(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာေရာက္ေနတဲ့ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒၊ ျမန္မာႏိုင္ငံ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရရဲ႕ အထူးကိုယ္စားလွယ္ Yohei Sasakawa နဲ႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္တို႔ ဒီကေန႔ ေတြ႔ဆံုတယ္လုိ႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။
မစၥတာ Sasakawa ဟာ ႏိုဝင္ဘာလ ၁၂ ရက္၊ ေသာၾကာေန႔က ျမန္မာႏုိင္ငံကို ေရာက္လာတာျဖစ္ၿပီး ဒီကေန႔မွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ေတြ႔ဆံုတာပါ။
ေတြ႔ဆံုခ်ိန္အတြင္း ျမန္မာ့ႏုိ္င္ငံေရး ျဖစ္ေပၚေျပာင္းလဲမႈ အေျခအေနေတြ၊ ၿငိ္မ္းခ်မ္းေရး လုပ္ငန္းစဥ္ကိစၥနဲ႔ ဂ်ပန္ႏုိင္ငံက ကူညီေဆာင္ရြက္ေပးေနတဲ့ အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကတယ္လုိ႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
ဂ်ပန္ႏိုင္ငံကို ျပန္မထြက္ခင္ ႏိုဝင္ဘာလ ၁၆ ရက္ေန႔မွာ ရွမ္းတုိင္းရင္းသားပါတီ SNLD နဲ႔ ျပည္သူ႔ပါတီ အပါအဝင္ ႏုိင္ငံေရးပါတီ ေခါင္းေဆာင္တခ်ဳိ႕နဲ႔ ရန္ကုန္ၿမိဳ႕မွာ ေတြ႔ဆံုဖုိ႔ရွိပါတယ္။
စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ ႏုိင္္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတာ့ မစၥတာ Sasakawa ေတြ႔ဆံုခြင့္ရမွာ မဟုတ္ပါဘူး။
-----------------------
(Unicode)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တွေ့ဆုံ
မြန်မာနိုင်ငံမှာရောက်နေတဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် Yohei Sasakawa နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ တွေ့ဆုံတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မစ္စတာ Sasakawa ဟာ နိုဝင်ဘာလ ၁၂ ရက်၊ သောကြာနေ့က မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး ဒီကနေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတာပါ။
တွေ့ဆုံချိန်အတွင်း မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စနဲ့ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဂျပန်နိုင်ငံကို ပြန်မထွက်ခင် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရှမ်းတိုင်းရင်းသားပါတီ SNLD နဲ့ ပြည်သူ့ပါတီ အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ရှိပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မစ္စတာ Sasakawa တွေ့ဆုံခွင့်ရမှာ မဟုတ်ပါဘူး။