သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sean Turnell ရဲ့ မြန်မာ့စီးပွားရေးအကြောင်းစာအုပ် ထွက်မည်


သူရေးတဲ့စာအုပ်အသစ်နဲ့အတူတွေ့ရတဲ့ စီးပွားရေးပညာရှင် Sean Turnell (ဩဂုတ် ၊ ၂၀၂၄)
သူရေးတဲ့စာအုပ်အသစ်နဲ့အတူတွေ့ရတဲ့ စီးပွားရေးပညာရှင် Sean Turnell (ဩဂုတ် ၊ ၂၀၂၄)

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်၊ လုပ်ငန်းတွေအကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အထူးအကြံပေး Sean Turnell ရေးသားထားတဲ့စာအုပ် မကြာခင်ထွက်လာတော့မှာဖြစ်ပါတယ်။

စိုးရိမ်စရာ မြန်မာ့ စီးပွားရေးကနေ စီးပွားရေး မျှော်လင့်ချက်တွေရှိလာစေတဲ့အထိ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေးအတွက်လိုအပ်တဲ့ စီးပွားရေးအုတ်မြစ်ခိုင်မာအောင် ဆောင်ရွက်ခဲ့တဲ့ အစီအမံတွေကို အကောင်းဆုံး ချမှတ် အစီအစဉ်များ လို့ အဓိပ္ပါယ်ရမယ့် Best Laid Plans ဆိုတဲ့ စာအုပ်မှာ စီးပွားရေးပညာရှင် Sean Turnell က ရေးသားထားပါတယ်။

နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေးနဲ့ မဟာဗျူဟာဆိုင်ရာ တတ်သိပညာရှင်များအဖွဲ့ Lowy Institute ကနေ Best Laid Plans စာအုပ်ကို August လ ၂၇ ရက်နေ့မှာ စတင်ထုတ်ဝေမှာဖြစ်တယ်လို့ Mr. Turnell က VOA မြန်မာပိုင်းကို ပြောပါတယ်။ ၂၀၁၆ ခုနှစ်ကနေ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်အထိ သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေကို စာအုပ်ထဲမှာ ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းမှုကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ မပြည့်စုံ မပြီးပြတ်သေးချိန် နင်းခြေ ဖျက်စီးခံခဲ့ရယုံမက ဒီမိုကရေစီ နိုင်ငံဖြစ်လာစေရေး အခြေခံအုတ်မြစ်တွေကိုပါ ဖြိုဖျက်ခံလိုက်ရတယ်ဆိုတာကိုလည်း စာအုပ်ထဲမှာ ထောက်ပြထားပါတယ်။ အခုစာအုပ်ဟာ သူ့ရဲ့ထောင်တွင်းအတွေ့အကြုံတွေအကြောင်းထုတ်ခဲ့တဲ့ အရင်စာအုပ်မျိုး မဟုတ်ဘဲ မြန်မာနိုင်ငံအကြောင်း လေ့လာနေသူတွေအတွက် လေ့လာရည်ညွှန်းစရာ မှတ်တမ်းတခုအနေနဲ့ ထုတ်ဝေတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ခဏတာခံစားခဲ့ရတဲ့ စီးပွားရေးမျှော်လင့်ချက်တွေ၊ သာယာဝပြောမှုတွေ ရုတ်တရက် ပျောက်သွားခဲ့ပေမယ့် မြန်မာနိုင်ငံအတွက် ခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေရှိနေတယ်ဆိုတာကို ဒီစာအုပ်မှာ စီးပွားရေးပညာရှင် Sean Turnell ကမီးမောင်းထိုးပြထားပါတယ်။

Australia နိုင်ငံသား ပညာရှင် Sean Turnell ဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် မြန်မာနိုင်ငံစီးပွားရေးကို ပြန်လည်ပုံဖော်ဖို့ ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ အဓိက ပါဝင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ Sydney မြို့က Macquarie တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် စီးပွားရေးပါမောက္ခအဖြစ် သင်ကြားနေသလို၊ Lowy Institute မှာလည်း အကြီးတန်း သုတေသီအဖြစ် ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG