(Zawgyi / Unicode)
ေဆာ္ဒီအာေရဗ်ႏိုင္ငံမွာ ကေလးေတြကို အတင္းအဓမၼ ျပဳက်င့္မႈအတြက္ ေဆာ္ဒီႏိုင္ငံသားတဦးနဲ႔ ျမန္မာအမ်ဳိးသားတဦးကို ကြပ္မ်က္ခဲ့ေၾကာင္း ျပည္တြင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။
Jeddah ၿမိဳ႕မွာ သံသယရွိသူ ေဆာ္ဒီအမ်ဳိးသားဟာ မိန္းကေလးငယ္ႏွစ္ဦးကို ျဖားေယာင္းေသြးေဆာင္ၿပီး အဓမၼျပဳက်င့္ခဲ့တာ ျဖစ္ေၾကာင္း ဝန္ခံခဲ့ၿပီးေနာက္ သူ႔ကို ကြပ္မ်က္လိုက္ၿပီျဖစ္ေၾကာင္း ေဆာ္ဒီျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္က ဆိုပါတယ္။
အလားတူ ေဆာ္ဒီႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားတဦးကိုလည္း ကေလးအမ်ားအျပားကို ျဖားေယာင္းၿပီး အဓမၼျပဳက်င့္မႈနဲ႔ ကြပ္မ်က္ခဲ့ေၾကာင္း မေန႔ကထုတ္ျပန္တဲ့ ေဆာ္ဒီျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ေဆာ္ဒီအာေရဗ်ႏိုင္ငံရဲ႕ တရားစီရင္ေရးစနစ္ဟာ အစၥလာမ္ဥပေဒကို အေျခခံထားတာေၾကာင့္ မုဒိမ္းမႈက်ဴးလြန္သူေတြကို ႀကိမ္ဒဏ္ကေန ေသဒဏ္အထိ ခ်မွတ္ႏိုင္ပါတယ္။ ဒါေပမဲ့ ေဆာ္ဒီႏို္င္ငံမွာ ျပစ္မႈဆိုင္ရာဥပေဒ မရွိသလို မုဒိမ္းမႈအတြက္ ေရးသားျပ႒ာန္းတဲ့ ဥပေဒလည္း မရွိပါဘူး။
ၿပီးခဲ့တဲ့လ အေစာပိုင္းက တဲအတြင္းမွာ ကေလးတဦးကို အတင္းအဓမၼျပဳက်င့္ၿပီး ဗီြဒီယိုနဲ႔ ႐ုိက္ကူးခဲ့တဲ့ ေဆာ္ဒီႏိုင္ငံသားတဦးနဲ႔ ေရႊ႕ေျပာင္းေနထိုင္သူ သံုးဦးကို ဖမ္းဆီးခဲ့ေၾကာင္း ေဒသတြင္းမီဒီယာက ေဖာ္ျပခဲ့တာပါ။
ၿပီးခဲ့တဲ့လ အေစာပိုင္းက တဲအတြင္းမွာ ကေလးတဦးကို အဓမၼျပဳက်င့္ၿပီး အျဖစ္အပ်က္ကို ႐ိုက္ကူးခဲ့တဲ့ ေဆာ္ဒီႏိုင္ငံသားတဦးနဲ႔ ေ႐ႊ႕ေျပာင္းေနထိုင္သူ သုံးဦးကို ဖမ္းဆီးခဲ့ေၾကာင္း ေဒသတြင္းမီဒီယာက ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ဒီဗီြဒီယိုကို ရခဲ့တဲ့ Hafr Al Batin က ရဲေတြဟာ စံုစမ္းစစ္ေဆးမႈေတြ ခ်က္ခ်င္းျပဳလုပ္ခဲ့ၿပီး သံသယရွိသူေလးဦးကို ဖမ္းဆီးခဲ့တယ္လို႔ ဆိုပါတယ္။
----------------------------
(Unicode)
မြန်မာတဦး သက်ငယ်မုဒိမ်းမှုနဲ့ ဆော်ဒီမှာ ကွပ်မျက်ခံရ
ဆော်ဒီအာရေဗျနိုင်ငံမှာ ကလေးတွေကို အတင်းအဓမ္မ ပြုကျင့်မှုအတွက် ဆော်ဒီနိုင်ငံသားတဦးနဲ့ မြန်မာအမျိုးသားတဦးကို ကွပ်မျက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Jeddah မြို့မှာ သံသယရှိသူ ဆော်ဒီအမျိုးသားဟာ မိန်းကလေးငယ်နှစ်ဦးကို ဖြားယောင်းသွေးဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့ပြီးနောက် သူ့ကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အလားတူ ဆော်ဒီနိုင်ငံရောက် မြန်မာနိုင်ငံသားတဦးကိုလည်း ကလေးအများအပြားကို ဖြားယောင်းပြီး အဓမ္မပြုကျင့်မှုနဲ့ ကွပ်မျက်ခဲ့ကြောင်း မနေ့ကထုတ်ပြန်တဲ့ ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ အစ္စလာမ်ဥပဒေကို အခြေခံထားတာကြောင့် မုဒိမ်းမှုကျူးလွန်သူတွေကို ကြိမ်ဒဏ်ကနေ သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဆော်ဒီနိုင်ငံမှာ ပြစ်မှုဆိုင်ရာဥပဒေ မရှိသလို မုဒိမ်းမှုအတွက် ရေးသားပြဋ္ဌာန်းတဲ့ ဥပဒေလည်း မရှိပါဘူး။
ပြီးခဲ့တဲ့လ အစောပိုင်းက တဲအတွင်းမှာ ကလေးတဦးကို အတင်းအဓမ္မပြုကျင့်ပြီး ဗွီဒီယိုနဲ့ ရိုက်ကူးခဲ့တဲ့ ဆော်ဒီနိုင်ငံသားတဦးနဲ့ ရွှေ့ပြောင်းနေထိုင်သူ သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့လ အစောပိုင်းက တဲအတွင်းမှာ ကလေးတဦးကို အဓမ္မပြုကျင့်ပြီး အဖြစ်အပျက်ကို ရိုက်ကူးခဲ့တဲ့ ဆော်ဒီနိုင်ငံသားတဦးနဲ့ ရွှေ့ပြောင်းနေထိုင်သူ သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီဗွီဒီယိုကို ရခဲ့တဲ့ Hafr Al Batin က ရဲတွေဟာ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းပြုလုပ်ခဲ့ပြီး သံသယရှိသူလေးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။