ဒုက္ခသည်ဦးရေဟာ၂၀၁၇ ခုနှစ်မှာ စံချိန်တင် များပြားလာတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး မြန်မာနိုင်ငံဟာဆိုရင်လည်း ဒုက္ခသည် အများအပြားထွက်ရှိရာ နိုင်ငံ ၅ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဒီလို ဒုက္ခသည်အရေးပြသနာဟာ အခုမှ စတာမဟုတ်ဘဲ ရာစုနှစ်ဝက်ကျော်ကြာ ပြည်တွင်းစစ်တွေ အဆုံးမသတ်နိုင်တာကြောင့် တချို့ဆိုရင် မွေးလာကတည်းကနေ နိုင်ငံမဲ့ဘ၀နဲ့ ဒုက္ခသည်စခန်းမှာပဲ ခေါင်းချသွားရတာပါ။ ဒီလိုပြသနာတွေကို ဘယ်လိုအဆုံးသတ်နိုင်မလဲဆိုတဲ့အကြောင်း ကချင်အမျိုးသားလှုမှုဖွံ့ဇြိုးရေး ဖေါင်ဒေးရှင်း ဥက္ကဌ ကိုဇော်ဂျတ်၊ ကုလအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်၊ ဖင်လန်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ ကိုအောင်မှိုင်းတို့နဲ့ VOA မြန်မာပိုင်းက ကိုအောင်အောင်က ဆွေးနွေးထားပါတယ်။