သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ စီးပွားရေး စီမံခန့်ခွဲမှုအပေါ် စီးပွားရေးပညာရှင် Sean Turnell ဝေဖန်


NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး၊ ဩစတြေးလျနိုင်ငံက စီးပွားရေးပညာရှင် ပါမောက္ခ Sean Turnell (နိုဝင်ဘာ ၇၊ ၂၀၂၄)
NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး၊ ဩစတြေးလျနိုင်ငံက စီးပွားရေးပညာရှင် ပါမောက္ခ Sean Turnell (နိုဝင်ဘာ ၇၊ ၂၀၂၄)

မြန်မာနိုင်ငံအတွင်း အခြေအနေ တည်ငြိမ်မှု ပျက်ပြားပြီး မြန်မာငွေကြေးအပေါ် ယုံကြည်မှုမရှိတော့တာ၊ ပို့ကုန်နဲ့ သွင်းကုန် ပမာဏ မညီမျှတာ၊ စစ်ကောင်စီက ငွေကြေး ရိုက်နှိပ် ထုတ်ဝေတဲ့ နည်းလမ်းကိုပဲသုံးပြီး ဖြေရှင်းနေတာတွေကြောင့် တိုင်းပြည်စီးပွားရေး ကမောက်ကမ အခြေအနေကို ရောက်နေတဲ့အကြောင်း NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး၊ ဩစတြေးလျနိုင်ငံက စီးပွားရေးပညာရှင် ပါမောက္ခ Sean Turnell က ဒီနေ့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ကမကထလုပ် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

တိုင်းပြည်စီးပွားရေးပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်းဆီသို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ NUG ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာကျပ်ငွေနဲ့ ပတ်သက်လို့ ငွေကြေးတန်ဖိုး အခြေခံ လိုအပ်ချက်တွေ မပြည်စုံတော့တဲ့ အနေအထားနဲ့ လက်ရှိ စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို Sean Turnell ရှင်းပြသွားပါတယ်။

စစ်ကောင်စီကတော့ ဒီရက်ပိုင်း မြန်မာကျပ်ငွေ ထိုးကျပြီး ပြင်ပ ငွေလဲနှုန်းတွေမှာ နိုင်ငံခြားငွေဈေးတွေ တက်သွားတာဟာ တိုင်းပြည်အတွင်း ဝိသမလောဘသားတွေရဲ့ ဈေးကစားမှုကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြပါတယ်။ အရောင်းအဝယ် တကယ်မဖြစ်တဲ့ ရွေဈေးနှုန်းတွေကို လူမှုကွန်ယက်မီဒီယာတွေမှာ ဖြန့်ဝေခဲ့တယ်ဆိုပြီး တရားမဝင် ရွေအရောင်းအဝယ်လုပ်ခဲ့တဲ့ ပွဲစားတွေအပါအဝင် စုစုပေါင်း ၂၁ ယောက်ကို ဖေါ်ထုတ် ဖမ်းဆီး စစ်ဆေးနေတဲ့အကြောင်း မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် နောက်ကွယ်က ဆောင်ရွက်နေတဲ့ တရားခံ ၁၀ ယောက် ထွက်ပြေးတိမ်းရှောက်နေတဲ့အကြောင်း နာမယ်တွေနဲ့ ကြေညာထားပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာ ငွေလဲနှုန်းတွေကို ဆွဲတင်နေတဲ့သူတွေကို အရေးယူသွားမယ့်အကြောင်းလည်း စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတိပေးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG