အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့ ဆိုတဲ့ ရွေးကောက်ပွဲလှုံ့ဆော်သံနဲ့ အနိုင်ရတဲ့ အစိုးရသစ်တက်လာတာ ရက် ၁၀၀ ကျော်သွားပါပြီ။ သိသာထင်ရှားတဲ့ ဘယ်လိုအပြောင်းအလဲတွေ အစိုးရက လုပ်ပေးခဲ့ပြီးပြီလဲ၊ လုပ်နေသလဲလို့ မေးခွန်း ထုတ်ကြပါတယ်။
အပြောင်းအလဲကို လိုချင်တာကြောင့် NLD ကို တခဲနက်မဲပေးခဲ့ကြတဲ့ လူထုဘက် ကရော အမှန်တကယ် ပြောင်းလဲနေကြပါပြီလား၊ နှစ်ပေါင်းများစွာ အသားကျ အရိုး စွဲနေတဲ့ တွေးနေကျ၊ လုပ်နေကျ၊ နေနေကျ ပုံစံတွေကို တကယ်ပဲ ပြောင်းလဲနေကြပါ ပြီလား ...
ပင်တိုင်ဆွေးနွေးသူတွေဖြစ်တဲ့ မြန်မာ့အရေးသုတေသီတဦးဖြစ်သူ ဦးအောင်သူငြိမ်း၊ Triangle Women Support Group က မခင်လေးတို့နဲ့အတူ သောတရှင်တွေ တိုက်ရိုက် ပါဝင်ဆွေးနွေးထားကြပါတယ်။