသဂုတ္ ၂၂ ရက္က စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ၾသဂုတ္ ၂၃ ရက္မွာေတာ့ စစ္ေကာင္စီတပ္စြဲထားတဲ့ ရန္ႀကီးေအာင္ ေက်း႐ြာကေန ကေလးၿမိဳ႕ေတာင္ပိုင္းကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ကေလးေဒသခံကာကြယ္ေရး တပ္ဖြဲ႕တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“မေန႔က ေန႔လည္ပိုင္းကေနစၿပီးေတာ့ ထိေတြ႕မႈျဖစ္တယ္။ သံဖို႐ြာထဲမွာ အဲ့မွာျဖစ္တဲ့အခ်ိန္မွာ သူတို႔က ဆိုင္ကယ္နဲ႔လာတာေပါ့ေနာ္။ ဆိုင္ကယ္နဲ႔လာတဲ့အခ်ိန္မွာ ပစ္ခတ္မႈစျဖစ္တယ္။ ၿပီးေတာ့ အဲ့မွာ (စစ္ေကာင္စီ) ၂ ေယာက္က်တယ္ခင္ဗ်။ အဲ့မွာ ပူးေပါင္းတပ္ဖြဲ႕ေတြ ကြၽန္ေတာ္တို႔သြားေရာက္တယ္။ အဲ့မွာေနာက္ထပ္ ထိေတြ႕မႈျဖစ္တယ္။ တေယာက္က်တယ္။ ၃ ေယာက္ေပါ့။'

ကေလးၿမိဳ႕ေတာင္ပိုင္းကို အခု ၾသဂုတ္လ အေစာပိုင္းကတည္းက ျမန္မာစစ္တပ္ဘက္က နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးေတြ ဆက္တိုက္လုပ္ေနၿပီး ေဒသခံကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ အၿမဲလိုလို တိုက္ပြဲေတြျဖစ္ပြားေနတာပါ။

ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတဲ့အတြက္ ထိုးစစ္ဆင္တာလို႔ စစ္ေကာင္ဘက္က အေၾကာင္းျပပါတယ္။ ေဒသခံေတြကလည္း နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးအတြင္းမွာ သူတို႔ ေက်း႐ြာေနအိမ္ေတြကို စစ္တပ္ဘက္က မီးရႈိ႕ဖ်က္ဆီးတာကို ခံရတယ္ဆိုၿပီး ေျပာဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

စစ်ကိုင်းတိုင်း စစ်ရေး အခြေအနေ

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တောင်ပိုင်းကို အခု သြဂုတ်လ အစောပိုင်းကတည်းက မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်နေပြီး ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အမြဲလိုလို တိုက်ပွဲတွေဖြစ်ပွားနေသလို ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာ သုံးရွာလောက် မီးရှို့ခံခဲ့ရပါတယ်။ မြန်မာစစ်တပ်ဘက်ကတော့ အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ငြင်းဆိုနေချိန်မှာပဲ ရာနဲ့ချီတဲ့နေအိမ်တွေ မီးလောင်ပျက်စီးပြီး PDF တပ်တွေနဲ့ စစ်တပ်အကြား အပြန်အလှန်စွပ်စွဲနေသလို ဒေသခံတွေကလည်း စစ်တပ်ဘက်က မီးရှို့ဖျက်ဆီးတာလို့ ပြောနေပါတယ်။ ရန်ကုန်က လာတဲ့ သတင်းအပြည့်အစုံကို မအေးသန္တာကျော် က ပြောပြပါ့မယ်။

ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာက သြဂုတ် ၂၂ ရက်က ထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၆၀ ကျော်လောက်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီကနေ့ မနက်ပိုင်း ၈ နာရီကျော်ဝန်းကျင်လောက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှှုတွေ ရှိတယ်လို့ ကန့်ဘလူတောင်ခြမ်း သုံးညီနောင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ က VOA ကို ပြောပါတယ်။

“အခု စစ်ကြောင်းက လက်ခုပ်ပင်နဲ့ အောင်ချမ်းသာရွာ ကြားမှာရှိတာပါ။ အခုလက်ရှိ တိုက်ပွဲဖြစ်နေပါတယ်။ မနက် ၈ နာရီ ၂၀ ကစဖြစ်တာ။ ရဟတ်ယာဉ်တို့ Jet Fighter တို့နဲ့ ပစ်တာက ၁ နာရီဝန်းကျင်လောက်ကပေါ့။ ရဟတ်ယာဉ်နဲ့ ဝဲပစ်တာရှိတယ်။ Fighter နဲ့ ပစ်တာရှိတယ်။ နောက် စစ်သားတွေကို အခု ထပ်တိုးပြီး ချနေပါတယ်ဗျ။ အောင်ချမ်းသာာနားမှာ။ လက်နက်တွေ သိမ်းဆည်းရမိတာ ရှိပါတယ်။

နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက် မရသေးပါဘူး။ သြဂုတ်လ ၂၂ ရက်နေ့လည်း စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူမြို့နယ်ထဲက ညောက်ကုန်းရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ လောက် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အရပ်သားနေအိမ်တွေ မီးရှို့တာ သူတို့ မဟုတ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

“ညောင်ကုန်းမှာတော့ တိုက်ပွဲဖြစ်တဲ့ အခြေအနေတွေ ဘာမှ မရှိဘူးဗျ။ သူတို့ရည်ရွယ်ချက် တစ်ခုခုကြောင့် ရှှို့တာလို့တော့ ကျွန်တော်တို့က ထင်တယ်။ ဘာကြောင့် ရှှို့တာလဲတော့ ကျွန်တော်လဲမပြောတတ်ဘူး။

ဒေသခံတဦးပြောပြသွားတာပါ။ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ အင်ငုတ်တိုရွာမှာ နေအိမ် ၁၂၃ လုံး မီးလောင်ခဲ့ပါတယ်။ ခုတခါ စစ်ကောင်စီတပ်တွေဟာ အင်ငုတ်တို့ရွာကို ၁၆ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ဝင်ရောက်လာပြီးတော့ ဒုတိယအကြိမ်ထပ်ပြီး မီးရှှို့ခဲ့တာဖြစ်တယ်လို့ အင်ငုတ်တို့ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒုတိယအကြိမ်ပေါ့၊ ၁၆ ရက်နေ့က ရှို့တာ၊ အဲ့ဒီနေ့က အင်အား ၇၀ လောက်နဲ့ အရင်ဝင်တယ်။ ဝင်ပြီးတော့ မီးရှို့တယ်၊ အဲ့မှာ ချက်ကြီးရွာမှာရှိတဲ့ သူတို့ရဲ့ ပျူစောထီးတွေက လာပေါင်းပြီးတော့ ကျွန်တော်တို့ရွာကို မီးရှို့သွားတာပေါ့။ နေအိမ်အလုံး ၃၃လုံး မီးရှို့သွားတယ်။ ပစ်တာခတ်တာကတော့ ရှိပါတယ်ဗျ။ ကျွန်ေတော်တို့ ရွာနဲ့ တမိုင် ကျော်ကျော်လောက်ကတည်းက သူတို့တွေ လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ ရမ်းသမ်းပစ်တယ်၊ နောက်တစ်ခုက ၆၀ မမ လက်နက်ကြီးတွေနဲ့ရော ပစ်တယ်။ အဲ့ကနေမှ တအိမ်ချင်း ခွဲဝင်တယ်ဗျ ။ရွာထဲကို အကုန်လုံးတခါတည်း ဝင်တာ မဟုတ်ဘူးဗျ။ ပင့်သာကိုတော့ မနက် ၈ နာရီလောက်က ဝင်တာ။ မီးရှို့တာကတော့ ညနေ ၄ နာရီလောက်ကမှ ရှို့တယ်။ ပြီးတော့ ၃၂ အိမ် မီးလောင်သွားတယ်။”

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကြောင့် ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၀ ကျော်လောက် မီးရှို့ခံရပြီး စစ်ဘေးရှောင်တွေအတွက် နေထိုင်ရေးနဲ့ စားသောက်ရေးတွေ ခက်ခဲနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့က များသောအားဖြင့် ရှောင်လိုက်ပြေးလိုက် ဆိုတော့ ဆေးဝါးက လွယ်လွယ်ကူကူ ဝယ်လို့မရတော့ဘူး။ အဲ့တော့ ဆေးဝါးလိုတယ်။ နောက်တစ်ခုက အစားအသောက်ပေါ့၊ အစားအသောက်က ဖြစ်သလို စားနေရတယ်။ နောက်တခုက နေဖို့ထိုင်ဖို့ကလဲ နေစရာမရှိကြတော့ အဲ့ဒါတွေလည်း အခက်အခဲဖြစ်ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း သံဖိုရွာမှာ သြဂုတ် ၂၂ ရက်က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ သြဂုတ် ၂၃ ရက်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ရန်ကြီးအောင် ကျေးရွာကနေ ကလေးမြို့တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကလေးဒေသခံကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“မနေ့က နေ့လည်ပိုင်းကနေစပြီးတော့ ထိတွေ့မှုဖြစ်တယ်။ သံဖိုရွာထဲမှာ အဲ့မှာဖြစ်တဲ့အချိန်မှာ သူတို့က ဆိုင်ကယ်နဲ့လာတာပေါ့နော်။ ဆိုင်ကယ်နဲ့လာတဲ့အချိန်မှာ ပစ်ခတ်မှုစဖြစ်တယ်။ ပြီးတော့ အဲ့မှာ (စစ်ကောင်စီ) ၂ ယောက်ကျတယ်ခင်ဗျ။ အဲ့မှာ ပူးပေါင်းတပ်ဖွဲ့တွေ ကျွန်တော်တို့သွားရောက်တယ်။ အဲ့မှာနောက်ထပ် ထိတွေ့မှုဖြစ်တယ်။ တယောက်ကျတယ်။ ၃ ယောက်ပေါ့။'

ကလေးမြို့တောင်ပိုင်းကို အခု သြဂုတ်လ အစောပိုင်းကတည်းက မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်နေပြီး ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အမြဲလိုလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတဲ့အတွက် ထိုးစစ်ဆင်တာလို့ စစ်ကောင်ဘက်က အကြောင်းပြပါတယ်။ ဒေသခံတွေကလည်း နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်းမှာ သူတို့ ကျေးရွာနေအိမ်တွေကို စစ်တပ်ဘက်က မီးရှို့ဖျက်ဆီးတာကို ခံရတယ်ဆိုပြီး ပြောဆိုနေပါတယ်။

XS
SM
MD
LG