သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Sasakawa ခရီးစဥ္က ဘာေတြေမွ်ာ္လင္႔ႏိုင္သလဲ


ဂ်ပန္အထူးသံတမန္ Sasakawa Yohei. (ႏိုဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - သက္ႏုိင္ (ဗြီအိုေအ))

Sasakawa ခရီးစဥ္က ဘာေတြေမွ်ာ္လင္႔ႏိုင္သလဲ

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္မွာ မႏွစ္ကအခုလိုအခ်ိန္ အပစ္အခတ္ရပ္စဲေရးၾကားဝင္ကူေပးခဲ့တဲ့ ဂ်ပန္ႏိုင္ငံ ၿငိမ္းခ်မ္းေရးအထူးကိုယ္စားလွယ္ Mr Yohei Sasakawa အေနနဲ႔ ဗိုလ္ခ်ဳပ္မူးႀကီးမင္းေအာင္လိႈင္နဲ႔ အခုမၾကာခင္ေတြ႔မွာကေန ဘာေတြေမွ်ာ္လင့္ႏိုင္ပါလဲ။

အခုလို စစ္ေကာင္စီေခါင္းေဆာင္နဲ႔ေတြ႔တာအျပင္ ရခိုင္ျပည္နယ္ကိုလည္းသြားၿပီး၊ ရန္ကုန္မွာလည္း SNLD ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အပါအဝင္ ႏိုင္ငံေရးပါတီ ေခါင္းေဆာင္ေတြနဲ႔ Mr Sasakawa ေတြ႔ဖို႔ရွိတာမွာ ဘာေတြထူးျခားႏိုင္ပါလဲ။

ဒီအေၾကာင္း ျမန္မာဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး Ichiro Marurama နဲ႔၊ ANP ရခိုင္အမ်ိဳးသားပါတီနဲ႔ SNLD ရွမ္း ပါတီေခါင္းေဆာင္ေတြကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။. ။ ဂ်ပန္သံအမတ္ႀကီး မာရိုယားမား ကို မေန႔ညကေမးရာမွာ မစၥတာ ဆာဆာကာဝါ ေရာက္ရွိလာခဲ့ပုံကို

ဂ်ပန္သံအမတ္ႀကီး ။. ။ သူကို မေန႔က ေလဆိပ္မွာသြားႀကိဳတယ္။ ဒါေပမယ့္သူခရီးစဥ္ဘယ္လိုရွိလဲဆိုတာကို သူကိုယ္တိုင္ စီစဥ္ထားတာဆိုေတာ့ က်ေနာ္တို႔သံရုံးက စီစဥ္တာမဟုတ္ပါဘူးခင္ဗ်။

ကိုဝင္းမင္း ။ ။ က်ေနာ္တို႔ၾကားတာကေတာ့ မနက္ဖန္မွာ ေနျပည္ေတာ္ကို ေလယာဥ္နဲ႔ သြား ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ ေတြ႔မယ္လို႔ၾကားထားပါတယ္။

ဂ်ပန္သံအမတ္ႀကီး ။. ။ (ရယ္သံျဖင့္) က်ေနာ္တို႔႕ မျငင္းပါဘူး။

ကိုဝင္းမင္း ။. ။ သံအမတ္ႀကီးခင္ဗ်ာ။ ဒီခရီးစဥ္ ကေန ဘယ္လိုေမွ်ာ္လင့္ႏိုင္မလဲ။

ဂ်ပန္သံအမတ္ႀကီး ။. ။ ဒီခရီးစဥ္ရလဒ္ဘာျဖစ္ႏိုင္မလဲဆိုတာ ေျပာလို႔မရဘူး။ က်ေနာ္တို႔ေစာင့္ၾကည့္မွာပဲ။ တခုေျပာႏိုင္တာက မစၥတာ ဆာဆာကာဝါ ဆိုတာက ျမန္မာႏိုင္ငံအေပၚမွာ တကယ္ကို သံေယာဇဥ္ရွိတဲ့ပုဂၢိဳလ္ျဖစ္ပါတယ္။ ၿပီးေတာ့ ျမန္မာႏိုင္ငံေရးအရႈပ္အေထြးကို သူနားလည္မႈရွိပါတယ္။ ဒါေၾကာင့္ သူခရီးစဥ္ကေနတဆင့္ ဂ်ပန္ ျမန္မာဆက္ဆံမႈက ပိုၿပီးေတာ့ တိုးတက္မႈကို က်ေနာ္တို႔ ေမွ်ာ္လင့္ေနပါတယ္။

ကိုဝင္းမင္း ။. ။ ဆက္လက္ၿပီး မႏွစ္က ဆာဆာဝါက ရခိုင္ျပည္လာခဲ့တုံးက ANP ပါတီ ႏိုင္ငံေရးမူဝါဒ ဦးေဆာင္အဖြဲ႔ဝင္ ဦးထြန္းေအာင္ေက်ာ္ ကလည္း

ဦးထြန္းေအာင္ေက်ာ္။. ။ သူရခိုင္ျပည္နယ္လာၿပီးေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ သြားၿပီးေတာ့ စစ္ေဘးေရွာင္စခန္းက ရခိုင္ျပည္သူေတြနဲ႔ ကိုယ္တိုင္ကိုယ္တိုင္ၾကသြားေတြ႔ဆုံပါတယ္။ ၿပီးေတာ့ ရခိုင္တပ္ေတာ္နဲ႔လည္း ေတြ႔ဆုံေဆြးေႏြးခဲ့တယ္။ ေနာက္ တပ္မေတာ္ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ နဲ႔လည္း ေတြ႔ၿပီးေတာ့ AA တပ္ေတာ္ရဲ႕ သေဘာထားေၾကညာခ်က္ေတြနဲ႔ တပ္မေတာ္ရဲ႕သေဘာထားေၾကညာခ်က္ေတြကို တူညီတဲ့ စိတ္ဆႏၵေတြထြက္ေပၚလာေအာင္ ႀကိဳးပန္းေဆာင္ရြက္ႏိုင္ခဲ့တဲ့ ပုဂၢိဳလ္ံႀကီးတေယာက္ျဖစ္ပါတယ္။ အဲဒီေတာ့ အခုမေမွ်ာ္လင့္ပဲနဲ႔ ရခိုင္ျပည္နယ္မွာ AA တပ္ေတာ္နဲ႔ ျမန္မာတပ္မေတာ္နဲ႔ ထိေတြ႔မႈေတြျဖစ္ေပၚတယ္ဆိုတာလည္း က်ေနာ္တို႔သိေနရပါတယ္။ အခုလိုအခ်ိန္မွာ မစၥတာ ဆာဆာဝါကာ အေနနဲ႔ စြမ္းေဆာင္ႏိုင္တဲ့ ၂ဖက္ကို ညိွႏိႈင္းေပးႏိုင္တဲ့ အရည္ခ်င္းရွိတဲ့ ဂ်ပန္ႏိုင္ငံရဲ႕ ေဖာင္ေဒးရွင္း ဥကၠဌအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ အၾကပ္တည္းျဖစ္ေနခ်ိန္မွာ လာေရာက္တာကို က်ေနာ္တို႔အေနနဲ႔ကေတာ့ အလြန္တရာကို ဝမ္းသာႀကိဳဆိုတဲ့အေနရွိပါတယ္ခင္ဗ်။

ကိုဝင္းမင္း ။. ။ ဒါေပမယ့္ လက္ရွိအေျခအေနေၾကာင့္ အမ်ားႀကီးေတာ့ မေမွ်ာ္လင့္ဘူးလို႔ ANP ပါတီအေထြေထြအတြင္းေရးမွဴး ဦးခိုင္ျပည္စိုး က ဆိုပါတယ္။

ဦးခိုင္ျပည္စိုး ။. ။ ခရီးစဥ္ရိွတယ္လို႔ေတာ့ၾကားတယ္။ ဒါေပမယ့္ တရားဝင္ေျပာတာေတာ့ ဘာမွမရွိေသးဘူး။ ဟိုတုံးကအေျခအေနမဟုတ္ေသးဘူးေပါ့ဗ်ာ။ ဒီေန႔အေျခအေနအရကေတာ့ ေမွ်ာ္လင့္ခ်က္သိပ္မရွိဘူးဗ်။ အပစ္အခတ္ရပ္စဲထားတာတခုပဲရွိတယ္။ တကယ္ကို ေဆြးေႏြးသေဘာတူညီခ်က္ေတြ၇ေစခ်င္တာေပါ့ဗ်ာ။ ျမန္မာႏိုင္ငံေရးဟာ ရခိုင္ျပည္နယ္တခုတည္းနဲ႔ မၿပီးဘူးဗ်။ တကယ္ကို ေနာက္ဆုတ္သြားၿပီး။ အဖတ္ဆယ္လို႔မရတဲ့အေနအထား ဒီလုိအေျခအေနမ်ဳိးကေန ပုံမွန္အေနအထားေရာက္ဖို႔အတြက္ ႏိုင္ငံတကာအသံေတြကို နားေထာင္၊ လက္ရွိျမန္မာေခါင္းေဆာင္ပိုင္းေတြ စဥ္းစားၿပီးေတာ့ တည္ၿငိမ္ေအးခ်မ္းမႈကို ဘယ္လိုေရာက္မလဲဆိုတာ လုပ္သင့္တယ္။

ကိုဝင္းမင္း ။. ။ ေျမာက္ဦးၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးဦးလွေစာ ကလည္း

ဦးဦးလွေစာ ။. ။ အရင္တုံးကေတာ့ ANP နဲ႔ေတြ႔တယ္။ ေနာက္ေတာ့ လႊတ္ေတာ္ဥကၠဌအပါအဝင္ေပါ့ေလ။ အခုေတာ့ လႊတ္ေတာ္လည္းမရွိေတာ့ဘူး။ ႏိုင္ငံေရးပါတီအခန္း႑ကလည္း အရင္ကလို ႏိုးႏိုးၾကားၾကားမရွိတဲ့အခါၾကေတာ့ သူအစီအစဥ္လည္း မေတြးတတ္ဘူး။ က်ေနာ္တို႔အေနအထားကေတာ့ ရခိုင္မွာ အခုအေနအထားကို ဆက္လက္ထိန္းသိမ္းၿပိီးေတာ့ သူအရင္က ေပးထားတဲ့ ကတိအတိုင္း စစ္ေဘးေရွာင္ကိစၥေတြကို လုပ္ေပးႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။

ကိုဝင္းမင္း ။. ။ အခုလ ၁၆ရက္ေန႔မွာ ေတြ႔ဖို႔ခ်ိန္းထားတဲ့ SNLD ပါတီရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးစိုင္းလိတ္ ကလည္း

ဦးစိုင္းလိတ္ ။. ။ ထူးျခားမႈဆိုတာကလည္း သူဖက္က သယ္ေဆာင္လာမယ့္ အခင္အၾကင္း အေပၚမႈတည္ပါလိမ့္မယ္။ က်ေနာ္တို႔ဖက္ကေတာ့ တည္ၿငိမ္ေအးခ်မ္းတဲ့အေနအထားတခုကို အရင္ဖန္တီးၿပီးေတာ့မွ စစ္ေကာင္စီနဲ႕ အခု PPST အၾကားမွာေကာ ၊ ေနာက္ FNCC ေပၚေနာ္။ အဲဒီအဖြဲ႔ေတြၾကားမွာေကာ ထပ္မံၿပီးမွ တိုးခ်ဲ႔ၿပီးေတာ့ ညိွႏိႈင္းေပးမယ္ဆိုရင္ေတာ့ တည္ၿငိမ္ေအးခ်မ္းမႈ ဒီထက္မကရႏိုင္မယ္ေပါ့ေနာ္။ စစ္ေကာင္စီဖက္က ႀကိဳးစားေနတဲ့ ေရြးေကာက္ပြဲဆိုင္ရာ ကိစၥေတြ အဲဒါေတြကို အာရုံထားတာထက္ကို ႏိုင္ငံရဲ႕ တည္ၿငိ္မ္ေအးခ်မ္းမႈကို နားေထာင္သင့္တယ္။ လူထုရဲ႕သေဘာထားကို နားေထာင္မွ လူထုအေပၚမွာ ဥပေဒမယ့္အလုပ္ေတြ ရပ္တန္႔က ရပ္ဖို႔လိုတယ္ဆိုတာ သတင္းစကားပါးလိုတယ္။ အဲဒီအတြက္ကို မစၥတာ ဆာဆာကာဝါ သတင္းသယ္ေဆာင္သြားႏိုင္မယ္ဆိုရင္ေတာ့ တစုံတရာ ထူးျခားမႈေတြရွိလာႏိုင္တယ္။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ အခု မစၥတာ ဆာဆာကာဝါ ရဲ႔ ခရီးစဥ္က ၿပီးခဲ့တဲ့အပတ္ကပဲ အေမရိကန္ ဝါရင့္ သံတမန္ေဟာင္း Bill Richardson ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ နဲ႔ဆက္ေတြ႔အၿပီးမွာ ဆက္ျဖစ္လာတာပါခင္ဗ်ာ။

........................................

Sasakawa ခရီးစဥ္က ဘာေတြေမွ်ာ္လင္႔ႏိုင္သလဲ
please wait

No media source currently available

0:00 0:05:23 0:00
တိုက္႐ိုက္ လင့္ခ္


Sasakawa ခရီးစဉ်က ဘာတွေမျှော်လင့်နိုင်သလဲ

{{Unicode}}

ရခိုင်ပြည်နယ်မှာ မနှစ်ကအခုလိုအချိန် အပစ်အခတ်ရပ်စဲရေးကြားဝင်ကူပေးခဲ့တဲ့ ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် Mr Yohei Sasakawa အနေနဲ့ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်နဲ့ အခုမကြာခင်တွေ့မှာကနေ ဘာတွေမျှော်လင့်နိုင်ပါလဲ။

အခုလို စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့တာအပြင် ရခိုင်ပြည်နယ်ကိုလည်းသွားပြီး၊ ရန်ကုန်မှာလည်း SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ Mr Sasakawa တွေ့ဖို့ရှိတာမှာ ဘာတွေထူးခြားနိုင်ပါလဲ။

ဒီအကြောင်း မြန်မာဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Marurama နဲ့၊ ANP ရခိုင်အမျိုးသားပါတီနဲ့ SNLD ရှမ်း ပါတီခေါင်းဆောင်တွေကို ကိုဝင်းမင်းက မေးထားပါတယ်။

{{Unicode}}

ကိုဝင်းမင်း ။.။ ဂျပန်သံအမတ်ကြီး မာရိုယားမား ကို မနေ့ညကမေးရာမှာ မစ္စတာ ဆာဆာကာဝါ ရောက်ရှိလာခဲ့ပုံကို

ဂျပန်သံအမတ်ကြီး ။. ။ သူကို မနေ့က လေဆိပ်မှာသွားကြိုတယ်။ ဒါပေမယ့်သူခရီးစဉ်ဘယ်လိုရှိလဲဆိုတာကို သူကိုယ်တိုင် စီစဉ်ထားတာဆိုတော့ ကျနော်တို့သံရုံးက စီစဉ်တာမဟုတ်ပါဘူးခင်ဗျ။

ကိုဝင်းမင်း ။။ ကျနော်တို့ကြားတာကတော့ မနက်ဖန်မှာ နေပြည်တော်ကို လေယာဉ်နဲ့ သွား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့မယ်လို့ကြားထားပါတယ်။

ဂျပန်သံအမတ်ကြီး ။. ။ (ရယ်သံဖြင့်) ကျနော်တို့ မငြင်းပါဘူး။

ကိုဝင်းမင်း ။.။ သံအမတ်ကြီးခင်ဗျာ။ ဒီခရီးစဉ် ကနေ ဘယ်လိုမျှော်လင့်နိုင်မလဲ။

ဂျပန်သံအမတ်ကြီး ။. ။ ဒီခရီးစဉ်ရလဒ်ဘာဖြစ်နိုင်မလဲဆိုတာ ပြောလို့မရဘူး။ ကျနော်တို့စောင့်ကြည့်မှာပဲ။ တခုပြောနိုင်တာက မစ္စတာ ဆာဆာကာဝါ ဆိုတာက မြန်မာနိုင်ငံအပေါ်မှာ တကယ်ကို သံယောဇဉ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရေးအရှုပ်အထွေးကို သူနားလည်မှုရှိပါတယ်။ ဒါကြောင့် သူခရီးစဉ်ကနေတဆင့် ဂျပန် မြန်မာဆက်ဆံမှုက ပိုပြီးတော့ တိုးတက်မှုကို ကျနော်တို့ မျှော်လင့်နေပါတယ်။

ကိုဝင်းမင်း ။. ။ ဆက်လက်ပြီး မနှစ်က ဆာဆာဝါက ရခိုင်ပြည်လာခဲ့တုံးက ANP ပါတီ နိုင်ငံရေးမူဝါဒ ဦးဆောင်အဖွဲ့ဝင် ဦးထွန်းအောင်ကျော် ကလည်း

ဦးထွန်းအောင်ကျော်။.။ သူရခိုင်ပြည်နယ်လာပြီးတော့ ကျောက်တော်မြို့နယ် နဲ့ ဘူးသီးတောင်မြို့နယ် သွားပြီးတော့ စစ်ဘေးရှောင်စခန်းက ရခိုင်ပြည်သူတွေနဲ့ ကိုယ်တိုင်ကိုယ်တိုင်ကြသွားတွေ့ဆုံပါတယ်။ ပြီးတော့ ရခိုင်တပ်တော်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်။ နောက် တပ်မတော်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း တွေ့ပြီးတော့ AA တပ်တော်ရဲ့ သဘောထားကြေညာချက်တွေနဲ့ တပ်မတော်ရဲ့သဘောထားကြေညာချက်တွေကို တူညီတဲ့ စိတ်ဆန္ဒတွေထွက်ပေါ်လာအောင် ကြိုးပန်းဆောင်ရွက်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ံကြီးတယောက်ဖြစ်ပါတယ်။ အဲဒီတော့ အခုမမျှော်လင့်ပဲနဲ့ ရခိုင်ပြည်နယ်မှာ AA တပ်တော်နဲ့ မြန်မာတပ်မတော်နဲ့ ထိတွေ့မှုတွေဖြစ်ပေါ်တယ်ဆိုတာလည်း ကျနော်တို့သိနေရပါတယ်။ အခုလိုအချိန်မှာ မစ္စတာ ဆာဆာဝါကာ အနေနဲ့ စွမ်းဆောင်နိုင်တဲ့ ၂ဖက်ကို ညှိနှိုင်းပေးနိုင်တဲ့ အရည်ချင်းရှိတဲ့ ဂျပန်နိုင်ငံရဲ့ ဖောင်ဒေးရှင်း ဥက္ကဌအနေနဲ့ မြန်မာနိုင်ငံရဲ့ အကြပ်တည်းဖြစ်နေချိန်မှာ လာရောက်တာကို ကျနော်တို့အနေနဲ့ကတော့ အလွန်တရာကို ဝမ်းသာကြိုဆိုတဲ့အနေရှိပါတယ်ခင်ဗျ။

ကိုဝင်းမင်း ။. ။ ဒါပေမယ့် လက်ရှိအခြေအနေကြောင့် အများကြီးတော့ မမျှော်လင့်ဘူးလို့ ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုး က ဆိုပါတယ်။

ဦးခိုင်ပြည်စိုး ။.။ ခရီးစဉ်ရှိတယ်လို့တော့ကြားတယ်။ ဒါပေမယ့် တရားဝင်ပြောတာတော့ ဘာမှမရှိသေးဘူး။ ဟိုတုံးကအခြေအနေမဟုတ်သေးဘူးပေါ့ဗျာ။ ဒီနေ့အခြေအနေအရကတော့ မျှော်လင့်ချက်သိပ်မရှိဘူးဗျ။ အပစ်အခတ်ရပ်စဲထားတာတခုပဲရှိတယ်။ တကယ်ကို ဆွေးနွေးသဘောတူညီချက်တွေ၇စေချင်တာပေါ့ဗျာ။ မြန်မာနိုင်ငံရေးဟာ ရခိုင်ပြည်နယ်တခုတည်းနဲ့ မပြီးဘူးဗျ။ တကယ်ကို နောက်ဆုတ်သွားပြီး။ အဖတ်ဆယ်လို့မရတဲ့အနေအထား ဒီလိုအခြေအနေမျိုးကနေ ပုံမှန်အနေအထားရောက်ဖို့အတွက် နိုင်ငံတကာအသံတွေကို နားထောင်၊ လက်ရှိမြန်မာခေါင်းဆောင်ပိုင်းတွေ စဉ်းစားပြီးတော့ တည်ငြိမ်အေးချမ်းမှုကို ဘယ်လိုရောက်မလဲဆိုတာ လုပ်သင့်တယ်။

ကိုဝင်းမင်း ။.။ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစော ကလည်း

ဦးဦးလှစော ။.။ အရင်တုံးကတော့ ANP နဲ့တွေ့တယ်။ နောက်တော့ လွှတ်တော်ဥက္ကဌအပါအဝင်ပေါ့လေ။ အခုတော့ လွှတ်တော်လည်းမရှိတော့ဘူး။ နိုင်ငံရေးပါတီအခန်းဏ္ဍကလည်း အရင်ကလို နိုးနိုးကြားကြားမရှိတဲ့အခါကြတော့ သူအစီအစဉ်လည်း မတွေးတတ်ဘူး။ ကျနော်တို့အနေအထားကတော့ ရခိုင်မှာ အခုအနေအထားကို ဆက်လက်ထိန်းသိမ်းပြီးတော့ သူအရင်က ပေးထားတဲ့ ကတိအတိုင်း စစ်ဘေးရှောင်ကိစ္စတွေကို လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။

ကိုဝင်းမင်း ။.။ အခုလ ၁၆ရက်နေ့မှာ တွေ့ဖို့ချိန်းထားတဲ့ SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကလည်း

ဦးစိုင်းလိတ် ။.။ ထူးခြားမှုဆိုတာကလည်း သူဖက်က သယ်ဆောင်လာမယ့် အခင်အကြင်း အပေါ်မှုတည်ပါလိမ့်မယ်။ ကျနော်တို့ဖက်ကတော့ တည်ငြိမ်အေးချမ်းတဲ့အနေအထားတခုကို အရင်ဖန်တီးပြီးတော့မှ စစ်ကောင်စီနဲ့ အခု PPST အကြားမှာကော ၊ နောက် FNCC ပေါ်နော်။ အဲဒီအဖွဲ့တွေကြားမှာကော ထပ်မံပြီးမှ တိုးချဲ့ပြီးတော့ ညှိနှိုင်းပေးမယ်ဆိုရင်တော့ တည်ငြိမ်အေးချမ်းမှု ဒီထက်မကရနိုင်မယ်ပေါ့နော်။ စစ်ကောင်စီဖက်က ကြိုးစားနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေ အဲဒါတွေကို အာရုံထားတာထက်ကို နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို နားထောင်သင့်တယ်။ လူထုရဲ့သဘောထားကို နားထောင်မှ လူထုအပေါ်မှာ ဥပဒေမယ့်အလုပ်တွေ ရပ်တန့်က ရပ်ဖို့လိုတယ်ဆိုတာ သတင်းစကားပါးလိုတယ်။ အဲဒီအတွက်ကို မစ္စတာ ဆာဆာကာဝါ သတင်းသယ်ဆောင်သွားနိုင်မယ်ဆိုရင်တော့ တစုံတရာ ထူးခြားမှုတွေရှိလာနိုင်တယ်။

ကိုဝင်းမင်း ။.။ တကယ်တော့ အခု မစ္စတာ ဆာဆာကာဝါ ရဲ့ ခရီးစဉ်က ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန် ဝါရင့် သံတမန်ဟောင်း Bill Richardson ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ဆက်တွေ့အပြီးမှာ ဆက်ဖြစ်လာတာပါခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG