သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Samsung အကြီးအကဲ ဖမ်းဝရမ်း ဆိုင်းငံ့ထား


Jay Y. Lee (အလည်) Samsung အကြီးအကဲ

တောင်ကိုရီးယားသမ္မတ Park Geun-hye နဲ့ ဆက်နွယ်တဲ့ နိုင်ငံရေးအရှုပ်တော်ပုံမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိခံထားရသူ Samsung ကုမ္ပဏီ အကြီးအကဲ Jay Y. Lee ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်ကိုရီးယား အထူး အစိုးရရှေ့နေက တနင်္လာနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ရွေ့ဆိုင်းထားပါတယ်။ ဒီအမှုဟာ ကြီးလွန်းတဲ့အတွက် အခုလို ရက်ရွေ့ဆိုင်းလိုက်တာလို့ ဆိုပါတယ်။

အကျင့်ပျက် ခြစားမှုကိစ္စအတွက် Jay Y. Lee ကို သောကြာနေ့တုန်းက ၂၂ နာရီကြာ စစ်ဆေး မေးမြန်းခဲ့ပြီး ဖြစ်ပါတယ်။

ကုမ္ပဏီ ၂ ခု ပူးပေါင်းရေး အစီအစဉ်အတွက် ထောက်ခံမှု ရရှိအောင် လုပ်ဆောင်တဲ့အနေနဲ့ သမ္မတရဲ့ မိတ်ဆွေ Choi Soon-sil က ကျောထောက်နောက်ခံပေးထားတဲ့ စီးပွားရေး လုပ်ငန်းတခုကို Samsung ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂၅ သန်း လာဘ်ထိုးခဲ့တယ်ဆိုပြီး သံသယဖြစ်ခံနေရတာပါ။

တောင်ကိုရီးယားနိုင်ငံက ဧရာမ စီးပွားရေးကုမ္ပဏီကြီးရဲ့ အကြီးအကဲကို ဖမ်းရေး၊ မဖမ်းရေးဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ တနင်္ဂနွေနေ့မှာ ချလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။

ဒါပေမယ့် အဲဒီလို ဆုံးဖြတ်ချက်ချမယ့် ကိစ္စကို အစိုးရရှေ့နေက တရက် နောက်ဆုတ်လိုက်ပြီး ဒီကနေ့ တနင်္လာနေ့မှာ ချမယ်လို့ ပြောပါတယ်။

သမ္မတ Park Geun-hye ရဲ့ ထောက်ခံမှု ရရှိအောင် Samsung ကုမ္ပဏီက တံစိုးလက်ဆောင် ပေးခဲ့တယ်ဆိုတဲ့ အထောက်အထား ပြနိုင် မပြနိုင်ဆိုတဲ့ကိစ္စဟာ ဒီ အမှုအတွက် အရေးကြီးတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Samsung အကြီးအကဲ ဖမ်းဝရမ်း ဆိုင်းငံ့ထား
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG