သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရုတ်ရောက်နေ 


အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer ခေါင်းဆောင်တဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမှာ ရောက်ရှိနေ (အောက်တိုဘာ ၇၊ ၂၀၂၃)
အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer ခေါင်းဆောင်တဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမှာ ရောက်ရှိနေ (အောက်တိုဘာ ၇၊ ၂၀၂၃)

အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer ခေါင်းဆောင်တဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေး ထိခိုက်နေချိန်မှာ တရုတ်ထိပ်တန်းခေါင်းဆောင်တွေ၊ စီးပွားရေးဆိုင်ရာ ဦးဆောင်နေသူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်ပြီး Democrat အမတ် ၃ ယောက်၊ Republican အမတ် ၃ ယောက်ပါတဲ့ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်နေတာဖြစ်ပါတယ်။ ခုလိုအမေရိကန်လွှတ်တော်အမတ်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို သွားတာ၂၀၁၉ ခုနှစ်ထဲက ဆိုရင် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ရှန်ဟိုင်းပါတီ တာဝန်ရှိသူတွေနဲ့ အမတ် Chuck Schumer တွေ့ဆုံ (အောက်တိုဘာ ၇၊ ၂၀၂၃)
ရှန်ဟိုင်းပါတီ တာဝန်ရှိသူတွေနဲ့ အမတ် Chuck Schumer တွေ့ဆုံ (အောက်တိုဘာ ၇၊ ၂၀၂၃)

ရှေ့လ San Francisco မြို့မှာ ကျင်းပမယ့် အာရှ ပိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးညီလာခံမှာ သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ လမ်းခင်းပေးတဲ့ ခရီးစဉ်အဖြစ်လည်း မြင်နိုင်ပါတယ်။ တရုတ်သမ္မတနဲ့ ခရီးစဉ်အတွင်း တွေ့ဆုံနိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်ကနေ တရုတ်နိုင်ငံအကြောင်း ပိုပြီးထိထိရောက်ရောက် နားလည်းသဘောပေါက်ဖို့ မျှော်လင့်တယ်လို့ တရုတ်အစိုးရဖက်က အစောပိုင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ၂ နိုင်ငံကုန်သွယ်ရေးမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ အပြန်အလှန် အခွင့်အလမ်းတွေရရှိနိုင်ရေး၊ နိုင်ငံလုံခြုံရေးဆိုင်ရာ ရှေ့ပြေးနည်းပညာပိုင်းမှာ အမေရိကန်က ထိပ်တန်းအဆင့်မှာ ဆက်ရှိနေရေးကိစ္စတွေကို အာရုံစိုက်ဆွေးနွေးဖို့ သွားတဲ့ခရီးစဉ်ဖြစ်တယ်လို့ လွှတ်တော်အမတ် Chuck Schumer ရဲ့ရုံးက ပြောပါတယ်။

လူ့အခွင့်အရေးကိစ္စ၊ အမေရိကန်အထိရောက်နေတဲ့ Fentanyl ဆေးဝါးတွေ တရုတ်မှာ ထုတ်လုပ်နေတာ ထိန်းချုပ်ဖို့ကိစ္စတွေလည်း ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ပြောပါတယ်။ Fentanyl ဆေးဝါးတွေ ရောနှောထားတဲ့ မူးယစ်ဆေးဝါးပြဿနာကို အမေရိကန်ပြည်ထောင်စုမှာ အကြီးအကျယ် ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်အမတ် ၆ ယောက်ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကိုလည်း သွားရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရုတ်ရောက်နေ 
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG