သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးများ သီတင်းပတ် ကျင်းပမည်


အမျိုးသမီးတွေ လုပ်ငန်းနယ်ပယ်တွေမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမည်။
အမျိုးသမီးတွေ လုပ်ငန်းနယ်ပယ်တွေမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမည်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေပြီး ဒီကနေ့ မတ်လ ၆ ရက် တနင်္လာနေ့ကနေ လာမယ့် တနင်္ဂနွေ မတ်လ ၁၂ ရက် နေ့အထိ ရက်သတ္တပတ်ကို အမျိုးသမီးများ ရက်သတ္တပတ်အဖြစ် သတ်မှတ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်ထဲမှာ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီအမျိူးသမီးများနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ လက်ရှိနဲ့ အနာဂတ်မှာ မြန်မာအမျိုးသမီး တွေရဲ့ အခြေနေ တိုးတက်လာစေဖို့ ကြိုးပမ်းမှု တရပ်ဖြစ်ကြောင်း စီစဉ်သူတွေက ပြောပါတယ်။

ကုလသမဂ္ဂက ကျား၊မတန်းတူညီမျှရေး အတွက် သက္ကရာဇ် ၂၀၃၀ ကိုလျာထားပြီး ၂၀၁၇ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ အတွက် ကမ္ဘာ့လုပ်ငန်းခွင်မှာ အမျိုးသမီးများရဲ့ ကဏ္ဍကို ၂၀၃၀ မှာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းစေဖို့ “Women in the Changing World of Work: Planet 50-50 by 2030” ဆိုတဲ့ ဆောင်ပုဒ် ပြဌာန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီကနေ့မနက်ပိုင်းမှာ တွေ့ဆုံပြီး လုပ်ငန်းနယ်ပယ် အသီးသီးမှာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသမီးများ ရက်သတ္တပတ် လှုပ်ရှားမှုကို NLD အစိုးရနဲ့အတူ ကမ္ဘောဇ အုပ်စုက ပူးပေါင်းစီစဉ်တာဖြစ်ပြီး အမျိုးသမီးရေး ဆိုင်ရာ ဆွေးနွေးပွဲတွေအပြင် အမျိုးသမီး စာရေးဆရာမတွေနဲ့ အမျိုးသမီးရေး ဆိုင်ရာ စာအုပ်ပွဲတွေ၊ မှတ်တမ်းရုပ်ရှင်တွေကိုလည်း ခင်းကျင်းပြသမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG