သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္းအာေဘးစ်ာပန ကမာၻ႔ေခါင္းေဆာင္ေတြ တက္ေရာက္


ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe ရဲ႕ ႏိုင္ငံေတာ္စ်ာပနအခမ္းအနား။ (စက္တင္ဘာ ၂၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဂ်ပန္ႏိုင္ငံရဲ႕ ေခတ္သစ္ ႏိုင္ငံေရးသမိုင္းမွာ ၾသဇာအရွိဆုံးပုဂၢဳိလ္လို႔သတ္မွတ္ခံထားရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးကို ဂ်ပႏ္ုနိင္ငံသားေတြ ဒီကေန႔ ေနာက္ဆုံးဂါရဝျပဳ ႏႈတ္ဆက္ၾကပါတယ္။ ဝန္ႀကီးခ်ဳပ္အာေဘးဟာ ဇူလိုင္လအတြင္း လုပ္ၾကံသတ္ျဖတ္ခံခဲ့ရတာပါ။

တိုက်ိဳၿမိဳ႕၊ Nippon Budokan ခမ္းမႀကီးမွာႏိုင္ငံေတာ္စ်ာပနအခမ္းအနားအျဖစ္က်င္းပတဲ့ ဒီအခမ္းအနားကို ႏိုင္ငံတကာက ေခါင္းေဆာင္ေတြလည္း တက္ေရာက္ၾကပါတယ္။ ဒီစ်ာပနကို ဂ်ပန္ႏိုင္ငံမွာ ဆန္႔က်င္ကန္႔ကြက္ သူေတြလည္း ရွိေနပါတယ္။

ဂ်ပန္အလံလႊမ္းျခံဳထားၿပီး ပန္းေတြနဲ႔အလွဆင္ထားတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္းအာေဘးရဲ႕႐ုပ္အေလာင္းကို က်န္ရစ္သူ ဇနီး Akie က အခမ္းအနားက်င္းပတဲ့ ခန္းမထဲသယ္ေဆာင္လာခဲ့ပါတယ္။

ရွင္ဇိုအာေဘးရဲ႕ မိတ္ေဆြလည္းျဖစ္၊ တပည့္တဦးလိုလည္းျဖစ္တဲ့ လက္ရွိဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ကေတာ့ ရွင္ဇိုအာေဘးရဲ႕ ႐ုပ္အေလာင္းကို မ်က္ႏွာမူၿပီး ဝမ္းနည္းေၾကကြဲမႈေတြနဲ႔ျပည့္ေနတဲ့မိန္႔ခြန္းကို ေျပာၾကားခဲ့တာမွာ - ဝန္ႀကီးခ်ဳပ္အာေဘးဟာ အသက္ရွင္လွ်က္ သူတို႔နဲ႔အတူ အခ်ိန္ကာလအၾကာႀကီး ေနေပးသင့္သူတဦးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္းအာေဘးရဲ႕စ်ာပနအခမ္းအနားကို အေမရိကန္ ဒုသမၼတ Kamala Harris အပါအဝင္ ႏိုင္ငံတကာက ေခါင္းေဆာင္ေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ဒီ စ်ာပနအခမ္းအနားကို ျမန္မာစစ္ေကာင္စီကိုကိုယ္စားျပဳတဲ့ ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ကို ဖိတ္ၾကားခဲ့တာေၾကာင့္ ဂ်ပန္မွာရွိတဲ့ ျမန္မာအသိုင္းဝိုင္းက ဂ်ပန္အစိုးရကို ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဂျပန်ဝန်ကြီးချုပ်ဟောင်းအာဘေးဈာပန ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်

ဂျပန်နိုင်ငံရဲ့ ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်လို့သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ဂျပန်ုနိင်ငံသားတွေ ဒီကနေ့ နောက်ဆုံးဂါရဝပြု နှုတ်ဆက်ကြပါတယ်။ ဝန်ကြီးချုပ်အာဘေးဟာ ဇူလိုင်လအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။

တိုကျိုမြို့၊ Nippon Budokan ခမ်းမကြီးမှာနိုင်ငံတော်ဈာပနအခမ်းအနားအဖြစ်ကျင်းပတဲ့ ဒီအခမ်းအနားကို နိုင်ငံတကာက ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။ ဒီဈာပနကို ဂျပန်နိုင်ငံမှာ ဆန့်ကျင်ကန့်ကွက် သူတွေလည်း ရှိနေပါတယ်။

ဂျပန်အလံလွှမ်းခြုံထားပြီး ပန်းတွေနဲ့အလှဆင်ထားတဲ့ ဝန်ကြီးချုပ်ဟောင်းအာဘေးရဲ့ရုပ်အလောင်းကို ကျန်ရစ်သူ ဇနီး Akie က အခမ်းအနားကျင်းပတဲ့ ခန်းမထဲသယ်ဆောင်လာခဲ့ပါတယ်။

ရှင်ဇိုအာဘေးရဲ့ မိတ်ဆွေလည်းဖြစ်၊ တပည့်တဦးလိုလည်းဖြစ်တဲ့ လက်ရှိဂျပန်ဝန်ကြီးချုပ် Fumio Kishida ကတော့ ရှင်ဇိုအာဘေးရဲ့ ရုပ်အလောင်းကို မျက်နှာမူပြီး ဝမ်းနည်းကြေကွဲမှုတွေနဲ့ပြည့်နေတဲ့မိန့်ခွန်းကို ပြောကြားခဲ့တာမှာ - ဝန်ကြီးချုပ်အာဘေးဟာ အသက်ရှင်လျှက် သူတို့နဲ့အတူ အချိန်ကာလအကြာကြီး နေပေးသင့်သူတဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းအာဘေးရဲ့ဈာပနအခမ်းအနားကို အမေရိကန် ဒုသမ္မတ Kamala Harris အပါအဝင် နိုင်ငံတကာက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ဈာပနအခမ်းအနားကို မြန်မာစစ်ကောင်စီကိုကိုယ်စားပြုတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဖိတ်ကြားခဲ့တာကြောင့် ဂျပန်မှာရှိတဲ့ မြန်မာအသိုင်းဝိုင်းက ဂျပန်အစိုးရကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG