သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စီးပြားေရးပညာရွင္ Sean Turnell ခ်က္ခ်င္းလႊတ္ဖို႔ ဩစေတးလ် ႏိုင္ငံျခားေရးဝန္ႀကီး ေတာင္းဆို


စီးပြားေရးပညာရွင္ Sean Turnell. (စက္တင္ဘာ ၃၀၊ ၂၀၁၇)

(Zawgyi / Unicode)

စစ္ေကာင္စီက မႏွစ္ကတည္းက ဖမ္းဆိီးထားတဲ့ ၾသစေၾတးလ်ႏိုင္ငံသား၊ စီးပြားေရးပညာရွင္ Sean Turnell ကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ၾသစေၾတးလ် ႏုိင္ငံျခားေရးဝန္ႀကီးက ဒီကေန႔ တနဂၤေႏြေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပးအျဖစ္ တာဝန္ယူခဲ့သူ ပါေမာကၡ Turnell စစ္အာဏာသိမ္းၿပီး ရက္ပုိင္းအၾကာမွာပဲ အဖမ္းခံခဲ့ရတာပါ။ အျမင့္ဆုံးေထာင္ဒဏ္ ၁၄ ႏွစ္ထိ ခ်မွတ္ႏုိ္င္တဲ့ ႏုိင္ငံေတာ္လုံၿခဳံေရးဥပေဒ ခ်ိဳးေဖာက္မႈ စြဲခ်က္နဲ႔ မစၥတာ Turnell တရားရင္ဆုိင္ေနရတာ ျဖစ္ပါတယ္။

မတရားဖမ္းဆီးခံထားရတဲ့ ပါေမာကၡ Turnell ရင္ဆုိင္ေနရတဲ့ စြဲဆိုခ်က္ အားလုံးကို ကန္႔ကြက္ ပယ္ခ်သလို သူ႔ကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ထပ္ၿပီး ေတာင္းဆိုပါတယ္လို႔ ၾသစေၾတးလ် ႏုိင္ငံျခားေရးဝန္ႀကီး Marise Payne ရဲ႕ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

မစၥတာ Turnell ဖမ္းဆီးခံထားရတ့ဲအေပၚ လူ႔အခြင့္အေရးအဖြဲ႔ေတ ဘက္ကလည္း စိုးရိ္မ္ေနၾကပါတယ္။ အထူးသျဖင့္ မစၥတာ Turnell ရဲ႕ ၿပီးခဲ့တ့ဲ စက္တင္ဘာလ တရား႐ုံးၾကားနာပြဲကို ၾသစေၾတးလ်သံ႐ုံးက သြားေရာက္ခြင့္မရတ့ဲ့ ေနာက္ပုိင္း ပိုၿပီး စိုးရိမ္လာၾကတာ ျဖစ္ပါတယ္။

တရားေရး လုပ္ထုံးလုပ္နည္းနဲ႔ ပြင့္လင္းျမင္သာမႈဆိုင္ရာ အေျခခံ စံသတ္မွတ္ေတြခ်က္အရ ပါေမာကၡ Turnell ကို သူ႔ေရွ႔ေနနဲ႔ အခ်ိန္မေနွာင္းဘဲ ေတြ႔ခြင့္ျပဳဖို႔၊ တရား႐ုံးၾကားနာပြဲမွာ ၾသစေၾတးလ် တာဝန္ရိွသူေတြ ေစာင့္ၾကည့္ခြင္႔ရဖုိ႔ ၾသစေၾတးလ်က ေမွ်ာ္လင့္ပါတယ္လို႔လည္း ဝန္ႀကီး Payne က ေၾကညာခ်က္မွာ ေျပာထားပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ထား ဒဏ္ခတ္ဖို႔ လူ႔အခြင့္အေရး ေလ့လာေစာင့္ၾကည့္ေရးအဖဲ႔ြ HRW အပါအဝင္ ၾသစေၾတးလ် ဒုကၡသည္မ်ားဆုိင္ရာ ေကာင္စီတို႔ ပါဝင္တဲ့ NGO ပူးေပါင္းအုပ္စုေတြက ၾသစေၾတးလ်အစိုးရကို ၿပီးခဲ့တဲ့လမွာ ေတာင္းဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

စီးပွားရေးပညာရှင် Sean Turnell ချက်ချင်းလွှတ်ဖို့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

စစ်ကောင်စီက မနှစ်ကတည်းက ဖမ်းဆီးထားတဲ့ သြစတြေးလျနိုင်ငံသား၊ စီးပွားရေးပညာရှင် Sean Turnell ကို ချက်ချင်းပြန်လွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့သူ ပါမောက္ခ Turnell စစ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာပဲ အဖမ်းခံခဲ့ရတာပါ။ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်တဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေ ချိုးဖောက်မှု စွဲချက်နဲ့ မစ္စတာ Turnell တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ ပါမောက္ခ Turnell ရင်ဆိုင်နေရတဲ့ စွဲဆိုချက် အားလုံးကို ကန့်ကွက် ပယ်ချသလို သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုပါတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

မစ္စတာ Turnell ဖမ်းဆီးခံထားရတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တေ ဘက်ကလည်း စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် မစ္စတာ Turnell ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ တရားရုံးကြားနာပွဲကို သြစတြေးလျသံရုံးက သွားရောက်ခွင့်မရတဲ့ နောက်ပိုင်း ပိုပြီး စိုးရိမ်လာကြတာ ဖြစ်ပါတယ်။

တရားရေး လုပ်ထုံးလုပ်နည်းနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ အခြေခံ စံသတ်မှတ်တွေချက်အရ ပါမောက္ခ Turnell ကို သူ့ရှေ့နေနဲ့ အချိန်မနှောင်းဘဲ တွေ့ခွင့်ပြုဖို့၊ တရားရုံးကြားနာပွဲမှာ သြစတြေးလျ တာဝန်ရှိသူတွေ စောင့်ကြည့်ခွင့်ရဖို့ သြစတြေးလျက မျှော်လင့်ပါတယ်လို့လည်း ဝန်ကြီး Payne က ကြေညာချက်မှာ ပြောထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ဖို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖဲ့ွ HRW အပါအဝင် သြစတြေးလျ ဒုက္ခသည်များဆိုင်ရာ ကောင်စီတို့ ပါဝင်တဲ့ NGO ပူးပေါင်းအုပ်စုတွေက သြစတြေးလျအစိုးရကို ပြီးခဲ့တဲ့လမှာ တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG