သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Samsung ရဲ႕ Galaxy Z Flip ဖုန္း အသစ္ စတင္မိတ္ဆက္


Samsung Galaxy Z flip

(Zawgyi/Unicode)

Samsung ကုမၸဏီက Galaxy Z Flip လုိ႔ အမည္ေပးထားတဲ့ ေခါက္လုိ႔ရတဲ့ဖုန္းကုိ အဂၤါေန႔မွာ စတင္ မိတ္ဆက္လုိက္ပါၿပီ။ ေခါက္လုိ႔၊ ေကြးလုိ႔ရႏုိင္တဲ့ ခုံးေကာင္အခြံ ဒီဇုိင္းဖန္တီးထားတဲ့ဖုန္းကုိ သုံးစြဲသူေတြလက္ထဲ ေရာက္ႏုိင္ေအာင္ Samsung က ဒုတိယအႀကိမ္ေျမာက္ ႀကိဳးစားျခင္းလည္း ျဖစ္ပါတယ္။

San Francisco ၿမိဳ႕မွာ က်င္းပတဲ့ ကုန္ပစၥည္းအသစ္ မိတ္ဆက္ပြဲအခမ္းအနားမွာ ဒီဖုန္းအသစ္အေၾကာင္း ေျပာၾကားခဲ့တာပါ။ ေလးေခါက္ခ်ဳိး ေခါက္ထားရာကေန သမားရုိးက် Smart Phone ေတြကုိ ျပန္ျဖန္႔လုိက္လုိ႔ရႏုိင္တဲ့ ဒီ ဖုန္းအသစ္ကုိ ေဖေဖာ္၀ါရီလ ၁၄ ရက္ေန႔ကစၿပီး ေစ်းကြက္မွာ $ ၁,၃၈၀ နဲ႔ စတင္ေရာင္းခ်မွာျဖစ္ပါတယ္။

Samsung က ပထမအႀကိမ္ ထုတ္လုပ္တဲ့ Galaxy Fold ေခါက္ဖုန္းကေတာ့ ေႏွာင့္ေႏွး ၾကန္႔ၾကာမႈေတြ၊ ဖုန္းမွန္သားျပင္ ကြဲတယ္ဆုိတဲ့ ေျပာဆုိမႈေတြ ထြက္လာၿပီးတဲ့ေနာက္ ေစ်းကြက္မွာ ၿပီးခဲ့တဲ့ စက္တင္ဘာလကစၿပီး ေရာင္းခ်ခဲ့ပါတယ္။ ေထာင္လုိက္ဘဲ ေခါက္လုိ႔ရတဲ့ Galaxy Fold ဖုန္းကိုေတာ့ $ ၂,၀၀၀ နီးပါးနဲ႔ စတင္ေရာင္းခ်ခဲ့တာပါ။ Motorola ဖုန္းကုမၸဏီကလည္း ေခါက္လုိ႔ရတဲ့ Razor ဖုန္းကုိ ထုတ္လုပ္ၿပီး $ ၁,၅၀၀ နဲ႔ ေစ်းကြက္တင္ ေရာင္းခ်ေနပါတယ္။

Samsung ဖုန္းကုိ စိတ္၀င္စားၾကတဲ့ တျခားသူေတြအတြက္ေတာ့ Galaxy S20 ၊ S20 Plus ၊ S20 Ultra စတဲ့ဖုန္းကုိလည္း San Francisco ၿမိဳ႕မွာ ကုန္ပစၥည္းအသစ္ေတြအျဖစ္ အဂၤါေန႔က စတင္ မိတ္ဆက္ခဲ့ပါတယ္။ Samsung အေနနဲ႔ S10 စီးရီးကေန S20 စီးရီးကုိ တုိက္ရုိက္ ခုန္ေက်ာ္လုိက္တာလည္း ျဖစ္ပါတယ္။

Apple ကုမၸဏီက ကင္မရာ ၃ လုံးပါတဲ့ iPhone 11 ကုိ မႏွစ္က စတင္မိတ္ဆက္လုိက္ၿပီးတဲ့ေနာက္ Samsung ကလည္း အခု ဖုန္းအသစ္ေတြမွာ ကင္မရာကုိ ပုိေကာင္းေအာင္ လုပ္ထားတယ္လုိ႔ ဆုိပါတယ္။

Samsung ရဲ႕ Galaxy Z Flip ဖုန္း အသစ္ စတင္မိတ္ဆက္
please wait

No media source currently available

0:00 0:00:45 0:00
တိုက္႐ိုက္ လင့္ခ္


..................

Samsung ရဲ့ Galaxy Z Flip ဖုန်း အသစ် စတင်မိတ်ဆက်

(Unicode)

Samsung ကုမ္ပဏီက Galaxy Z Flip လို့ အမည်ပေးထားတဲ့ ခေါက်လို့ရတဲ့ဖုန်းကို အင်္ဂါနေ့မှာ စတင် မိတ်ဆက်လိုက်ပါပြီ။ ခေါက်လို့၊ ကွေးလို့ရနိုင်တဲ့ ခုံးကောင်အခွံ ဒီဇိုင်းဖန်တီးထားတဲ့ဖုန်းကို သုံးစွဲသူတွေလက်ထဲ ရောက်နိုင်အောင် Samsung က ဒုတိယအကြိမ်မြောက် ကြိုးစားခြင်းလည်း ဖြစ်ပါတယ်။

San Francisco မြို့မှာ ကျင်းပတဲ့ ကုန်ပစ္စည်းအသစ် မိတ်ဆက်ပွဲအခမ်းအနားမှာ ဒီဖုန်းအသစ်အကြောင်း ပြောကြားခဲ့တာပါ။ လေးခေါက်ချိုး ခေါက်ထားရာကနေ သမားရိုးကျ Smart Phone တွေကို ပြန်ဖြန့်လိုက်လို့ရနိုင်တဲ့ ဒီ ဖုန်းအသစ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစပြီး ဈေးကွက်မှာ $ ၁,၃၈၀ နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။

Samsung က ပထမအကြိမ် ထုတ်လုပ်တဲ့ Galaxy Fold ခေါက်ဖုန်းကတော့ နှောင့်နှေး ကြန့်ကြာမှုတွေ၊ ဖုန်းမှန်သားပြင် ကွဲတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် ဈေးကွက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ရောင်းချခဲ့ပါတယ်။ ထောင်လိုက်ဘဲ ခေါက်လို့ရတဲ့ Galaxy Fold ဖုန်းကိုတော့ $ ၂,၀၀၀ နီးပါးနဲ့ စတင်ရောင်းချခဲ့တာပါ။ Motorola ဖုန်းကုမ္ပဏီကလည်း ခေါက်လို့ရတဲ့ Razor ဖုန်းကို ထုတ်လုပ်ပြီး $ ၁,၅၀၀ နဲ့ ဈေးကွက်တင် ရောင်းချနေပါတယ်။

Samsung ဖုန်းကို စိတ်ဝင်စားကြတဲ့ တခြားသူတွေအတွက်တော့ Galaxy S20 ၊ S20 Plus ၊ S20 Ultra စတဲ့ဖုန်းကိုလည်း San Francisco မြို့မှာ ကုန်ပစ္စည်းအသစ်တွေအဖြစ် အင်္ဂါနေ့က စတင် မိတ်ဆက်ခဲ့ပါတယ်။ Samsung အနေနဲ့ S10 စီးရီးကနေ S20 စီးရီးကို တိုက်ရိုက် ခုန်ကျော်လိုက်တာလည်း ဖြစ်ပါတယ်။

Apple ကုမ္ပဏီက ကင်မရာ ၃ လုံးပါတဲ့ iPhone 11 ကို မနှစ်က စတင်မိတ်ဆက်လိုက်ပြီးတဲ့နောက် Samsung ကလည်း အခု ဖုန်းအသစ်တွေမှာ ကင်မရာကို ပိုကောင်းအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG