သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမေတာင္ သံဃာေတြ ႐ိုက္ႏွက္ဖမ္းဆီးမႈ သံဃာ႔ကြန္ရက္ ရႈတ္ခ်


[ Zawgyi ]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာ ၆ လ ရွိလာၿပီျဖစ္ၿပီး စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ပစ္ခတ္တာ ဖမ္းဆီးတာေတြရွိေနတဲ့ၾကားကပဲ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပမႈေတြကေတာ့ အခုထိ ဆက္ၿပီးရွိေနဆဲပါ။

ရန္ကုန္ၿမိဳ႕မွာ ေတာင္ဒဂံုလူငယ္ေတြ လွ်ပ္တပ်က္ခ်ီတက္ဆႏၵျပခဲ့သလို ေရႊျပည္သာက ဝန္ထမ္းေပါင္းစံုသပိတ္စစ္ေၾကာင္း ကေတာ့ အိမ္တြင္းသပိတ္ဆင္ႏြဲၾကပါတယ္။ မႏၲေလးမွာေတာ့ ျမေတာင္သပိတ္စစ္ေၾကာင္းကို စစ္တပ္က ပစ္ခတ္ဖမ္းဆီးခဲ့သလို ေသဆံုးမႈပါရွိေနေပမယ့္ အာဏာသိမ္း ၆ လျပည့္ေန႔မွာ ျမေတာင္သပိတ္စစ္ေၾကာင္းက မႏၲေလးလမ္းမေတြေပၚ ျပန္ထြက္လာၾကတာပါ။ လိုက္လံဖမ္းဆီးမႈေတြ ရွိေနတဲ့ ၾကားကပဲ ေအာင္ေျမသာစံ ေက်ာင္းေပါင္းစံု သပိတ္စစ္ေၾကာင္းအျပင္ မႏၲေလး သံဃသမဂၢ ဆရာေတာ္မ်ား ဦးေဆာင္တ့ဲ သပိတ္စစ္ေၾကာင္းကလည္း စစ္အာဏာရွင္ျဖဳတ္ခ်ေရး ေႂကြးေၾကာ္ ခ်ီတက္ခဲ့ၾကပါတယ္။

ၾသဂုတ္လ ၁ ရက္ေန႔မွာပဲ ဒီမိုကေရစီလိုလားတဲ့ ျပည္တြင္းျပည္ပ သံယာေတာ္ေတြ စုေပါင္းၿပီး ေႏြဦးေတာ္လွန္ေရး သံယာကြန္ရက္ ကို ထူေထာင္ေၾကာင္း SRSN သံယာကြန္ရက္က သတင္းထုတ္ျပန္ပါတယ္။ ဇူလိုင္လ ၂၉ ရက္မွာ မႏၲေလး ျမေတာင္ေက်ာင္းတိုက္ကို စစ္တပ္က ဝင္ေရာက္စီးနင္းၿပီး နာယက ဆရာေတာ္ ၂ ပါးကို ႐ိုက္ႏွက္ဖမ္းဆီးခဲ့တာကို ကန္႔ကြက္သလို ျပည္သူေတြကို ရက္စက္စြာ ပစ္ခတ္ သတ္ျဖတ္တာေတြကို အျပင္းအထန္ ရႈတ္ခ်ေၾကာင္း ေဖၚျပထားပါတယ္။

ကိုဗစ္ ၁၉ တတိယလႈိင္းဒဏ္ခံေနရတဲ့ၾကားကပဲ ကခ်င္ျပည္နယ္ ဖားကန္႔၊ လံုခင္းက ေက်ာင္းသားလူငယ္ေတြ၊ ဖားကန႔္က တိုင္းရင္းသားလူမ်ိဳးေပါင္းစုံ ပင္မသပိတ္ စစ္ေၾကာင္း ေတြက အာဏာသိမ္းအၾကမ္းဖက္ စစ္အုပ္စုကို အလိုမရွိေၾကာင္း လမ္းေလွ်ာက္ခ်ီတက္ ဆႏၵျပခဲ့ၾကသလို စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္၊ တန္႔ဆည္၊ ေရႊဘိုတို႔မွာလည္း ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕မွာလည္း ထားဝယ္ပင္မ သပိတ္စစ္ေၾကာင္းနဲ႔ ေက်ာင္းသား/သူမ်ား၏ အၾကမ္းဖက္စစ္အာဏာရွင္ဆန႔္က်င္ေရး ေျပာက္က်ားသပိတ္ အျပင္ ေလာင္းလံုမွာလည္း ခ်ီတက္ဆႏၵျပခဲ့ၾကတာပါ။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ ထုတ္ျပန္ခ်က္အရ အာဏာသိမ္းခံရၿပီး ေျခာက္လအတြင္းမွာ ေသဆုံးသူ အေယာက္ ၉၄၀ နဲ႔ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူက ၅၄၄၄ ေယာက္ ရွိတယ္လို႔ ေဖၚျပထားပါတယ္။

သံဃာ့ကြန္ယက္ ေၾကညာခ်က္
သံဃာ့ကြန္ယက္ ေၾကညာခ်က္


[ Unicode ]

မြတောင်သံဃာတွေ ရိုက်နှက်ဖမ်းဆီးမှု သံဃာ့ကွန်ရက် ရှုတ်ချ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၆ လ ရှိလာပြီဖြစ်ပြီး စစ်တပ်နဲ့ရဲက အကြမ်းဖက်ပစ်ခတ်တာ ဖမ်းဆီးတာတွေရှိနေတဲ့ကြားကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကတော့ အခုထိ ဆက်ပြီးရှိနေဆဲပါ။

ရန်ကုန်မြို့မှာ တောင်ဒဂုံလူငယ်တွေ လျှပ်တပျက်ချီတက်ဆန္ဒပြခဲ့သလို ရွှေပြည်သာက ဝန်ထမ်းပေါင်းစုံသပိတ်စစ်ကြောင်း ကတော့ အိမ်တွင်းသပိတ်ဆင်နွဲကြပါတယ်။ မန္တလေးမှာတော့ မြတောင်သပိတ်စစ်ကြောင်းကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သလို သေဆုံးမှုပါရှိနေပေမယ့် အာဏာသိမ်း ၆ လပြည့်နေ့မှာ မြတောင်သပိတ်စစ်ကြောင်းက မန္တလေးလမ်းမတွေပေါ် ပြန်ထွက်လာကြတာပါ။ လိုက်လံဖမ်းဆီးမှုတွေ ရှိနေတဲ့ ကြားကပဲ အောင်မြေသာစံ ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းအပြင် မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော် ချီတက်ခဲ့ကြပါတယ်။

သြဂုတ်လ ၁ ရက်နေ့မှာပဲ ဒီမိုကရေစီလိုလားတဲ့ ပြည်တွင်းပြည်ပ သံယာတော်တွေ စုပေါင်းပြီး နွေဦးတော်လှန်ရေး သံယာကွန်ရက် ကို ထူထောင်ကြောင်း SRSN သံယာကွန်ရက်က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၂၉ ရက်မှာ မန္တလေး မြတောင်ကျောင်းတိုက်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နာယက ဆရာတော် ၂ ပါးကို ရိုက်နှက်ဖမ်းဆီးခဲ့တာကို ကန့်ကွက်သလို ပြည်သူတွေကို ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်တာတွေကို အပြင်းအထန် ရှုတ်ချကြောင်း ဖေါ်ပြထားပါတယ်။

ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်ခံနေရတဲ့ကြားကပဲ ကချင်ပြည်နယ် ဖားကန့်၊ လုံခင်းက ကျောင်းသားလူငယ်တွေ၊ ဖားကန့်က တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ် စစ်ကြောင်း တွေက အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုကို အလိုမရှိကြောင်း လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသလို စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တန့်ဆည်၊ ရွှေဘိုတို့မှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း ထားဝယ်ပင်မ သပိတ်စစ်ကြောင်းနဲ့ ကျောင်းသား/သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ် အပြင် လောင်းလုံမှာလည်း ချီတက်ဆန္ဒပြခဲ့ကြတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းခံရပြီး ခြောက်လအတွင်းမှာ သေဆုံးသူ အယောက် ၉၄၀ နဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူက ၅၄၄၄ ယောက် ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG