သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအမျိုးသမီးများနေ့ ကမ္ဘာအဝှမ်းကျင်းပ


သမ္မတ Donald Trump ကို ကန့်ကွက်ဆန္ဒပြကြမယ့် “အမျိုးသမီးမပါတဲ့ တနေ့တာ” လို့ဆိုရမယ့် “A Day Without Woman” ဆိုတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ဖို့ ကျောင်းသွားမှာ မဟုတ်ဘူးလို့ ဆရာ ဆရာမတွေက ပြောထားတာကြောင့် အမေရိကန်က အစိုးရ ကျောင်းအများအပြား ဒီကနေ့ ပိတ်ထားရဖို့ရှိပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ တိုက်ဆိုင်ပြီးတော့ အခုဆန္ဒပြပွဲ ကိုလုပ်ဖို့ စီစဉ်ထားကြတာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလက ဝါရှင်တန်မြို့တော်မှာ အမျိုးသမီးများ ချီတက်ဆန္ဒပြပွဲကို ကမကထပြု စီစဉ်ခဲ့တဲ့အဖွဲ့အစည်းတွေကပဲ ဒီကနေ့ဆန္ဒပြပွဲကို စီစဉ်ထားတာပါ။ မစ္စတာထရမ့််ပ် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီး နောက်တရက်မှာ အမေရိကန် နိုင်ငံတဝန်း မြို့အသီးသီးမှာလုပ်တဲ့ ချီတက် ဆန္ဒပြပွဲတွေတုန်းက လူ သန်းပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာတော့ ရာပေါင်းများစွာသော အမျိုးသမီးဆန္ဒပြသူတွေဟာ မနီလာမြို့တော်က အမေရိကန်သံရုံးရှေ့ ကို ချီတက်ကြပြီး သမ္မတထရမ့်ပ်ပုံပါတဲ့ အမေရိကန်အလံအတုကို မီးရှို့ပြီးတော့ ဆန္ဒပြကြပါတယ်။

သူတို့အဆိုအားဖြင့် ဆင်းရဲတဲ့နိုင်ငံတွေနဲ့ အမျိုးသမီးတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ နယ်ချဲ့ ဗိုလ်ကျစိုးမိုးမှုဆိုတာကို ဖြိုဖျက်ပေးဖို့ ဆန္ဒပြ ဖိလစ်ပိုင်အမျိုးသမီးတွေက တောင်းဆိုကြပါတယ်။

ကနဦးတုန်းက နိုင်ငံတကာ အလုပ်လုပ်သူ အမျိုးသမီးများနေ့ကနေ အမျိုးသမီးများနေ့အဖြစ် ပြောင်းလဲသတ်မှတ်ထားတာကို နှစ်စဉ် မတ်လ ၈ ရက်နေ့မှာ ဆင်နွှဲကြပြီး အမျိုးသမီးအခွင့်အရေးအတွက် ရုန်းကန် တိုက်ပွဲဝင်ကြတာကို အထိမ်းအမှတ်ပြုတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG