(Zawgyi / Unicode)
အာဏာသိမ္းထားတဲ့ ျမန္မာစစ္တပ္အေနနဲ႔ ျပည္သူေတြအေပၚ အၾကမ္းဖက္ေနတာေတြ ရပ္တန႔္ၿပီး ၾသစေၾတးလ် ပါေမာကၡ Sean Turnell အပါအဝင္ ဖမ္းဆီးထိန္းသိမ္းထားသူ အားလုံး ျပန္လႊတ္ေပးဖို႔ ၾသစေၾတးလ် ႏုိင္ငံျခားေရးဝန္ႀကီး Marise Payne က ေတာင္းဆိုလိုက္ပါတယ္။
"ျမန္မာႏိုင္ငံ အေျခအေနနဲ႔ ပတ္သက္လို႔ အထူးစိုးရိမ္တယ္ဆိုတာ ဒီကေန႔ ထပ္ေျပာလိုပါတယ္။ ျမန္မာစစ္တပ္အေနနဲ႔ အရပ္သားျပည္သူေတြအေပၚ အၾကမ္းဖက္ေနတာေတြ ရပ္တန႔္ၿပီး ေတြ႔ဆုံေဆြးေႏြး အေျဖရွာဖို႔နဲ႔ ၾသစေၾတးလ် ပါေမာကၡ Sean Turnell အပါအဝင္ ဖမ္းဆီးထိန္းသိမ္းထားသူ အားလုံး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္။” လို႔ ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne ေျပာသြားတာပါ။
ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕မွာ က်င္းပေနတဲ့ အာဆီယံ-ၾသစေၾတးလ် ေဆြးေႏြးပြဲမွာ ဝန္ႀကီး Payne က ျမန္မာ့အေရးကို ဒီကေန႔ ထည့္သြင္း ေျပာၾကားသြားတာပါ။
အာဆီယံအဖြဲ႔ တိုးတက္ႀကီးပြားေရးနဲ႔ အာဆီယံေဒသတြင္း လုံၿခဳံေရးနဲ႔ တည္ၿငိမ္ ေအးခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္ဖို႔ ၾသစေၾတးလ်ႏိုင္ငံက အခိုင္အမာ သႏၷိ႒ာန္ခ်ထားတဲ့အေၾကာင္း ဝန္ႀကီး Payne က အမ်ိဳးသမီး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ အာဆီယံ-ၾသစေၾတးလ် ေဆြးေႏြးပြဲမွာ အေလးထား ေျပာဆိုသြားပါတယ္။
အခုခရီးစဥ္အတြင္း ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Pham Minh Chinh၊ ႏုိင္ငံျခားေရးဝန္ႀကီး Bui Thanh Son တို႔နဲ႔လည္း ဝန္ႀကီး Payne ေတြ႔ဆုံခဲ့ပါတယ္။
COVID-19 ကပ္ေဘးေၾကာင့္ ထိခိုက္ခဲ့ရတဲ့ စီးပြားေရးနဲ႔ က်န္းမာေရးက႑ေတြ ျပန္လည္နာလန္ထူႏိုင္ေရး အပါအဝင္ အာဆီယံႏိုင္ငံေတြနဲ႔ ဆက္ဆံေရး ပိုမိုခိုင္ၿမဲေအာင္ တည္ေဆာက္ဖို႔အတြက္ ဝန္ႀကီး Payne က အေရွ႕ေတာင္အာရွ ၄ ႏိုင္ငံကို သြားေရာက္ေနရာမွာ မေလးရွားနဲ႔ ကေမၻာဒီးယား ၿပီးတဲ့ေနာက္ အင္ဒိုနီးရွားကို မသြားမီ ဗီယက္နမ္ကို ေရာက္ရွိလာတာပါ။
----------------------
(Unicode)
ဖမ်းဆီးခံ ဩစတြေးလျ ပါမောက္ခ ပြန်လွှတ်ဖို့ နိုင်ငံခြားဝန်ကြီး Payne တောင်းဆို
အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်ပြီး သြစတြေးလျ ပါမောက္ခ Sean Turnell အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံး ပြန်လွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က တောင်းဆိုလိုက်ပါတယ်။
"မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်တယ်ဆိုတာ ဒီကနေ့ ထပ်ပြောလိုပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့နဲ့ သြစတြေးလျ ပါမောက္ခ Sean Turnell အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။” လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ပြောသွားတာပါ။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ-သြစတြေးလျ ဆွေးနွေးပွဲမှာ ဝန်ကြီး Payne က မြန်မာ့အရေးကို ဒီကနေ့ ထည့်သွင်း ပြောကြားသွားတာပါ။
အာဆီယံအဖွဲ့ တိုးတက်ကြီးပွားရေးနဲ့ အာဆီယံဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သြစတြေးလျနိုင်ငံက အခိုင်အမာ သန္နိဋ္ဌာန်ချထားတဲ့အကြောင်း ဝန်ကြီး Payne က အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အာဆီယံ-သြစတြေးလျ ဆွေးနွေးပွဲမှာ အလေးထား ပြောဆိုသွားပါတယ်။
အခုခရီးစဉ်အတွင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh၊ နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့နဲ့လည်း ဝန်ကြီး Payne တွေ့ဆုံခဲ့ပါတယ်။
COVID-19 ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ ပြန်လည်နာလန်ထူနိုင်ရေး အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့အတွက် ဝန်ကြီး Payne က အရှေ့တောင်အာရှ ၄ နိုင်ငံကို သွားရောက်နေရာမှာ မလေးရှားနဲ့ ကမ္ဘောဒီးယား ပြီးတဲ့နောက် အင်ဒိုနီးရှားကို မသွားမီ ဗီယက်နမ်ကို ရောက်ရှိလာတာပါ။