သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့မြန်မာမှာ မြေမြှုပ်မိုင်းကြောင့်ထိခိုက်သေဆုံးမှု တိုးလာ


စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကို ရှင်းလင်းနေစဉ် - Photo- ABSDF (နိုဝင်ဘာ ၄၊ ၂၀၂၃)
စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကို ရှင်းလင်းနေစဉ် - Photo- ABSDF (နိုဝင်ဘာ ၄၊ ၂၀၂၃)

ရုရှားနဲ့ မြန်မာမှာ လူကိုပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းတွေအသုံးပြုခဲ့တာကြောင့် ယူကရိန်းနဲ့ မြန်မာမှာ အရပ်သား သေဆုံး၊ ဒဏ်ရာရမှု မြင့်တက်လာခဲ့တယ်လို့ အသစ်ထုတ်လိုက်တဲ့ မြေမြှုပ်မိုင်း အစီရင်ခံစာက ပြောပါတယ်။

ဒီ အစီရင်ခံစာကို မြေမြှုပ်မိုင်းများပိတ်ပင်ရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့က ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အများဆုံးက ဆီးရီးယားဖြစ်ပြီး သေဆုံးဒဏ်ရာရသူ ၈၃၄ ယောက်၊ ယူကရိန်းက ၆၀၈ ယောက်၊ ယီမင်နဲ့မြန်မာမှာက ၅၀၀ ကျော်စီ ထိခိုက်သေဆုံးခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။မြန်မာနဲ့တချို့ နိုင်ငံတွေမှာ တက်လာခဲ့ပေမဲ့ တကမ္ဘာလုံးမှာတော့ ဒီ့အရင်နှစ် ၅,၅၄၄ ကနေ ၂၀၂၂ မှာ သေဆုံးဒဏ်ရာရသူ ၄,၇၁၀ ယောက်အထိ ကျသွားခဲ့တာပါ။

သေဆုံးဒဏ်ရာရကြသူတွေရဲ့ ၈၅ ရာနှုန်းက အရပ်သားတွေဖြစ်ကြပြီး ဒါ ရဲ့ တဝက်ကျော်က ကလေးတွေ ဖြစ်ကြတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာက လူကိုပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ၁၉၉၉ ခုနှစ်ကတည်းက စအသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က လက်နက်များဆိုင်ရာ စောင့်ကြည့်ရေး တွဲဘက် ညွှန်ကြားရေးမှူး မတ်ခ် ဟင်းဇနေးက (Mark Hiznay) ဆိုပါတယ်။

အခု အသုံးပြုနေတာတွေက ပိုဆိုး ပိုများလာပြီး စစ်ကောင်စီတပ်တွေရော၊ နိုင်ငံတော်မဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရော အသုံးများလာကြတယ်လို့လည်း သူက ပြောပါတယ်။ နိုင်ငံတကာ မြေမြှုပ်မိုင်း ပိတ်ပင်ရေးစာချုပ်က အသုံးပြုမှု၊ သိုလှောင်မှု၊ ထုတ်လှုပ်မှု၊ လွှဲပြောင်းမှုတွေကို ပိတ်ပင်ထားတာပါ။ လက်မှတ်ထိုးထားတဲ့ တိုင်းပြည် ၁၆၄ ပြည်ရှိပြီး မထိုးတဲ့တိုင်းပြည် ၃၅ ပြည်ရှိပါတယ်။ မြန်မာနိုင်ငံက လက်မှတ် ထိုးမထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG