သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး နိုင်ပွဲနဲ့ မန်ယူ ရှုံးပွဲတွေ့တဲ့ စနေ ပရီးမီးယားလိဂ်ပွဲများ


အက်စ်တွန်ဗီလာအသင်းဘက်သို့ ချေပဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် လီဗာပူးနောက်ခံလူ ရောဘတ်ဆန်။(နိုဝင်ဘာ ၂၊ ၂၀၁၉)
အက်စ်တွန်ဗီလာအသင်းဘက်သို့ ချေပဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် လီဗာပူးနောက်ခံလူ ရောဘတ်ဆန်။(နိုဝင်ဘာ ၂၊ ၂၀၁၉)

(Zawgyi/Unicode)

စနေနေ့က ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ဘောလုံးပွဲတွေမှာ မန်ချက်စတာ ယူနိုက်တက် ရှုံးပွဲကြုံပြီး လီဗာပူးလ်၊ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ နိုင်ပွဲဆက်ပါတယ်။

မန်ယူအသင်းဟာ အဝေးကွင်းမှာ ဘုန်းမောက်သ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတာကြောင့် ၁၁ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၃ ပွဲပဲရှိသေးပြီး ရှုံးပွဲက ၄ ပွဲဖြစ်သွားသလို အမှတ်ပေးဇယားမှာ အဆင့် ၁၀ မှာပဲရှိနေပြီး ဝို့လ်ဗ်စ်က ကျော်တက်သွားမယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။

တခြားပွဲတွေမှာတော့ နယူးကက်ဆယ်လ်က ဝက်စ်ဟမ်းမ်ကို ၃ ဂိုး ၂ ဂိုး၊ လီဗာပူးလ်က အဝေးကွင်းမှာ အက်စ်တွန် ဗီလာကို ၂ ဂိုး ၁ ဂိုး၊ ရှက်ဖီးလ် ယူနိုက်တက်က ဘန်လေကို ၃ ဂိုးပြတ်၊ ဘရိုက်တန်က နော်ဝစ်ချ် စီးတီးကို ၂ ဂိုးပြတ်၊ လက်ရှိချန်ပီယံ မန်စီးတီးက အိမ်ကွင်းမှာ ဆောက်သမ်ပ်တန်ကို ၂ ဂိုး ၁ ဂိုး၊ ချယ်လ်ဆီးက အဝေးကွင်းမှာ ဝတ်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီးအနိုင်ရပါတယ်။ အာဆင်နယ်လ်နဲ့ ဝို့လ်ဗ်စ်တို့ကတော့ တဖက် ၁ ဂိုးစီနဲ့ သရေကျပါတယ်။

တနင်္ဂနွေနေ့မှာ ပွဲစဉ် ၁၁ ကစားကြမှာကတော့ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ လက်စတာ စီးတီး၊ အဲဗာတန်နဲ့ စပါးတို့ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကစားပြီးသမျှမှာတော့ လီဗာပူးလ်က ၃၁ မှတ်နဲ့ ဒုတိယနေရာက မန်စီးတီးကို ၆ မှတ်ထိဖြတ်ပြီး ဇယားထိပ်မှာ ဆက်ဦးဆောင်နေပါတယ်။ ချယ်လ်ဆီးက ၂၃ မှတ်နဲ့ အမှတ် ၃ အဆင့်မှာ ရှိနေပေမယ့် တနင်္ဂနွေပွဲမှာ လက်စတာစီးတီး အနိုင်ရရင် ဂိုးကွာခြားချက်အသာနဲ့ အမှတ် ၃ အဆင့်ကို ယူသွားမှာဖြစ်ပြီး ချယ်လ်ဆီးကို အဆင့် ၄ တွန်းချလိုက်မှာပါ။ အာဆင်နယ်လ်ကတော့ ၁၇ မှတ်နဲ့ အဆင့် ၅ မှာ ရှိနေပါတယ်။

-----------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG