သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Sean Turnell ကို အစိုးရလွ်ိဳ႕ဝွက္ခ်က္ ဥပေဒနဲ႔ ရံုးထုတ္ခ်ိန္ စကားျပန္ထားရွိခြင္႔ ျပဳမည္မဟုတ္


ပါေမာကၡ Sean Turnell

[ Zawgyi ]

ၾသစေၾတလ်ႏိုင္ငံသား စီးပြါးေရးပညာရွင္ Sean Turnell အေပၚတရားစြဲဆိုထားတဲ့ အမႈေတြ အတြက္ ေနာက္ရံုးခ်ိန္းမွာ အဂၤလိပ္- ျမန္မာ ဘာသာျပန္ ထားခြင့္ မျပဳေၾကာင္း ၾကာသပေတးေန႔မွာ တရားရံုးေတာ္က အမိန္႔ထုတ္ျပန္ခဲ့ပါတယ္။

Sean Turnell နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ၅ ဦးအေပၚ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒ ပုဒ္မ ၃-၁ (ဂ) နဲ႔ စြဲခ်က္တင္ထားတာကို ၾကာသေတးေန႔က ေနျပည္ေတာ္ အထူးတရားရံုးမွာ ကနဦးၾကားနာခဲ့ခ်ိန္မွာ အခုလိုအမိန္႔ထုတ္ျပန္ခဲ့တာ ျဖစ္တယ္လို႔ သူ႔ေရွ႕ေန ဦးရဲလင္းေအာင္က ေျပာေၾကာင္း AP သတင္းမွာ ေဖၚျပပါတယ္။ စကားျပန္လာခြင့္မျပဳဖို႔ အစိုးရေရွ႕ေနရဲ႕ ပန္ၾကားခ်က္ကို လံုျခံဳေရးအေျခေနအရ တရားသူႀကီးက သေဘာတူလိုက္တာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တရားအစြဲဆိုခံရသူ ၅ ဦးစလံုးတက္ေရာက္တဲ့ ၾကားနာပြဲနဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာအပါအဝင္ ျပည္သူသိရွိခြင့္မရွိေစဖို႔ ပိတ္ပင္ထားေပမယ့္ အစိုးရ႐ုပ္သံက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ မစၥတာ Turnell ဟာ ေငြေၾကးဆိုင္ရာ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အခ်က္လက္ေတြကို လက္လွမ္းမွီသိရွိခဲ့သလို ျမန္မာႏိုင္ငံကေန ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ေၾကာင္း ေဖၚျပထားပါတယ္။

မစၥတာ Turnell အတြက္ စကားျပန္မပါပဲ ရံုးတင္စစ္ေဆးတာဟာ ခက္ခဲမွာျဖစ္ေၾကာင္း နဲ႔ ဒီကိစၥကို ၾသစေၾတးလ်သံရံုး အရာရွိေတြနဲ႔ ေဆြးေႏြးမွာ ျဖစ္ေၾကာင္းလည္း ေရွ႕ေနဦးရဲလင္းေအာင္က ေျပာပါတယ္။ အခု ေနျပည္ေတာ္အက်ဥ္းေထာင္မွာ အထိန္းသိမ္းခံေနရတဲ့ မစၥတာ Turnell ရဲ႕ က်န္းမာေရးအေျခေန ေကာင္းမြန္ေၾကာင္းနဲ႔ စားစရာနဲ႔ ပစၥည္းတခ်ိဳ႕ ပို႔ေပးဖို႔ သူကမွာေၾကာင္းလည္း ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြါးေရးအၾကံေပးအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ Sean Turnell ဟာ ေဖေဖၚဝါရီလ စစ္တပ္အာဏာသိမ္းခဲ့ၿပီး ေနာက္ ၅ ရက္အၾကာမွာ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ အဖမ္းခံခဲ့ရတာ ျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ အနည္းဆံုး ၁၄ ႏွစ္အထိ က်ခံရႏိုင္ဖြယ္ရွိပါတယ္။

Sean Turnell အေပၚစစ္ေကာင္စီက တရားစြဲထားတာနဲ႔ပတ္သက္လို႔ ၾသစေၾတးလ် အစိုးရကဘက္က မွ်တတဲ့ တရားစီရင္မႈ ရႏိုင္ေျခအေပၚ သံသယျဖစ္ရေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသလို ၾသစေၾတးလ်အစိုးရ အေနနဲ႔ ပါေမာကၡ Turnell ရဲ႕ အမႈနဲ႔ပတ္သက္ၿပီး တရား႐ုံးခ်ိန္းတိုင္းကို တက္ေရာက္ခြင့္ ရဖို႔ေရာ၊ အခ်ိန္မီ အႀကံေပးခြင့္ရဖို႔ပါ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================================

[ Unicode ]

Sean Turnell ကို အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ရုံးထုတ်ချိန် စကားပြန်ထားရှိခွင့် ပြုမည်မဟုတ်

သြစတြေလျနိုင်ငံသား စီးပွါးရေးပညာရှင် Sean Turnell အပေါ်တရားစွဲဆိုထားတဲ့ အမှုတွေ အတွက် နောက်ရုံးချိန်းမှာ အင်္ဂလိပ်- မြန်မာ ဘာသာပြန် ထားခွင့် မပြုကြောင်း ကြာသပတေးနေ့မှာ တရားရုံးတော်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

Sean Turnell နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၅ ဦးအပေါ် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) နဲ့ စွဲချက်တင်ထားတာကို ကြာသတေးနေ့က နေပြည်တော် အထူးတရားရုံးမှာ ကနဦးကြားနာခဲ့ချိန်မှာ အခုလိုအမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ သူ့ရှေ့နေ ဦးရဲလင်းအောင်က ပြောကြောင်း AP သတင်းမှာ ဖေါ်ပြပါတယ်။ စကားပြန်လာခွင့်မပြုဖို့ အစိုးရရှေ့နေရဲ့ ပန်ကြားချက်ကို လုံခြုံရေးအခြေနေအရ တရားသူကြီးက သဘောတူလိုက်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

တရားအစွဲဆိုခံရသူ ၅ ဦးစလုံးတက်ရောက်တဲ့ ကြားနာပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာအပါအဝင် ပြည်သူသိရှိခွင့်မရှိစေဖို့ ပိတ်ပင်ထားပေမယ့် အစိုးရရုပ်သံက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မစ္စတာ Turnell ဟာ ငွေကြေးဆိုင်ရာ နိုင်ငံတော်လျှို့ဝှက်အချက်လက်တွေကို လက်လှမ်းမှီသိရှိခဲ့သလို မြန်မာနိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

မစ္စတာ Turnell အတွက် စကားပြန်မပါပဲ ရုံးတင်စစ်ဆေးတာဟာ ခက်ခဲမှာဖြစ်ကြောင်း နဲ့ ဒီကိစ္စကို သြစတြေးလျသံရုံး အရာရှိတွေနဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ရှေ့နေဦးရဲလင်းအောင်က ပြောပါတယ်။ အခု နေပြည်တော်အကျဉ်းထောင်မှာ အထိန်းသိမ်းခံနေရတဲ့ မစ္စတာ Turnell ရဲ့ ကျန်းမာရေးအခြေနေ ကောင်းမွန်ကြောင်းနဲ့ စားစရာနဲ့ ပစ္စည်းတချို့ ပို့ပေးဖို့ သူကမှာကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Sean Turnell ဟာ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ပြီး နောက် ၅ ရက်အကြာမှာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ၁၄ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိပါတယ်။

Sean Turnell အပေါ်စစ်ကောင်စီက တရားစွဲထားတာနဲ့ပတ်သက်လို့ သြစတြေးလျ အစိုးရကဘက်က မျှတတဲ့ တရားစီရင်မှု ရနိုင်ခြေအပေါ် သံသယဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုထားသလို သြစတြေးလျအစိုးရ အနေနဲ့ ပါမောက္ခ Turnell ရဲ့ အမှုနဲ့ပတ်သက်ပြီး တရားရုံးချိန်းတိုင်းကို တက်ရောက်ခွင့် ရဖို့ရော၊ အချိန်မီ အကြံပေးခွင့်ရဖို့ပါ တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG