[Zawgyi/Unicode]
စစ္ကိုင္းတိုင္း ကနီၿမိဳ႕၊ ကင္းရြာအနီး ခ်င္းတြင္းျမစ္ထဲမွာ ေဒသခံေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ဒီေန႔ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ခဲ့ပါတယ္။ ဦးပိုင္လုပ္ငန္းရဲ႕ ယမ္းတင္ေဆာင္လာတဲ့ သေဘၤာနဲ႔ လံုၿခံဳေရးလိုက္လာတဲ့သေဘၤာေတြကို တုိက္ခိုက္ခဲ့တာျဖစ္ၿပီး လံုျခံဳေရးလိုက္လာတဲ့ သေဘၤာကို ေဒသခံေတြဘက္က ႏွစ္ျမွဳပ္လိုက္ၿပီး လက္နက္ေတြကိုလည္း သိမ္းယူလိုက္တယ္လို႔ ဆိုပါတယ္။ ဒီျဖစ္စဥ္အၿပီး အနီးနားက ေက်းရြာေတြမွာလည္း ရြာသားေတြ ထြက္ေျပးေနရပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းကေျပာျပပါမယ္။
စစ္တပ္ပိုင္ ဦးပိုင္လုပ္ငန္းႀကီးရဲ႕ ခႏၱီးၿမိဳ႕မွာ႐ွိတဲ့ သတၱဳတြင္းေတြဆီကို ပို႔ေဆာင္ဖို႔ ယမ္းေတြတင္ေဆာင္လာတဲ့ သေဘၤာကို ဒီကေန႔မနက္ပိုင္းမွာ ေဒသခံေတြက ၾကားျဖတ္တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။
ယမ္းတင္သေဘၤာနဲ႔ အဲဒီသေဘၤာအတြက္ လံုၿခံဳေရးလုိက္ေပးတဲ့သေဘၤာ စုစုေပါင္း ႏွစ္ စီးကို ကနီၿမိဳ႕၊ ကင္းရြာအနီး ခ်င္းတြင္းျမစ္ထဲမွာ ေဒသခံေတြက တိုက္ခိုက္ခဲ့ၾကတယ္လို႔ေျပာတာပါ။ တုိက္ခိုက္မႈအတြင္း လံုၿခံဳေရးသေဘၤာကို ႏွစ္ျမွဳပ္လိုက္ၿပီး စစ္ေကာင္စီဘက္က လက္နက္ေတြကိုလည္း သိမ္းယူခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕မွာ ပါ၀င္သူတဦးက ဗီြအိုေအကိုေျပာပါတယ္။
“ယမ္းအိတ္ေတြ တင္ေဆာင္လာတဲ့ ေရွ႕မွာ ကင္းလံုၿခဳေရးေျပးတဲ့ ေရွ႕ကင္းအေနနဲ႔ တပ္ဖြဲ႕၀င္ ၅၀ ပါတဲ့ လံုၿခံဳေရးလိုက္တဲ့ ေရယာဥ္ အဲ့လံုၿခံဳေရးလိုက္တဲ့ အဖြဲ႕၀င္ ၅၀ ဦးပါတဲ့ ေရယာဥ္ကို ထိုးျမွဳပ္လိုက္တယ္။ ထိုးျမွဳပ္လိုက္တယ္ဆိုတဲ့ ေရထဲမွာဆိုေတာ့ ျပန္လည္ ပစ္ခတ္ႏိုင္စြမ္းမရွိဘူး။ တခ်ိဳ႕ကလည္း လက္နက္ေတြကို ေရထဲကိုထိုးခ်လိုက္တယ္။ စစ္ေကာင္စီရဲ႕ ဦးပိုင္မွာ သံုးတဲ့ ယမ္းအိတ္၊ အဲဒီ ယမ္းအိတ္ေတြကို ခႏၱီးဘက္ကို ပို႔တာပါ။ အဲ့ဒီသတင္းၾကားလို႔ က်ေနာ္တို႔ျပည္သူေတြကို ျမစ္ကမ္းေဘးမွာ အၿမဲတပ္လွန္႔ၿပီးေတာ့ အသင့္ေနရာယူဖို႔ အေနအထားေကာင္းမယ့္ေနရာကေန အသင့္ေနရာယူဖို႔ က်ေနာ္တို႔ ခ်ိတ္ဆက္တယ္။ ေရေၾကာင္းမွာ အဲဒီလိုလုပ္လိုက္တာ အခုလိုျဖစ္သြားတယ္။ သူတို႔ဘက္က လက္နက္ရလိုက္တယ္ သူတို႔ဘက္က ရလိုက္တဲ့ လက္နက္နဲ႔ ေနာက္တေက်ာ့ ထပ္ပစ္တယ္။”
ဒီကေန႔ မနက္အေစာပိုင္းကေန ျဖစ္ပြားတဲ့ ပစ္ခတ္မႈမွာ စစ္ေကာင္စီဘက္က အနည္းဆံုး ၁၀ ဦးထက္ မနည္းေသဆံုးတယ္လို႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြက ေျပာပါတယ္။ ေသဆံုးမႈနဲ႔ပတ္သက္လို႔ ဗီြအိုေအကေတာ့ သီးျခားအတည္မျပဳႏုိင္ပါဘူး။ စစ္တပ္ဘက္ကလည္း လက္နက္ႀကီးေတြနဲ႔ ေက်းရြာေတြဘက္ကို ပစ္ခတ္ခဲ့ပါတယ္။
ကင္း႐ြာအနီးမွာ ခုလိုတိုက္ခိုက္မႈျဖစ္ခဲ့ၿပီးေနာက္ ကင္းရြာက ႐ြာသားေတြအျပင္ ေခ်ာင္းသာျခားတဲ့ယင္းရြာေက်း႐ြာက ႐ြာသားေတြဟာနီးစပ္ရာေတာေတြမွာ ထြက္ေျပးခိုလံႈေနရပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ယင္းရြာ ရြာသားတဦးက အခုလိုေျပာပါတယ္။
“အခုတင္ က်ေနာ္တို႔ေတာင္ ေတာထဲပုန္းေနရတာ။ ခုနကေတာင္ ပစ္တုန္းရွိေသးတယ္။ လက္နက္ႀကီးသံေတြ က်ေနာ္ထင္တာေပါ့ဗ်ာ။ က်ေနာ္တို႔ ရြာက အဲ့ဒီလိုျဖစ္တယ္ဆိုေတာ့ က်ေနာတို႔ ရြာက ျမစ္တဘက္ကမ္းမွာ က်ေနာ္တို႔က အဲ့ဒီဘက္ကနီးတယ္။ ကုန္းလမ္းေၾကာကလည္း ရွိေတာ့ မေနရဲလို႔ ထြက္ေျပးေနၾကတာ။”
ဒါ့အျပင္စစ္ကိုင္းတိုင္း မံုရြာ၊ ယာႀကီး၊ ကေလး၀ လမ္းပိုင္းမွာလည္း စစ္ေကာင္စီတပ္ရဲ႕ ကား ၂ စီးကို ေဒသခံေတြက မိုင္းခြဲတိုက္ခိုက္ခဲ့တယ္လို႔ေျပာသလို ေခ်ာင္းမ႐ြာနဲ႔ ကနီၿမိဳ႕ၾကား သမင္ၿခံေက်းရြာအနီးမွာလည္း ေဒသခံေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ဒီေန႔ အျပန္အလွန္ ပစ္ခတ္မႈေတြ ႐ွိခဲ့တယ္လုိ႔ ေဒသခံေတြကေျပာပါတယ္။
[Unicode Version]
စစ်ကိုင်း၊ ကင်းရွာအနီး ဒေသခံတွေနဲ့ စစ်ကောင်စီတပ်ကြား ပစ်ခတ်
စစ်ကိုင်းတိုင်း ကနီမြို့၊ ကင်းရွာအနီး ချင်းတွင်းမြစ်ထဲမှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဦးပိုင်လုပ်ငန်းရဲ့ ယမ်းတင်ဆောင်လာတဲ့ သင်္ဘောနဲ့ လုံခြုံရေးလိုက်လာတဲ့သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လုံခြုံရေးလိုက်လာတဲ့ သင်္ဘောကို ဒေသခံတွေဘက်က နှစ်မြှုပ်လိုက်ပြီး လက်နက်တွေကိုလည်း သိမ်းယူလိုက်တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်အပြီး အနီးနားက ကျေးရွာတွေမှာလည်း ရွာသားတွေ ထွက်ပြေးနေရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။
စစ်တပ်ပိုင် ဦးပိုင်လုပ်ငန်းကြီးရဲ့ ခန္တီးမြို့မှာရှိတဲ့ သတ္တုတွင်းတွေဆီကို ပို့ဆောင်ဖို့ ယမ်းတွေတင်ဆောင်လာတဲ့ သင်္ဘောကို ဒီကနေ့မနက်ပိုင်းမှာ ဒေသခံတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ယမ်းတင်သင်္ဘောနဲ့ အဲဒီသင်္ဘောအတွက် လုံခြုံရေးလိုက်ပေးတဲ့သင်္ဘော စုစုပေါင်း နှစ် စီးကို ကနီမြို့၊ ကင်းရွာအနီး ချင်းတွင်းမြစ်ထဲမှာ ဒေသခံတွေက တိုက်ခိုက်ခဲ့ကြတယ်လို့ပြောတာပါ။ တိုက်ခိုက်မှုအတွင်း လုံခြုံရေးသင်္ဘောကို နှစ်မြှုပ်လိုက်ပြီး စစ်ကောင်စီဘက်က လက်နက်တွေကိုလည်း သိမ်းယူခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့မှာ ပါဝင်သူတဦးက ဗွီအိုအေကိုပြောပါတယ်။
“ယမ်းအိတ်တွေ တင်ဆောင်လာတဲ့ ရှေ့မှာ ကင်းလုံခြုရေးပြေးတဲ့ ရှေ့ကင်းအနေနဲ့ တပ်ဖွဲ့ဝင် ၅၀ ပါတဲ့ လုံခြုံရေးလိုက်တဲ့ ရေယာဉ် အဲ့လုံခြုံရေးလိုက်တဲ့ အဖွဲ့ဝင် ၅၀ ဦးပါတဲ့ ရေယာဉ်ကို ထိုးမြှုပ်လိုက်တယ်။ ထိုးမြှုပ်လိုက်တယ်ဆိုတဲ့ ရေထဲမှာဆိုတော့ ပြန်လည် ပစ်ခတ်နိုင်စွမ်းမရှိဘူး။ တချို့ကလည်း လက်နက်တွေကို ရေထဲကိုထိုးချလိုက်တယ်။ စစ်ကောင်စီရဲ့ ဦးပိုင်မှာ သုံးတဲ့ ယမ်းအိတ်၊ အဲဒီ ယမ်းအိတ်တွေကို ခန္တီးဘက်ကို ပို့တာပါ။ အဲ့ဒီသတင်းကြားလို့ ကျနော်တို့ပြည်သူတွေကို မြစ်ကမ်းဘေးမှာ အမြဲတပ်လှန့်ပြီးတော့ အသင့်နေရာယူဖို့ အနေအထားကောင်းမယ့်နေရာကနေ အသင့်နေရာယူဖို့ ကျနော်တို့ ချိတ်ဆက်တယ်။ ရေကြောင်းမှာ အဲဒီလိုလုပ်လိုက်တာ အခုလိုဖြစ်သွားတယ်။ သူတို့ဘက်က လက်နက်ရလိုက်တယ် သူတို့ဘက်က ရလိုက်တဲ့ လက်နက်နဲ့ နောက်တကျော့ ထပ်ပစ်တယ်။”
ဒီကနေ့ မနက်အစောပိုင်းကနေ ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးထက် မနည်းသေဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ သေဆုံးမှုနဲ့ပတ်သက်လို့ ဗွီအိုအေကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့ပါတယ်။
ကင်းရွာအနီးမှာ ခုလိုတိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ကင်းရွာက ရွာသားတွေအပြင် ချောင်းသာခြားတဲ့ယင်းရွာကျေးရွာက ရွာသားတွေဟာနီးစပ်ရာတောတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ယင်းရွာ ရွာသားတဦးက အခုလိုပြောပါတယ်။
“အခုတင် ကျနော်တို့တောင် တောထဲပုန်းနေရတာ။ ခုနကတောင် ပစ်တုန်းရှိသေးတယ်။ လက်နက်ကြီးသံတွေ ကျနော်ထင်တာပေါ့ဗျာ။ ကျနော်တို့ ရွာက အဲ့ဒီလိုဖြစ်တယ်ဆိုတော့ ကျနောတို့ ရွာက မြစ်တဘက်ကမ်းမှာ ကျနော်တို့က အဲ့ဒီဘက်ကနီးတယ်။ ကုန်းလမ်းကြောကလည်း ရှိတော့ မနေရဲလို့ ထွက်ပြေးနေကြတာ။”
ဒါ့အပြင်စစ်ကိုင်းတိုင်း မုံရွာ၊ ယာကြီး၊ ကလေး၀ လမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ ကား ၂ စီးကို ဒေသခံတွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ပြောသလို ချောင်းမရွာနဲ့ ကနီမြို့ကြား သမင်ခြံကျေးရွာအနီးမှာလည်း ဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။