သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုင္းဆတ္မွာ ယာဥ္တိမ္းေမွာက္မႈ လမ္းလုပ္သား ၁၀ ဦးေသဆံုး


ရွမ္းျပည္နယ္ အေရွ႕ပိုင္းမိုင္းဆတ္ၿမိဳ႕နယ္က ယာဥ္တိမ္းေမွာက္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - MOI - ေမ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ အေရွ႕ပိုင္းမိုင္းဆတ္ၿမိဳ႕နယ္မွာ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ လမ္းလုပ္သား ၁၀ ဦးေသဆုံးၿပီး ကိုးဦး ဒဏ္ရာရရွိခဲ့တဲ့အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပေပးပါမယ္။

မိုင္းဆတ္ တာခ်ီလိတ္လမ္း လြယ္ဆမ္ဆုံေတာင္အဆင္း ပါခါး ေက်း႐ြာအနီးမွာ ဒီကေန႔ ကားတစီး တိမ္းေမွာက္မႈေၾကာင့္ ကားေပၚပါလာတဲ့ လမ္းျပင္လုပ္သား ၁၉ ဦးအနက္ ၁၀ ဦး ေသဆုံးျပီး က်န္သူေတြအားလုံးဒဏ္ရာ ရရွိသြားတယ္လို႔မိုင္းဆတ္ၿမိဳ႕နယ္ NLD အတြင္းေရးမွဴး ဦးထြန္းေအာင္ကေျပာပါတယ္။

“လမ္းလုပ္တဲ့ အလုပ္သမားေတြ မိုင္းဆတ္ၿမိဳ႕ကပဲ။ ကာနနဲ႔ ေနာင္ဖာမွာေနတာေလ။ အဲဒီလူေတြက လမ္းလိုက္လုပ္ရင္းနဲ႔ တရုတ္ ကားေပၚက ေပ ၂၀၀ ေလာက္နက္တဲ့ေခ်ာက္ထဲက်သြားတာ။ ၁၉ ေယာက္မွာ ၁၀ ေယာက္ေသသြားတာ။ ခ်က္ခ်င္း ကိုးေယာက္ ေသတယ္။ တေယာက္က ေဆးရံုေရာက္မွ ေသတယ္။ လူတိုင္းဒဏ္ရာရတယ္။ ဒဏ္ရာရတဲ့သူေတြေဆးရံုမွာ။”

ေသဆုံးသူအမ်ားစုဟာ မိုင္းဆတ္ၿမိဳ႕နယ္၊ ေနာင္ဖာေက်း႐ြာနဲ႔ ကာနုေက်းရြာက အမ်ားစုျဖစ္ျပီး သာစည္ၿမိဳ႕နယ္နဲ႔ ျမစ္ၾကီးနား ၿမိဳ႕နယ္က တဦးစီ ပါရွိပါတယ္။ သူတို႔တေတြဟာ မိုင္းဆတ္ တာခ်ီလိတ္လမ္းပိုင္း ျပင္ဆင္ဖို႔သြားလာခ်ိန္မွာ ကားတိမ္းေမွာက္ သြားတာျဖစ္ပါတယ္။

ျဖစ္စဥ္အေသးစိတ္ကေတာ့ ေမလ ၂၆ ရက္ေန႕မနက္ပိုင္း အဲဒီ ေျမသယ္ကားဟာ မိုင္းဆတ္-တာခ်ီလိတ္လမ္း လြယ္ဆမ္ဆုံေတာင္အဆင္း ပါခါးေက်း႐ြာ အနီး အေရာက္မွာ ကားစက္ခ်ိဳ႕ယြင္းၿပီး လမ္းေဘးယာဘက္ေပ ၂၀၀ အနက္ရွိေခ်ာက္ထဲကို ထိုးက်သြားတာျဖစ္ပါတယ္။ ယာဥ္ေပၚပါ လမ္း လုပ္သား ၁၉ ဦးအနက္ ေယာက်္ား သံုး ဦးနဲ႔ အမ်ိဳးသမီး ေျခာက္ ဦးတို႔ ပြဲခ်င္းၿပီးေသဆုံးျပီး က်န္အမ်ိဳးသမီး တစ္ဦးကေတာ့ ေဆးရံုပို႔စဥ္ ထပ္မံေသဆုံးသြားခဲ့ရတာပါ။ က်န္ရွိတဲ့ထိခိုက္ဒဏ္ရာရသူ ရွစ္ ဦးကိုေတာ့ မိုင္းဆတ္ျပည္သူေဆးရံုနဲ႔ တပ္မေတာ္စစ္ေဆးရံုကို ပို႔ထားရပါတယ္။

ေဆးရံုတင္ထားရတဲ့ ထိခိုက္ဒဏ္ရာရသူ ရွစ္ ဦးရဲ႕ ဒီကေန႔ အေျခအေနကိုေတာ့ ဦးထြန္းေအာင္ကအခုလိုဆက္ေျပာပါတယ္။

“အဲဒီ ရွစ္ ေယာက္မွာ ေလး ေယာက္က က်ေနာ္တို႔ မိုင္းဆတ္မွာ ကုတင္ ၁၀၀ ဆန္႕တဲ့ စစ္တပ္ေဆးရံုရွိတယ္ေလေနာ္။ ေနာက္ ႏွစ္ ေယာက္က က်ိဳင္းတုံပို႔မယ္။ ခါးရိုးက်ိဳး၊ ဘာက်ိဳး က်ိဳင္းတုံကမွ နိုင္မွာမို႔လို႔ က်ိဳင္းတုံ ပို႔မယ္လို႔ေျပာတာေပါ့ေနာ္။ ႏွစ္ေယာက္ကေတာ့ဆင္းသြားျပီးလို႔ေျပာတယ္။

ဒဏ္ရာျပင္းထန္လူနာေတြရဲ႕အေျခအေနကို သိရွိဖို႔ မိုင္းဆတ္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ ေဒါက္တာသန္း၀င္းကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာ မအားလပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဒဏ္ရာအနည္းငယ္ရရွိသူ ယာဥ္ေမာင္း ေဇယ်ာဦးကိုေတာ့ မိုင္းတြမ္းနယ္ေျမရဲစခန္းမွာအမႈဖြင့္အေရးယူထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မိုင်းဆတ်မှာ ယာဉ်တိမ်းမှောက်မှု လမ်းလုပ်သား ၁၀ ဦးသေဆုံး

ရှမ်းပြည်နယ် အရှေ့ပိုင်းမိုင်းဆတ်မြို့နယ်မှာ ယာဉ်တိမ်း မှောက်မှုကြောင့် လမ်းလုပ်သား ၁၀ ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့တဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးပါမယ်။

မိုင်းဆတ် တာချီလိတ်လမ်း လွယ်ဆမ်ဆုံတောင်အဆင်း ပါခါး ကျေးရွာအနီးမှာ ဒီကနေ့ ကားတစီး တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ လမ်းပြင်လုပ်သား ၁၉ ဦးအနက် ၁၀ ဦး သေဆုံးပြီး ကျန်သူတွေအားလုံးဒဏ်ရာ ရရှိသွားတယ်လို့မိုင်းဆတ်မြို့နယ် NLD အတွင်းရေးမှူး ဦးထွန်းအောင်ကပြောပါတယ်။

“လမ်းလုပ်တဲ့ အလုပ်သမားတွေ မိုင်းဆတ်မြို့ကပဲ။ ကာနနဲ့ နောင်ဖာမှာနေတာလေ။ အဲဒီလူတွေက လမ်းလိုက်လုပ်ရင်းနဲ့ တရုတ် ကားပေါ်က ပေ ၂၀၀ လောက်နက်တဲ့ချောက်ထဲကျသွားတာ။ ၁၉ ယောက်မှာ ၁၀ ယောက်သေသွားတာ။ ချက်ချင်း ကိုးယောက် သေတယ်။ တယောက်ကဆေးရုံရောက်မှ သေတယ်။ လူတိုင်းဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေဆေးရုံမှာ။”

သေဆုံးသူအများစုဟာ မိုင်းဆတ်မြို့နယ်၊ နောင်ဖာကျေးရွာနဲ့ ကာနုကျေးရွာက အများစုဖြစ်ပြီး သာစည်မြို့နယ်နဲ့ မြစ်ကြီးနား မြို့နယ်က တဦးစီ ပါရှိပါတယ်။ သူတို့တတွေဟာ မိုင်းဆတ် တာချီလိတ်လမ်းပိုင်း ပြင်ဆင်ဖို့သွားလာချိန်မှာ ကားတိမ်းမှောက် သွားတာဖြစ်ပါတယ်။

ဖြစ်စဉ်အသေးစိတ်ကတော့ မေလ ၂၆ ရက်နေ့မနက်ပိုင်း အဲဒီ မြေသယ်ကားဟာ မိုင်းဆတ်-တာချီလိတ်လမ်း လွယ်ဆမ်ဆုံတောင်အဆင်း ပါခါးကျေးရွာ အနီး အရောက်မှာ ကားစက်ချို့ယွင်းပြီး လမ်းဘေးယာဘက်ပေ ၂၀၀ အနက်ရှိချောက်ထဲကို ထိုးကျသွားတာဖြစ်ပါတယ်။ ယာဉ်ပေါ်ပါ လမ်း လုပ်သား ၁၉ ဦးအနက် ယောကျ်ား သုံး ဦးနဲ့အမျိုးသမီး ခြောက် ဦးတို့ ပွဲချင်းပြီးသေဆုံးပြီး ကျန်အမျိုးသမီးတဦးကတော့ ဆေးရုံပို့စဉ် ထပ်မံသေဆုံးသွားခဲ့ရတာပါ။ ကျန်ရှိတဲ့ထိခိုက်ဒဏ်ရာရသူ ရှစ် ဦးကိုတော့ မိုင်းဆတ်ပြည်သူဆေးရုံနဲ့ တပ်မတော်စစ်ဆေးရုံကို ပို့ထားရပါတယ်။

ဆေးရုံတင်ထားရတဲ့ ထိခိုက်ဒဏ်ရာရသူ ရှစ် ဦးရဲ့ ဒီကနေ့အခြေအနေကိုတော့ ဦးထွန်းအောင်ကအခုလိုဆက်ပြောပါတယ်။

“အဲဒီ ရှစ် ယောက်မှာ လေး ယောက်က ကျနော်တို့ မိုင်းဆတ်မှာ ကုတင် ၁၀၀ ဆန့်တဲ့ စစ်တပ်ဆေးရုံရှိတယ်လေနော်။ နောက် နှစ် ယောက်က ကျိုင်းတုံပို့မယ်။ ခါးရိုးကျိုး၊ ဘာကျိုး ကျိုင်းတုံကမှ နိုင်မှာမို့လို့ ကျိုင်းတုံ ပို့မယ်လို့ပြောတာပေါ့နော်။ နှစ်ယောက်ကတော့ဆင်းသွားပြီးလို့ပြောတယ်။

ဒဏ်ရာပြင်းထန်လူနာတွေရဲ့အခြေအနေကို သိရှိဖို့ မိုင်းဆတ်မြို့နယ်ပြည်သူ့ဆေးရုံ ဒေါက်တာသန်းဝင်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ မအားလပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒဏ်ရာအနည်းငယ်ရရှိသူ ယာဉ်မောင်း ဇေယျာဦးကိုတော့ မိုင်းတွမ်းနယ်မြေရဲစခန်းမှာအမှုဖွင့်အရေးယူထားပါတယ်။

XS
SM
MD
LG