သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SEA Games ဘောလုံး မြန်မာအမျိုးသမီးအသင်းနဲ့ ထိုင်း ကန်မည်


မြန်မာအသင်းနှင့် ထိုင်းအသင်းကစားစဉ် (myanmar football federation)
မြန်မာအသင်းနှင့် ထိုင်းအသင်းကစားစဉ် (myanmar football federation)

မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အမျိုးသမီးဘောလုံးပွဲစဉ်တွေကို ဒီကနေ့ August လ ၁၅ ရက်မှာ စတင်မှာဖြစ်ပါတယ်။ အင်္ဂါနေ့ပထမပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ ထိုင်းအသင်းတို့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ကန်ကြမှာပါ။

ည ၈ နာရီ ၄၅ မှာစမယ့် ဒုတိယပွဲစဉ်မှာတော့ အိမ်ရှင်မလေးရှားနဲ့ ဖိလစ်ပိုင်အသင်းတို့ကစားကြမှာပါ။ တနင်္လာနေ့က ကစားခဲ့ကြတဲ့ အမျိုးသားပွဲစဉ်တွေမှာတော့ မြန်မာ ယူ-၂၂ ဘောလုံးအသင်းက ပွဲဦးထွက်မှာ စင်ကာပူကို အနိုင်ရသွားပါတယ်။ ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်ခဲ့တာမှာ ၂ ဂိုးလုံးကို တိုက်စစ်မှူးအောင်သူက သွင်းခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပွဲမှာ အနိုင်ရလိုက်တဲ့အတွက် ကျန်တဲ့ပွဲစဉ်တွေအတွက် မြန်မာအသင်းအနေနဲ့ ယုံကြည်မှု ပိုရသွားစေခဲ့တယ်လို့ အသင်းနည်းပြ ဂတ်ဇီဆီက ပြောကြားခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စု A မှာ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းတို့နဲ့ တအုပ်စုတည်းကြပါတယ်။

တဘက်အုပ်စု (B) မှာတော့ လက်ရှိချန်ပီယံ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နဲ့ Timor Leste အသင်းတို့ ပါဝင်ပါတယ်။ တနင်္လာနေ့ကပဲ မလေးရှားနဲ့ ဘရူနိုင်းတို့ အုပ်စု A ရဲ့နောက်ပွဲစဉ်မှာကစားခဲ့ကြတာမှာ အိမ်ရှင်မလေးရှားက ၂ ဂိုး ဘရူနိုင်းက ၁ ဂိုးနဲ့ မလေးရှားအသင်းနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၆ ဗုဒ္ဓဟူးနေ့ကျရင်တော့ မြန်မာအမျိုးသားဘောလုံးအသင်းနဲ့ Laos အသင်းတို့ ကန်ကြမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က စင်ကာပူမှာ ကျင်းပတဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာတော့ မြန်မာအမျိုးသားဘောလုံးအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲအထိ တက်ခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ရှုံးပြီး ဒုတိယငွေတံဆိပ်ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG