သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SEA Game မြန်မာအမျိုးသမီး ဘောလုံးအသင်း ထိုင်းကို ပွဲပြီးခါနီးကပ်ရှုံး


SEA Game Soccer Myanmar - Thailand ( Photo- Myanmar Football Federation)
SEA Game Soccer Myanmar - Thailand ( Photo- Myanmar Football Federation)

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ြမို့တော်မှာ ကျင်းပနေတဲ့ SEA ဂိမ်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အမျိုးသား ဘောလုံး အုပ်စု B ဖွင့်ပွဲကို မနေ့က ကန်ကြပါတယ်။ အဲဒီပွဲမှာ လက်ရှိ ချန်ပီယံ ထိုင်းအသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

အုပ်စုB မှာပဲ ဗီယက်နမ်အသင်းက အရှေ့တီမော အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

အမျိုးသမီး ဘောလုံးပွဲမှာလည်း လက်ရှိ ချန်ပီယံ ထိုင်းအသင်းက မြန်မာကို ၃ ဂိုး၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစပြီးလို့၂၃ မိနစ် အကြာမှာ မြန်မာအသင်းက ဝင်းသင်္ဂ ီထွန်း အဖွင့်ဂိုးကို သွင်းခဲ့ပြီး ၆၅ မိနစ်မှာတော့ ထိုင်းက ချေပဂိုး ပြန်သွင်း ခဲ့ပါတယ်။

ချေပဂိုးပြီးလို့ နောက်ထပ် ၆ မိနစ် အကြာမှာ ထိုင်းဘက်က ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပြီး မိနစ် ၈၀ မှာ ဝင်းသိင်္ဂ ီထွန်းကပဲ နောက်တလုံး ထပ်သွင်းခဲ့လို့ ၂ ဂိုး သရေနဲ့ ကစားခဲ့ကြပါတယ်။ ပွဲပြီးခါနီး ၈၄ မိနစ်မှာတော့ ထိုင်းဘက်က အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

ပွဲမစမီ ထိုင်းဘောလုံးအသင်း မန်နေဂျာ Orathai Srimanee က သူတို့လိုဘဲ ဂျပန်မှာ လေ့ကျင့်ခဲ့တဲ့ မြန်မာ အသင်းနဲ့ ကစားရာမှာ လွယ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီး အရင်က မြန်မာ အသင်းကို ထိုင်းအသင်းက နိုင်ခဲ့ပေမယ့် လေ ျှာ့တွက်လို့ မရတဲ့ အကြောင်း ပြောခဲ့ပါတယ်။

လက်ရှိ အမျိုးသမီး SEA ဂိမ်း ဘောလုံး ပြိုင်ပွဲမှာ မနေ့က စတင်ခဲ့တဲ့ အုပ်စု A မှာ မလေးရှား၊ မြန်မာ၊ စကာၤပူ၊ လာအိုနဲ့ ဘရူနိုင်းတို့ ပါဝင်ပြီး အုပ်စု B မှာ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ တီမောလတ်စ်တီးတို့ ပါဝင်ကြပါတယ်။ ဒီအုပ်စု နှစ်ခုမှာ အနိုင်ရခဲ့တဲ့ အသင်းတွေက ဆီမီးဖိုင်နယ်ကို တက်ကြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG