သုံးရလွယ်ကူစေသည့် Link များ

ပါမောက္ခ Sean Turnell လွတ်မြောက်သတင်းမမှန်ကန်ဟု မြန်မာစစ်ကောင်စီပြောခွင့်ရတုံ့ပြန်


NLD အစိုးရလက်ထက် စီးပွါးရေးအကြံပေး ပါမောက္ခ Sean Turnell စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ စီးပွါးရေးဆိုင်ရာညီလာခံတခုမှာဆွေးနွေးနေစဉ်။ (မေ၊ ၂၀၁၈)
NLD အစိုးရလက်ထက် စီးပွါးရေးအကြံပေး ပါမောက္ခ Sean Turnell စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ စီးပွါးရေးဆိုင်ရာညီလာခံတခုမှာဆွေးနွေးနေစဉ်။ (မေ၊ ၂၀၁၈)

((Zawgyi/Unicode))
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခ Sean Turnell လွတ်မြောက်တယ်ဆိုတဲ့သတင်း မမှန်ကန်ဘူးလို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

ပါမောက္ခ Sean Turnell ဟာ မနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီလို့ ခမာတိုင်းသတင်းဌာနက ကနဦးရေးသားခဲ့တာပါ။ ပါမောက္ခ Sean Turnell ကို ပြန်လွှတ်ပေးတဲ့အပေါ်မှာ ဝန်ကြီးချုပ်ဟွန်ဆန်က ကြိုဆိုတယ်လို့တောင် ကမ္ဘောဒီယားအစိုးရသတင်းဌာနကနေ ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

VOA က အကျဉ်းဦးစီးဌာနဘက်ကိုရော စစ်ကောင်စီဘက်ကိုပါ စုံစမ်းကြည့်ရမှာတော့ ပါမောက္ခ Sean Turnell လွတ်မြောက်တယ်ဆိုတဲ့သတင်းမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။

ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ပြီးခဲ့တဲ့မြန်မာခရီးစဉ်အတွင်း စီးပွားရေးပညာရှင် Sean Turnell ကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ကလည်း ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မနေ့ကပဲ တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့သူ ပါမောက္ခ Turnell စစ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာပဲ အဖမ်းခံခဲ့ရတာပါ။ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်တဲ့ နိုင်ငံတော်လုံခြုံရေး ဥပဒေ ချိုးဖောက်မှု စွဲချက်နဲ့ မစ္စတာ Turnell တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

=========

(Unicode)





XS
SM
MD
LG