သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အုပ်ချုပ်စဉ်နစ်နာရတဲ့ ကိုရီးယားလုပ်သားများ လျော်ကြေးပေးရေး ကြေညာ


စစ်အတွင်း ဂျပန်ရဲ့ အတင်းအဓမ္မခိုင်းစေခံခဲ့ရတဲ့ တောင်ကိုရီးယားလုပ်သားတွေအတွက် ကိုရီးယားအစိုးရရဲ့ ဖောင်ဒေးရှင်းက တဆင့်လျော်ကြေးပေးအပ်ဖို့ အစီအစဉ်ကိုကြေညာနေတဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin (မတ် ၆၊ ၂၀၂၃)

စစ်အတွင်း ဂျပန်ရဲ့ အတင်းအဓမ္မခိုင်းစေခံခဲ့ရတဲ့ တောင်ကိုရီးယားလုပ်သားတွေအတွက် ကိုရီးယားအစိုးရရဲ့ ဖောင်ဒေးရှင်းက တဆင့် လျော်ကြေးပေးအပ်ဖို့ အစီအစဉ်ကို တောင်ကိုရီးယားက တနင်္လာနေ့မှာကြေညာပါတယ်။ ၁၉၁၀ ကနေ ၁၉၄၅ ခုနှစ် ကိုရီးယားကျွန်းဆွယ်မှာ ဂျပန်တို့ရဲ့ ၃၅ နှစ်ကြာသိမ်းပိုက်ထားတဲ့ ကာလအတွင်း ရက်စက်ကြမ်းတမ်းတဲ့ အုပ်ချုပ်ရေးကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကြား ဆက်ဆံရေး ကာလရှည်ကြာတင်းမာခဲ့ပါတယ်။ ကိုလိုနီခေတ်ကာလ ကိုရီးယားနိုင်ငံသား ၇ သိန်း ၈ သောင်းလောက်ကို ဂျပန်က အတင်းအဓမ္မခိုင်းစေခဲ့တယ်လို့ ကိုရီးယားနိုင်ငံက အချက်အလက်တွေက ဖော်ပြပါတယ်။ ဒီလို အတင်းအဓမ္မခိုင်းစေခံခဲ့ရတဲ့ တောင်ကိုရီးယား လုပ်သားတွေအတွက် တောင်းပန်ဖို့နဲ့ လျော်ကြေးပေးအပ်ဖို့ အစီအစဉ်တွေကို ညှိနှိုင်းနေပေမယ့် သဘောတူညီချက်မရရှိဘဲဖြစ်နေခဲ့တာပါ။

ကိုရီးယားအစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းအဖွဲ့ဝင်များ (မတ် ၆၊ ၂၀၂၃)
ကိုရီးယားအစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းအဖွဲ့ဝင်များ (မတ် ၆၊ ၂၀၂၃)

အခုနောက်ပိုင်း မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်မှုတွေ ဆက်တိုက်လုပ်လာတာကို တန်ပြန်တဲ့ အနေနဲ့ရော၊ အာရှအင်အားကြီးနိုင်ငံတွေကြား ဆက်ဆံရေးတိုးမြှင့်ဖို့ပါ ရည်ရွယ်ပြီးတော့ အခုလို လျော်ကြေးပေးအပ်မယ့် အစီအစဉ်ကို တောင်ကိုရီးယားအစိုးရက ကြားဝင်လုပ်ဆောင်တာပါ။ ဒီအစီအစဉ်မှာ ဂျပန်စစ်တပ်က အတင်းအဓမ္မလိင်ကျွန်ပြုခိုင်းစေခံခဲ့ရတဲ့ ကိုရီးယားအမျိုးသမီးတွေအတွက်တော့ မပါဝင်ပါဘူး။ အခုလို တောင်ကိုရီးယားက လျော်ကြေးပေးအပ်ပေးမယ့် အစီအစဉ်ကို ဂျပန်နဲ့ အမေရိကန်တို့က ကြိုဆိုကြပါတယ်။ ဒါပေမဲ့ထိခိုက်နစ်နာခဲ့ရသူ မိသားစုတွေနဲ့ ကိုယ်စားလှယ်တွေကတော့ ဒီအစီအစဉ်ကြောင့် ဂျပန်နိုင်ငံဘက်က အပြည့်အဝတောင်းပန်မှု မရှိတော့မှာနဲ့ ဂျပန်ကုမ္ပဏီတွေကနေ တိုက်ရိုက်လျော်ကြေးရဖို့ အခွင့်အလမ်းတွေ နည်းပါးသွားနိုင်တာကြောင့် အစိုးရလျော်ကြေးပေးမယ့် အစီအစဉ်ကို လက်မခံကြောင်းပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG