သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္ ဆားကြင္းေတြ မိုးႀကီးလို႔ပ်က္စီး


မြန္ျပည္နယ္ ဆားလုပ္ငန္းခြင္

မြန္ျပည္နယ္ ဆားကြင္းေတြ မိုးႀကီးလို႔ပ်က္စီး

{{Zawgyi/Unicode }}
ျမန္မာနိုင္ငံေတာင္ပိုင္း မြန္ျပည္နယ္အတြင္းမွာ အခုႏွစ္ဆန္းပိုင္းက အခ်ိန္အခါမဟုတ္ မိုးေတြ႐ြာလို႔ ျပည္နယ္ထဲက ေနလွန္းဆား လုပ္ငန္းေတြ ထိခိုက္ေနပါတယ္။ အထူးသျဖင့္ ဖိုငွားရတဲ့လုပ္ငန္းေတြ ဆုံးရွံဳးမွဳမ်ားတယ္လို႕ ဆားလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ဆားလုပ္ငန္းေတြ ထိခိုက္ေနတဲ့အတြက္ ဆားခ်က္ေတာင္သူေတြလည္း ဒုကၡေရာက္ေနၾကပါတယ္။ မြန္ျပည္နယ္ဘက္က ဆားလုပ္ငန္းေတြ အခက္ႀကံဳေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ကတင္ျပပါမယ္။

မြန္ျပည္နယ္အတြင္း ေနလွန္းဆားလုပ္ငန္းကို သံျဖဴဇရပ္ၿမိဳ႕နယ္၊ ေပါင္ၿမိဳ႕နယ္၊ ေရးၿမိဳ႕နယ္ဘက္မွာ တြင္တြင္က်ယ္က်ယ္ လုပ္ကိုင္ၾကပါတယ္။ ဒီႏွစ္ဆန္းပိုင္းမွာေတာ့ အခ်ိန္အခါမဟုတ္ မိုးေတြ႐ြာခဲ့လို႔ ေနလွန္းဆားလုပ္ငန္းပ်က္စီးခဲ့တယ္လို႔ သံျဖဴဇရပ္ၿမိဳ႕နယ္ ပင္ေက်းရြာက ဆားလုပ္ငန္းပိုင္ရွင္ဦးေက်ာ္သူကေျပာပါတယ္။

“ အေျခအေနကမေကာင္းဘူး။ မိုးရြာတယ္။ မိုးဖ်က္တယ္ဆိုေတာ့ ထြက္ႏွဳန္းက (၁၀၀) ရာခိုင္ႏွဳန္းဆို မႏွစ္က ေတာ့ (၆၀) ရာခိုင္ႏွဳန္းထြက္တယ္။ အခု အဲဒီ (၆၀) ရာခိုင္ႏွဳန္းထြက္ဖို႕အသည္းအသန္ဘဲ။ ဒီႏွစ္ကေတာ့ျပန္မရနိုင္ဘူးေပါ့။ ဆားလုပ္ငန္းကေတာ့ ဆားေတာ့ပ်က္တာေပါ့။ ပ်က္ၿပီးေတာ့ ေစ်းကေတာ့ ေကာင္းေတာ့ေကာင္းတယ္။ ဆားမွမရေတာ့ ဘာမွမတတ္နိုင္ဘူး။ အခုဆားထြက္ေကာင္းတဲ့ရာသီဘဲ။ အခုႏွစ္လပိုင္း၊သုံးလပိုင္း၊ေလးလပိုင္း ဆားထြက္ေကာင္းတဲ့ ရာသီဘဲ။ ႏွစ္လပိုင္းေပါ့ ၊ မိုးရြာလိုက္လို႕။ တလပိုင္းလဲတခါရြာတယ္။ ႏွစ္လပိုင္းလဲရြာတယ္။ ဆားေတာင္သူေတြကေတာ့ သြားၿပီးေပါ့။”

မြန္ျပည္နယ္ထဲမွာ သံျဖဴဇရပ္ၿမိဳ႕နယ္ဟာ ဆားအမ်ားထြက္တဲ့ ၿမိဳ႕နယ္တခုျဖစ္ပါတယ္။ မိုးေလကင္းလြတ္တဲ့ ေအာက္တိုဘာလေလာက္မွာ ညီညာေအာင္ ျပဳျပင္ထားတဲ့ ဆားကြင္းေတြထဲ သင့္ေတာ္တဲ့ ပင္လယ္ဆားငံေရ ထည့္သြင္းၿပီး ေနလွန္းဆားကို ထုတ္လုပ္ရပါတယ္။ ေလးလနီးပါးေလာက္ ဆားၾကမ္းထြက္တဲ့အထိ ေနလွန္းထားရၿပီး၊ အနယ္က်လာတဲ့ ဆားၾကမ္းေတြကို သိမ္းဆည္းရတာပါ။ မုိး႐ြာသြန္းမႈ မ႐ွိတဲ့လေတြမွာ ဆားလုပ္ငန္းကို လုပ္ၾကတာျဖစ္လို႔ တႏွစ္မွာ ဆားလုပ္ငန္း လုပ္ႏိုင္ခ်ိန္က ၇ လေလာက္သာျဖစ္ပါတယ္။ အခု ၂၀၂၂ ခုႏွစ္မွာေတာ့ မိုးရြာသြန္းခဲ့လို ဆားကြင္းပ်က္စီးမွဳမ်ားျပားတယ္လို႕ ဦးေက်ာ္သူက ဆက္ေျပာပါတယ္။

“ ရာသီဥတုေၾကာင့္သာ ခါတိုင္းႏွစ္လိုပုံစံမ်ိဳးက်ေတာ့ (၅၀) ရာခိုင္ႏွဳန္းရွိဖို႕ အသည္းအသန္လုပ္ရမယ္။ ဒီသုံးလပိုင္းနဲ႕ ေလးလပိုင္းရခဲ့ရင္ေတာ့။ (၅၀) ရာခိုင္ႏွဳန္းျပည့္မယ္။ ခါတိုင္းကြ်န္ေတာ္တို႕ ဥပမာ ပိႆာ (၁၀) သိန္းဆိုရင္ ကြ်န္ေတာ္တို႕ ကထြက္တာေပါ့။ မႏွစ္ကဆိုရင္ ရာသီဖ်က္တဲ့အတြက္ ပိႆ (၁၀)သ ိန္းေနရာမွာ (၆)သိန္းေလာက္ဘဲထြက္တယ္။ ဒီႏွစ္ေတာ့ မႏွစ္ကလို မမီေတာ့ဘူး ”
ဆားလုပ္ငန္းမွာ ကိုယ္ပိုင္ဖိုနဲ႔ အငွားဖိုဆိုၿပီးရွိေနၾကပါတယ္။ သူမ်ားလယ္ကြက္ကို ငွားရမ္းၿပီး ဆားထုတ္လုပ္သူေတြ ဒီႏွစ္ေတာ့ အရွဳံးေပၚေနတယ္လို႕ ဦးေက်ာ္သူကဆက္ေျပာပါတယ္။

“ ဖိုေတြက အငွားဖိုဆိုရင္ေတာ့ ငွားတဲ့သူကအရွံဳးေပၚနိုင္တယ္။ ဒီအတိုင္းဆိုရင္။ သူဖိုနဲ႕သူဘဲဆိုေတာ့ သူတို႕ဟာနဲ႕ သူတို႕ဘဲ သူတို႕ေျမဘဲ ။ အဲဒီလူေတြကအရင္းေလာက္ရဖို႕အသည္းအသန္ဘဲ။ ဖိုငွားတဲ့သူက်ေတာ့ ေနာက္ပိုင္းရာသီမွာေတာ့ ေသခ်ာေပါက္ရွံဳးၿပီး။ ”

ေပါင္ၿမိဳ႕နယ္ ထန္းပင္ေခ်ာင္ႀကီးေက်းရြာက ဆားလုပ္ငန္းရွင္တဦးကလဲ ဆားကြက္ထဲ ဆားငံေရသြင္းဖို႕ ေလာင္စာဆီ ေစ်းျမင့္မားေနသလို မိုးဖ်က္လို႕ ဆားကြင္းေတြပ်က္စီးမွဳေတြနဲ႕ၾကံဳေနရတယ္လို႕ေျပာပါတယ္။ အခုလို မြန္ျပည္နယ္မွာ ဆားလုပ္ငန္းေတြကို တြင္တြင္က်ယ္က်ယ္ ထုတ္လုပ္ေနေပမဲ့ ျမန္မာတႏိုင္ငံလံုးက စားသုံးသူေတြနဲ႕ စားေသာက္ကုန္လုပ္ငန္းရွင္ အမ်ားစုကေတာ့ ထိုင္းနိုင္ငံက တင္သြင္းလာတဲ့ ဆားကိုသာ အသုံးျပဳေနၾကပါတယ္။ အရည္အေသြးကြာျခားခ်က္ေၾကာင့္ ထိုင္းကသြင္းလာတဲ့ ဆားေတြကိုသုံးေနရတာလို႕ စားေသာက္ကုန္ လုပ္ငန္း ရွင္တဦး ကျမင္ပါတယ္။

“ ကြ်န္ေတာ္တို႕ မြန္ျပည္နယ္ကဆားက မုန္႕ေတြလုပ္တာတို႕ ေခါက္ဆြဲေျခာက္ေတြလုပ္တဲ့ေနရာမွာ မလွဘူးဗ်။ သူက မျဖဴေဖြးတဲ့ဥစၥာေပါ့ေလ။ ထိုင္းဆားေတြကေတာ့ မုန္႕ေတြဘာေတြအရမ္းေကာင္းတယ္။ အေရာင္အေသြးေကာင္းတာေပါ့။ ကြ်န္ေတာ္တို႕ မြန္ျပည္နယ္ကဆားက အေရာင္ကမြဲတာေပါ့။ ေခါက္ဆြဲတို႕လုပ္တဲ့လုပ္ငန္းေတြ ၊ မုန္႕ဘီစကစ္စ္ို႕လုပ္တဲ့ လုပ္ငန္း ေတြမွာ မြန္ျပည္နယ္က ဆားကိုမသုံးခ်င္ၾကဘူး။ ေနာက္တခုက စိုထိုင္းဆ။ကြ်န္ေတာ္တို႕မြန္ျပည္နယ္က ဆားေတြက်ေတာ့ ဒီအတိုင္းဘဲ အစိုဓါတ္ကို စုပ္ယူထားတာမရွိဘူး။ စိုထိုင္းဆက မထိန္းနိုင္ဘူး။ ထိုင္းဆားေတြကေတာ့ေျခာက္တယ္ဗ်။ သူကဆားပြင့္ဆားခဲေတြ တလုံးနဲ႕တလုံးကမကပ္ဘူး။ အရည္အေသြးမွာက်ေတာ့အရမ္းကြာတာေပါ့။ ဒါေၾကာင့္ ေစ်းကြက္မွာဆိုရင္ သုံးမဲ့သူေတြဆိုရင္ ထိုင္းဆားကိုဘဲေရြးသုံးေနပါတယ္။ ”

ဆားလုပ္ငန္းရွင္ေတြအတြက္ အဓိက အခက္အခဲကေတာ့ ဆားၾကမ္းေတြကို ဆားေခ်ာအျဖစ္ သန႔္စင္ထုတ္လုပ္နိုင္မဲ့ အဆင့္ျမႇင့္ ဆားစက္ႀကီးေတြ မရွိတာဟာ နိုင္ငံတကာအဆင့္မီထုတ္လုပ္နိုင္ျခင္းမရွိလို႕ ျပည္တြင္းေစ်းကြက္မွာ ေနရာရရွိမႈနည္းပါးၿပီး ျပည္ပကဝင္ေရာက္လာတဲ့ အရည္အေသြးျမင့္ဆားေတြကို မယွဥ္နိုင္ဘဲ ေစ်းႏႈန္းေတြ က်ဆင္း ေနပါတယ္။ မြန္ျပည္နယ္မွာ သံျဖဴဇရပ္ၿမိဳ႕နယ္ ပငေက်းရြာ ကရုပၸိေက်းရြာ က်ိဳက္ခမီၿမိဳ႕စက္စဲ၊ ေပါင္ၿမိဳ႕နယ္မွာဆို ထန္းပင္ေခ်ာင္ေက်းရြာ၊ ေရးၿမိဳ႕နယ္မွာဆိုရင္ ႏွစ္ကရင္၊ပလိုင္းကီး စတဲ့ေနရာေတြ ေနလွန္းဆားလုပ္ငန္းကို တြင္တြင္က်ယ္က်ယ္ လုပ္ကိုင္ေနၾကပါတယ္။ ၂၀၂၁-၂၀၂၂ခုႏွစ္ ဆားရာသီမွာ မြန္ျပည္နယ္မွာ ဆားလုပ္ငန္းလုပ္ဖုိ႔ လိုင္စင္ရထားတဲ့ ဆားဖိုဧကေပါင္း ၄ ေထာင့္ ၂ရာေက်ာ္႐ွိၿပီး၊ တန္ခ်ိန္အားျဖင့္ ၄၂၅၁ဝ ထုတ္လုပ္နိုင္မယ္လို႕ မြန္ျပည္နယ္ ဆားလုပ္ငန္ဦးစီးဌာနက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

မွန်ပြည်နယ် ဆားကွင်းတွေ မိုးကြီးလို့ပျက်စီး

{{Zawgyi/Unicode }}
မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်အတွင်းမှာ အခုနှစ်ဆန်းပိုင်းက အချိန်အခါမဟုတ် မိုးတွေရွာလို့ ပြည်နယ်ထဲက နေလှန်းဆား လုပ်ငန်းတွေ ထိခိုက်နေပါတယ်။ အထူးသဖြင့် ဖိုငှားရတဲ့လုပ်ငန်းတွေ ဆုံးရှုံးမှုများတယ်လို့ ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆားလုပ်ငန်းတွေ ထိခိုက်နေတဲ့အတွက် ဆားချက်တောင်သူတွေလည်း ဒုက္ခရောက်နေကြပါတယ်။ မွန်ပြည်နယ်ဘက်က ဆားလုပ်ငန်းတွေ အခက်ကြုံနေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကတင်ပြပါမယ်။

မွန်ပြည်နယ်အတွင်း နေလှန်းဆားလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်၊ ရေးမြို့နယ်ဘက်မှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာတော့ အချိန်အခါမဟုတ် မိုးတွေရွာခဲ့လို့ နေလှန်းဆားလုပ်ငန်းပျက်စီးခဲ့တယ်လို့ သံဖြူဇရပ်မြို့နယ် ပင်ကျေးရွာက ဆားလုပ်ငန်းပိုင်ရှင်ဦးကျော်သူကပြောပါတယ်။

“ အခြေအနေကမကောင်းဘူး။ မိုးရွာတယ်။ မိုးဖျက်တယ်ဆိုတော့ ထွက်နှုန်းက (၁၀၀) ရာခိုင်နှုန်းဆို မနှစ်က တော့ (၆၀) ရာခိုင်နှုန်းထွက်တယ်။ အခု အဲဒီ (၆၀) ရာခိုင်နှုန်းထွက်ဖို့အသည်းအသန်ဘဲ။ ဒီနှစ်ကတော့ပြန်မရနိုင်ဘူးပေါ့။ ဆားလုပ်ငန်းကတော့ ဆားတော့ပျက်တာပေါ့။ ပျက်ပြီးတော့ ဈေးကတော့ ကောင်းတော့ကောင်းတယ်။ ဆားမှမရတော့ ဘာမှမတတ်နိုင်ဘူး။ အခုဆားထွက်ကောင်းတဲ့ရာသီဘဲ။ အခုနှစ်လပိုင်း၊သုံးလပိုင်း၊လေးလပိုင်း ဆားထွက်ကောင်းတဲ့ ရာသီဘဲ။ နှစ်လပိုင်းပေါ့ ၊ မိုးရွာလိုက်လို့။ တလပိုင်းလဲတခါရွာတယ်။ နှစ်လပိုင်းလဲရွာတယ်။ ဆားတောင်သူတွေကတော့ သွားပြီးပေါ့။”

မွန်ပြည်နယ်ထဲမှာ သံဖြူဇရပ်မြို့နယ်ဟာ ဆားအများထွက်တဲ့ မြို့နယ်တခုဖြစ်ပါတယ်။ မိုးလေကင်းလွတ်တဲ့ အောက်တိုဘာလလောက်မှာ ညီညာအောင် ပြုပြင်ထားတဲ့ ဆားကွင်းတွေထဲ သင့်တော်တဲ့ ပင်လယ်ဆားငံရေ ထည့်သွင်းပြီး နေလှန်းဆားကို ထုတ်လုပ်ရပါတယ်။ လေးလနီးပါးလောက် ဆားကြမ်းထွက်တဲ့အထိ နေလှန်းထားရပြီး၊ အနယ်ကျလာတဲ့ ဆားကြမ်းတွေကို သိမ်းဆည်းရတာပါ။ မိုးရွာသွန်းမှု မရှိတဲ့လတွေမှာ ဆားလုပ်ငန်းကို လုပ်ကြတာဖြစ်လို့ တနှစ်မှာ ဆားလုပ်ငန်း လုပ်နိုင်ချိန်က ၇ လလောက်သာဖြစ်ပါတယ်။ အခု ၂၀၂၂ ခုနှစ်မှာတော့ မိုးရွာသွန်းခဲ့လို ဆားကွင်းပျက်စီးမှုများပြားတယ်လို့ ဦးကျော်သူက ဆက်ပြောပါတယ်။

“ ရာသီဥတုကြောင့်သာ ခါတိုင်းနှစ်လိုပုံစံမျိုးကျတော့ (၅၀) ရာခိုင်နှုန်းရှိဖို့ အသည်းအသန်လုပ်ရမယ်။ ဒီသုံးလပိုင်းနဲ့ လေးလပိုင်းရခဲ့ရင်တော့။ (၅၀) ရာခိုင်နှုန်းပြည့်မယ်။ ခါတိုင်းကျွန်တော်တို့ ဥပမာ ပိဿာ (၁၀) သိန်းဆိုရင် ကျွန်တော်တို့ ကထွက်တာပေါ့။ မနှစ်ကဆိုရင် ရာသီဖျက်တဲ့အတွက် ပိဿ (၁၀)သ ိန်းနေရာမှာ (၆)သိန်းလောက်ဘဲထွက်တယ်။ ဒီနှစ်တော့ မနှစ်ကလို မမီတော့ဘူး ”
ဆားလုပ်ငန်းမှာ ကိုယ်ပိုင်ဖိုနဲ့ အငှားဖိုဆိုပြီးရှိနေကြပါတယ်။ သူများလယ်ကွက်ကို ငှားရမ်းပြီး ဆားထုတ်လုပ်သူတွေ ဒီနှစ်တော့ အရှုံးပေါ်နေတယ်လို့ ဦးကျော်သူကဆက်ပြောပါတယ်။

“ ဖိုတွေက အငှားဖိုဆိုရင်တော့ ငှားတဲ့သူကအရှုံးပေါ်နိုင်တယ်။ ဒီအတိုင်းဆိုရင်။ သူဖိုနဲ့သူဘဲဆိုတော့ သူတို့ဟာနဲ့ သူတို့ဘဲ သူတို့မြေဘဲ ။ အဲဒီလူတွေကအရင်းလောက်ရဖို့အသည်းအသန်ဘဲ။ ဖိုငှားတဲ့သူကျတော့ နောက်ပိုင်းရာသီမှာတော့ သေချာပေါက်ရှုံးပြီး။ ”

ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာက ဆားလုပ်ငန်းရှင်တဦးကလဲ ဆားကွက်ထဲ ဆားငံရေသွင်းဖို့ လောင်စာဆီ ဈေးမြင့်မားနေသလို မိုးဖျက်လို့ ဆားကွင်းတွေပျက်စီးမှုတွေနဲ့ကြုံနေရတယ်လို့ပြောပါတယ်။ အခုလို မွန်ပြည်နယ်မှာ ဆားလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နေပေမဲ့ မြန်မာတနိုင်ငံလုံးက စားသုံးသူတွေနဲ့ စားသောက်ကုန်လုပ်ငန်းရှင် အများစုကတော့ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ဆားကိုသာ အသုံးပြုနေကြပါတယ်။ အရည်အသွေးကွာခြားချက်ကြောင့် ထိုင်းကသွင်းလာတဲ့ ဆားတွေကိုသုံးနေရတာလို့ စားသောက်ကုန် လုပ်ငန်း ရှင်တဦး ကမြင်ပါတယ်။

“ ကျွန်တော်တို့ မွန်ပြည်နယ်ကဆားက မုန့်တွေလုပ်တာတို့ ခေါက်ဆွဲခြောက်တွေလုပ်တဲ့နေရာမှာ မလှဘူးဗျ။ သူက မဖြူဖွေးတဲ့ဥစ္စာပေါ့လေ။ ထိုင်းဆားတွေကတော့ မုန့်တွေဘာတွေအရမ်းကောင်းတယ်။ အရောင်အသွေးကောင်းတာပေါ့။ ကျွန်တော်တို့ မွန်ပြည်နယ်ကဆားက အရောင်ကမွဲတာပေါ့။ ခေါက်ဆွဲတို့လုပ်တဲ့လုပ်ငန်းတွေ ၊ မုန့်ဘီစကစ်စို့လုပ်တဲ့ လုပ်ငန်း တွေမှာ မွန်ပြည်နယ်က ဆားကိုမသုံးချင်ကြဘူး။ နောက်တခုက စိုထိုင်းဆ။ကျွန်တော်တို့မွန်ပြည်နယ်က ဆားတွေကျတော့ ဒီအတိုင်းဘဲ အစိုဓါတ်ကို စုပ်ယူထားတာမရှိဘူး။ စိုထိုင်းဆက မထိန်းနိုင်ဘူး။ ထိုင်းဆားတွေကတော့ခြောက်တယ်ဗျ။ သူကဆားပွင့်ဆားခဲတွေ တလုံးနဲ့တလုံးကမကပ်ဘူး။ အရည်အသွေးမှာကျတော့အရမ်းကွာတာပေါ့။ ဒါကြောင့် ဈေးကွက်မှာဆိုရင် သုံးမဲ့သူတွေဆိုရင် ထိုင်းဆားကိုဘဲရွေးသုံးနေပါတယ်။ ”

ဆားလုပ်ငန်းရှင်တွေအတွက် အဓိက အခက်အခဲကတော့ ဆားကြမ်းတွေကို ဆားချောအဖြစ် သန့်စင်ထုတ်လုပ်နိုင်မဲ့ အဆင့်မြှင့် ဆားစက်ကြီးတွေ မရှိတာဟာ နိုင်ငံတကာအဆင့်မီထုတ်လုပ်နိုင်ခြင်းမရှိလို့ ပြည်တွင်းဈေးကွက်မှာ နေရာရရှိမှုနည်းပါးပြီး ပြည်ပကဝင်ရောက်လာတဲ့ အရည်အသွေးမြင့်ဆားတွေကို မယှဉ်နိုင်ဘဲ ဈေးနှုန်းတွေ ကျဆင်း နေပါတယ်။ မွန်ပြည်နယ်မှာ သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ကရုပ္ပိကျေးရွာ ကျိုက်ခမီမြို့စက်စဲ၊ ပေါင်မြို့နယ်မှာဆို ထန်းပင်ချောင်ကျေးရွာ၊ ရေးမြို့နယ်မှာဆိုရင် နှစ်ကရင်၊ပလိုင်းကီး စတဲ့နေရာတွေ နေလှန်းဆားလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပါတယ်။ ၂၀၂၁-၂၀၂၂ခုနှစ် ဆားရာသီမှာ မွန်ပြည်နယ်မှာ ဆားလုပ်ငန်းလုပ်ဖို့ လိုင်စင်ရထားတဲ့ ဆားဖိုဧကပေါင်း ၄ ထောင့် ၂ရာကျော်ရှိပြီး၊ တန်ချိန်အားဖြင့် ၄၂၅၁ဝ ထုတ်လုပ်နိုင်မယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်ဦးစီးဌာနက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG