သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Samsung ကုမ္ပဏီဝန်ထမ်းတွေ လုပ်အားခတိုးပေးရေး ဆန္ဒပြ တောင်းဆို


တောင်ကိုရီးယားနိုင်ငံ Samsung အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းကုမ္ပဏီက ဝန်ထမ်းတွေဆန္ဒပြနေစဉ် (ဇူလိုင် ၈၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံ Samsung အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းကုမ္ပဏီက ဝန်ထမ်းတွေဆန္ဒပြနေစဉ် (ဇူလိုင် ၈၊ ၂၀၂၄)

တောင်ကိုရီးယားနိုင်ငံ Samsung အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းကုမ္ပဏီက ဝန်ထမ်းတွေ အလုပ်ကနေ ခေတ္တရပ်နားပြီး သပိတ်မှောက် ဆန္ဒပြတာတွေ ဆက်လုပ်သွားမယ့်အကြောင်း အလုပ်သမားသမဂ္ဂက ပြောပါတယ်။

အဖွဲ့ဝင် အယောက် ၆,၅၀၀ လောက်ပါဝင်တဲ့ Samsung အလုပ်သမားသမဂ္ဂက တနင်္လာနေ့ကတုန်းကစပြီး ၃ ရက်တာ ဆန္ဒပြပွဲ စတင်ခဲ့တာပါ။ ဒီမတိုင် သီတင်းပတ်တွေတုန်းကလည်း စမတ်ဖုန်းတွေနဲ့ တပိုင်းလျှပ်ကူး Memory chip ပြားလေးတွေ ထုတ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ Samsung ကို ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြပွဲ တရက်ကျင်းပခဲ့ပါသေးတယ်။

Samsung ကုမ္ပဏီ ကြီးကြပ်ရေးက ညှိနှိုင်းမှုလုပ်ဖို့ မလိုလားတာကြောင့် ဆန္ဒပြမှုတွေ ဆက်လုပ်သွားမှာ ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ သဘောတူစာချုပ်အသစ်နဲ့ ပတ်သက်ပြီး အလုပ်သမားသမဂ္ဂက Samsung ကုမ္ပဏီနဲ့ ဇန်နဝါရီလကတည်းက ညှိနှိုင်းနေတာပါ။

လုပ်အားခ ၃ ဒဿမ ၅ ရာခိုင်နှုန်း တိုးပေးဖို့နဲ့ အားလပ်ရက် တရက် တိုးပေးဖို့ အလုပ်သမားသမဂ္ဂက တောင်းဆိုနေတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG