သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Computer chip တွေထုတ်လုပ်မှု Samsung လျှော့ချမည် 


တောင်ကိုရီးယားနိုင်ငံ ပြုံတက်ခ်မြို့ရှိ ဆမ်ဆောင်း (Samsung) ကုမ္ပဏီရဲ့ chip ပြားထုတ်လုပ်ရေး စက်ရုံအတွင်းတနေရာ (စက်တင်ဘာ ၇၊ ၂၀၂၂)
တောင်ကိုရီးယားနိုင်ငံ ပြုံတက်ခ်မြို့ရှိ ဆမ်ဆောင်း (Samsung) ကုမ္ပဏီရဲ့ chip ပြားထုတ်လုပ်ရေး စက်ရုံအတွင်းတနေရာ (စက်တင်ဘာ ၇၊ ၂၀၂၂)

အီလက်ထရောနစ်ပစ္စည်းတွေမှာ မပါမဖြစ်တဲ့ Computer chip တွေထုတ်လုပ်မှုကို သိသိသာသာလျှော့ချတော့မယ်လို့ ဆမ်ဆောင်း (Samsung) ကုမ္ပဏီက ဒီနေ့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမ ၃ လပါတ် ဝင်ငွေဟာ ခန့်မှန်းထားတာထက် သိသိသာသသာကျဆင်းခဲ့ပြီးနောက်မှာ ခုလို ကြေညာခဲ့တာဖြစ်ပါတယ်။ အသေးစား ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နေရပြီး ဈေးကွက်အတွင်း ဝယ်လိုအားတွေ ကျဆင်းနေတဲ့အတွက်ကြောင့် Computer chip ထုတ်လုပ်မှုတွေကို လျှော့ချဖြတ်တောက်မယ်လို့ ပြောပေမယ့် ဘယ်လောက် လျှော့ချမယ်ဆိုတာတော့ မပြောပါဘူး။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Timesquare နေရာမှာ ကြော်ငြာထားတဲ့ Samsung ဆိုင်းဘုတ် (မတ် ၂၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Timesquare နေရာမှာ ကြော်ငြာထားတဲ့ Samsung ဆိုင်းဘုတ် (မတ် ၂၊ ၂၀၂၃)

ကမ္ဘာစီးပွားရေး နှေးကွေးနေတာနဲ့အတူ computer chip တွေဝယ်လိုအား သိသိသာသာထိုးကျခဲ့တယ်လို့ ဆမ်ဆောင်းကုမ္ပဏီက ပြောပါတယ်။ ဆမ်ဆောင်းရဲ့ computer chip တွေ ဝယ်နေကျ ဖောက်သည်တွေဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ဝယ်ယူစုဆောင်းသိမ်းဆည်းထားခဲ့တဲ့ Chip တွေကို သုံးစွဲနေကြတဲ့အတွက် အသစ်ဝယ်လိုအားနည်းသွားတာဖြစ်တယ်လို့လည်း ပြောပါတယ်။ ကမ္ဘာမှာ Computer chip ထုတ်လုပ်တဲ့နေရာမှာ ထိပ်တန်းကုမ္ပဏီကြီးတခုက ခုလို ထုတ်လုပ်မှု သိသိသာသာ လျှော့ချမယ်လို့ ကြေညာတာဟာ ထူးခြားတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG