သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိပ္ပံပညာအတွက် ချီတက်ပွဲ


ဆွီဒင်နိုင်ငံ Stockholm မြို့မှာ ဧပြီလ ၂၂ ရက်နေ့က ကျင်းပသည့် သိပ္ပံပညာအတွက် ချီတက်ပွဲ မြင်ကွင်း။
ဆွီဒင်နိုင်ငံ Stockholm မြို့မှာ ဧပြီလ ၂၂ ရက်နေ့က ကျင်းပသည့် သိပ္ပံပညာအတွက် ချီတက်ပွဲ မြင်ကွင်း။

သက်သေအထာက်အထားအပေါ် အခြေခံထားတဲ့ အသိပညာအပေါ် နိုင်ငံရေးအရ ထိုးနှက်မှုတွေ ပိုများလာတဲ့အတွက် သိပ္ပံပညာရှင်တွေဟာ မြေကမ္ဘာနေ့မှာ ကျင်းပတဲ့ သိပ္ပံပညာအတွက် ချီတက်ပွဲဆန္ဒ ဖော်ထုတ်ပွဲမှာ ပါဝင် ဆင်နွဲခဲ့ကြပါတယ်။ ဒီ ချီတက်ပွဲတွေကိုတော့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့တဝှမ်း မြို့ကြီးပေါင်း ၆၀၀ ကျော်မှာ စနေနေ့က ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ သြစတေးလျ၊ ကနေဒါ၊ ဘရာဇီး၊ တောင်အာဖရိကနိုင်ငံ Cape Town မြို့၊ လန်ဒန်၊ မက်ဒရစ်၊ နိုင်ဂျီးရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ စတဲ့ ကမ္ဘာ့ နေရာသီးသီးတို့မှာ ကျင်းပတဲ့ ဒီ သိပ္ပံပညာအတွက် ချီတက်ပွဲတွေမှာ ထောင်ပေါင်း များစွာသော သိပ္ပံပညာရှင်တွေအပြင် ဒီကိစ္စကို ထောက်ခံ အားပေးသူ အများအပြား ပါဝင် ဆင်နွဲခဲ့ကြတာပါ။

ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပတဲ့ မြေကမ္ဘာနေ့နဲ့ သိပ္ပံပညာအတွက် ချီတက်ပွဲ အခမ်းအနားမှာတော့ အနုပညာရှင်တွေ အပါအဝင် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဟာ လွတ်လပ်ရေး ကျောက်တိုင်အနီးမှာ ထိုးထားတဲ့ မဏ္ဍပ်ကနေ မိန့်ခွန်း ပြောကြား တာ၊ တေးသီချင်း တွေနဲ့ ဖျော်ဖြေတာတွေ ပြုလုပ်ခဲ့ကြသလို ထောင်နဲ့ချီတဲ့ ပြည်သူတွေလည်း မိုးရွားထဲမှာ သိပ္ပံပညာကို ထောက်ခံတဲ့ ဆိုင်းပုတ်ကိုယ်စီကိုင်ပြီး ချီတက်ခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ Brandenberg မုဝ်ဦးဆီ ချီတက်တဲ့ အခမ်းအနားမှာ လူပေါင်း တသောင်းလောက်ဟာ - ခံစားချက်အတွက် မဟုတ်ပဲ အချက်အလက်ကို အခြေခံပါ၊ သက်သေ အထောက်အထား ပြနိုင်တဲ့ ကျွမ်းကျင်သူတွေကို ကျွနု်ပ်တို့ ချစ်မြတ်နိုးပါတယ် - စတဲ့ ဆောင်ပုတ်တွေကိုကိုင်ပြီး ပါဝင် ချီတက်ခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ချီတက်ကြသူတွေကတော့ - သိပ္ပံပညာဟာ အမှောင်ထုထဲ က အလင်းရောင်ဖြစ်တယ်၊ သိပ္ပံပညာသည်သာ အဖြေဖြစ်တယ် - ဆိုတဲ့ ဆိုင်းပုဒ်တွေကို ကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။ လန်ဒန်မြို့မှာတော့ ဆန္ဒဖော်ထုတ် သူတွေဟာ သိပ္ပံပြတိုက်ကနေ Westminster မှာရှိတဲ့ လွှတ်တော် အဆောက်အဦးအထိ သိပ္ပံပညာကို ထောက်ခံတဲ့ ဆိုင်းပုတ်တွေ ကိုင်ပြီး ချီတက်ခဲ့ကြပါတယ်။

သိပ္ပံပညာအတွက် ချီတက်ပွဲ
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

စနေနေ့က ကျရောက်တဲ့ မြေကမ္ဘာနေ့ အထိမ်းအမှတ်နဲ့ ကမ္ဘာ့တလွှားက ရာနဲ့ချီတဲ့ မြို့ကြီးတွေမှာ March for Science လို့ခေါ်တဲ့ သိပ္ပံပညာအတွက် ချီတက်ပွဲတွေ ကျင်းပ ကြရာမှာ ဥရောပ သိပ္ပံ ပညာရှင်တွေလည်း ပါဝင် ဆင်နွှဲကြပါတယ်။ အတ္တလန်တိတ် သမုဒ္ဒရာရပ်ဝန်း နိုင်ငံတွေကြား သီးခြား သုတေသန လုပ်မှုတွေကို ငွေကြေးအရ ပံ့ပိုးပေးမှု လျော့ပါး လာနေတာအတွက် ဝေဖန်တော်လှန်နေတဲ့တက်ကြွ လှုပ်ရှားမှု တွေထဲမှာ အဓိက ပါဝင်လာသူတွေက သိပ္ပံနဲ့ သုတေသန ဆိုင်ရာ ဝေဖန်သုံးသပ်သူတွေပါ။

Belgium နိုင်ငံ၊ Leuven တက္ကသိုလ်က ပါမောက္ခ တဦးကတော့ အခုနောက်ပိုင်း အရေးပါတဲ့ သုတေသန လုပ်ငန်းတွေအတွက် ရံပုံငွေ ရဖို့ သိပ်ကို ခက်ခဲ လာတာလို ဥရောပတလွှား ဦးစားပေးမှု အနေထား ပြောင်းလဲ နေတာကြောင့် သိပ္ပံပညာရှင် တွေရဲ့ လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ပြောပါတယ်။ ဥရောပ စက်မှုလုပ်ငန်းတွေ အတွက် ဈေးကွက်တင်စရာ ထွက်ကုန်သစ်တွေ တီထွင်ပေးနိုင်တဲ့ သုတေသန လုပ်ငန်းတွေအတွက် ရံပုံငွေရဖို့ ခက်ခဲတာမို့ သိပ္ပံပညာရှင်တွေ မတီထွင်နိုင်ဘူး လို့လည်း ပြောပါတယ်။

ဥရောပ သမဂ္ဂက သူ့အဖွဲ့ဝင်နိုင်ငံတွေကို သိပ္ပံပညာရပ်အတွက် ၃ % ပဲ သုံးစွဲ သင့်တယ်လို့ ဘတ်ဂျက်ငွေ လျာထား သတ်မှတ်ခဲ့ပေမယ့် နိုင်ငံ အများအပြားကတော့ ၂ % လောက်သာ သုံးကြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Donald Trump လိုလားသူတွေနဲ့ အတူ ဥရောပ မှာလည်း လူအများကြိုက် မျှောလိုက်သူတွေ၊ ဥရောပ ပေါင်းစည်းရေးအပေါ် သံသယရှိသူတွေ များလာနေတာမို့ သိပ္ပံ ပညာရပ်အပေါ် အလေးထားမှုတွေ လျော့လာ တာမို့ ပြန်ပြီး အလေးထား လာအောင် အသိပညာပေးဖို့ ကမ္ဘာတဝှမ်း လက်တွဲ လုပ်ဆောင်နိုင်မယ်လို့လည်း သိပ္ပံ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ဥတုရာသီ ပြောင်းလဲရေးဆိုင်ရာ မူဝါဒဟာ လက်ဝဲယိမ်းတွေ လုပ်လေ့ရှိတဲ့အလုပ် အဖြစ် မမြင်သင့်ဘူးလို့လည်း ဥရောပ ပါလီမန်ရဲ့ Greens Party ဝင် ဖြစ်တဲ့ သိပ္ပံပညာရှင် Bas Eickhout က ပြောကြားခဲ့သလို ဥပဒေပြဌာန်းဖို့ လုပ်ဆောင်ရေးမှာ သိပ္ပံပညာရှင်တွေ ပိုပြီး ပါဝင်သင့် တယ်လို့ တောင်းဆိုလိုက်ပါတယ်။

သိပ္ပံပညာအတွက် ချီတက်ပွဲ - ၂
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG